Property Expo
×

တစ္ပတ္ကုိအရက္ပါဝင္တဲ့ ေသာက္စရာေတြကုိငါးခါေသာက္တဲ့လူေတြဟာ ႏွလံုးနဲ႔ပတ္သက္တဲ့
 ေရာဂါျဖစ္ႏိုင္ေျခကုိ ၃၃ရာခုိင္ႏွဳန္းထိေလွ်ာ့ခ်ေပးႏုိင္တယ္လုိ႔ ေလ့လာမွဳတစ္ရပ္အရ သိရပါတယ္။

Norwegian သိပၸံနဲ႔ နည္းပညာတကၠသိုလ္က ပေရာ္ဖက္ဆာ Imre Janszky က အရက္ကုိသင့္တင့္မွ်တစြာေသာက္သံုးျခင္းဟာ ေရွာင္တာထက္စာလုိ႔ရွိရင္ ပုိမိုေကာင္းမြန္တယ္လုိ႔ သိရပါတယ္။ ၿပီးေတာ့ ဒါဟာ အရက္ပါဝင္တဲ့ ဝုိင္၊ ဘီယာ ဒါမွမဟုတ္ ေသာက္စရာ ဘယ္လုိမဆုိအေရးမႀကီးပါဘူး လုိ႔ေျပာၾကားခဲ့ပါတယ္။

ပေရာ္ဖက္ဆာ ဂ်န္စ္ကီ က "အယ္လ္ကုိေဟာပါဝင္တဲ့ အရာေတြကုိေသာက္သံုးတာက တျခားအရာေတြထက္ပုိေကာင္းပါတယ္။ ဒါေပမယ့္ အယ္လ္ကုိေဟာက ေသြးဖိအားကုိလည္း ျမွင့္တက္လာေစပါတယ္။ ဒါေၾကာင့္ အယ္လ္ကုိေဟာမွီဝဲရင္ သင့္တင့္မွ်တေအာင္သာ ေသာက္သံုးတာအေကာင္းဆံုးပါပဲ။" လုိ႔ေျပာခဲ့တာပါ။

အျပည္ျပည္ဆုိင္ရာႏွလံုးေရာဂါကုထံုး ဂ်ာနယ္မွာ ေဖာ္ျပခဲ့တဲ့ ေဖာ္ျပခ်က္အရ သုေတသီေတြဟာ ၁၉၉၅ခုႏွစ္ကေန ၁၉၉၇ ခုႏွစ္အတြင္း လူေပါင္း ေျခာက္ေသာင္းေက်ာ္ကုိေလ့လာခဲ့တဲ့ ေလ့လာခ်က္ေတြအရ သူတုိ႔ဟာ ႏွလံုးနဲ႔ပတ္သက္ၿပီး က်ရႈံးမွဳေတြ မရွိခဲ့ဖူးလုိ႔ ဆုိခဲ့ပါတယ္။ ၿပီးေတာ့ ၂၀၀၈ ခုႏွစ္မွာ ေလ့လာမွဳၿပီးဆံုးခဲ့ၿပီး လူေပါင္း၁၅၈၈ဦးဟာ သူတုိ႔ရဲ႕ ႏွလံုးနဲ႔ပတ္သက္တဲ့ ျပႆနာေတြမွာ တုိးတက္လာတာကုိ ေတြ႔ခဲ့ရတာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
တစ်ပတ်ကို အရက်ပါဝင်တဲ့ သောက်စရာတွေကို ငါးခါသောက်တဲ့လူတွေဟာ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါဖြစ်နိုင်ခြေကို ၃၃ရာခိုင်နှုန်းထိလျှော့ချပေးနိုင်တယ်လို့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

Norwegian သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က ပရော်ဖက်ဆာ Imre Janszky က အရက်ကိုသင့်တင့်မျှတစွာသောက်သုံးခြင်းဟာ ရှောင်တာထက်စာလို့ရှိရင် ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။ ပြီးတော့ ဒါဟာ အရက်ပါဝင်တဲ့ ဝိုင်၊ ဘီယာ ဒါမှမဟုတ် သောက်စရာ ဘယ်လိုမဆိုအရေးမကြီးပါဘူး လို့ပြောကြားခဲ့ပါတယ်။

ပရော်ဖက်ဆာ ဂျန်စ်ကီ က "အယ်လ်ကိုဟောပါဝင်တဲ့ အရာတွေကိုသောက်သုံးတာက တခြားအရာတွေထက်ပိုကောင်းပါတယ်။ ဒါပေမယ့် အယ်လ်ကိုဟောက သွေးဖိအားကိုလည်း မြှင့်တက်လာစေပါတယ်။ ဒါကြောင့် အယ်လ်ကိုဟောမှီဝဲရင် သင့်တင့်မျှတအောင်သာ သောက်သုံးတာအကောင်းဆုံးပါပဲ။" လို့ပြောခဲ့တာပါ။

အပြည်ပြည်ဆိုင်ရာနှလုံးရောဂါကုထုံး ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဖော်ပြချက်အရ သုတေသီတွေဟာ ၁၉၉၅ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အတွင်း လူပေါင်း ခြောက်သောင်းကျော်ကိုလေ့လာခဲ့တဲ့ လေ့လာချက်တွေအရ သူတို့ဟာ နှလုံးနဲ့ပတ်သက်ပြီး ကျရှုံးမှုတွေ မရှိခဲ့ဖူးလို့ ဆိုခဲ့ပါတယ်။ ပြီးတော့ ၂၀၀၈ ခုနှစ်မှာ လေ့လာမှုပြီးဆုံးခဲ့ပြီး လူပေါင်း၁၅၈၈ဦးဟာ သူတို့ရဲ့ နှလုံးနဲ့ပတ်သက်တဲ့ ပြဿနာတွေမှာ တိုးတက်လာတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top