Property Expo
×

အောက်တိုဘာ ၄ ရက် မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်ထဲက မင်္ဂလာပွဲတစ်ခုမှာကျွေးမွေးတဲ့ နို့စိမ်းခေါက်ဆွဲ စားတာကနေ လူခြောက်ဆယ်ကျော် အစာအဆိပ်သင့်ခဲ့ပြီး ပေါက်ခေါင်းဆေးရုံကြီးကို ပို့ဆောင်ကုသခဲ့ရတယ်လို့ ပေါက်ခေါင်းမြို့နယ်ဆရာဝန်ကြီး ဒေါက်တာဟန်ညွန့်က ပြောပါတယ်။

"မူးတယ်၊ အန်တယ်၊ ၀မ်းလျှောတာတွေလည်းရှိတယ်။ ကျွန်တော်ရောက်သွားတဲ့အချိန်မှာ တစ်ယောက်ဆို သွေးပေါင်ချိန် ဇီးရိုးဖြစ်ပြီး ရှော့ခ်ရနေတယ်။ အချိန်ဦးလို့သာ ကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်။ ရှော့ခ်ရတဲ့ လူနာ ငါးဦးလောက်ရှိခဲ့ပေမယ့် အခုတော့ အားလုံးအခြေအနေကောင်းနေပါပြီ။ လူနာအားလုံး စိုးရိမ်စရာမရှိတော့ပါဘူး’’လို့ ဒေါက်တာဟန်ညွန့်က ပြောပါတယ်။

အစာအဆိပ်သင့်ရာ မင်္ဂလာဆောင်နေအိမ်နဲ့ ဆေးရုံက ကိုးမိုင်လောက်ဝေးတယ်လို့ သိရပြီး ပေါက်ခေါင်းဆေးရုံမှာ အစာအဆိပ်သင့် လူနာငါးဆယ်ကျော်နဲ့ ပြည်ဆေးရုံမှာ ငါးဦးတက်ရောက်ကုသနေကာ အစာအဆိပ်သင့်လို့ လူသေဆုံးမှု မရှိဘူးလို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily , MOI
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top