Property Expo
×

မိဘေတြအေနနဲ႕ ကိုယ့္သားသမီးကို ျပဳစုပ်ိဳးေထာင္ေပးဖုိ႕၊ ကိုယ့္သားသမီးေတြ ဘာလိုအပ္ေနသလဲ ေစာင့္ၾကည့္ေနဖုိ႕ထက္ ဖုန္းသံုးတာက ပိုမ်ားအေရးႀကီးေနၾကပါသလား။ အေနာက္ႏိုင္ငံေတြက ကေလးငယ္ေတြကို အင္တာနက္ေတြ၊ စမတ္ဖုန္းေတြနဲ႕၊ ဒါေတြကို အသံုးျပဳသူေတြနဲ႕ပတ္သက္ျပီး စစ္တမ္းေကာက္ ယူ ေမးျမန္းၾကည့္ေတာ့ ကေလးငယ္အမ်ားစုဟာ သူတုိ႕မိဘေတြဟာ ဖုန္းေတြ အရမ္းသံုးၾကတယ္လို႕ ဆုိသြားၾကပါတယ္။ ဒါဟာ သူတုိ႕ကို အထီးက်န္ေစတဲ့အျပင္ သူတို႕ကို လ်စ္လ်ဴရႈထားတယ္လို႕ ခံစားၾကရပါတယ္တဲ့။

ဒီလိုမိဘမ်ိဳးေတြဟာ ဖုန္းေတြကို စြဲလန္းေနၾကတာလား။ တကယ္ေတာ့ သူတုိ႕ေတြဟာ မိဘေကာင္းေတြ မဟုတ္ၾကတာပါ။

အားလံုးသိၾကတဲ့အတုိင္း မိဘျဖစ္လာျပီ၊ ကိုယ့္သားသမီးက ကိုယ့္ေဘးမွာ ရွိေနျပီဆုိရင္ ကုိယ့္ကေလးကိုသာ အာရံုထားသင့္တာေပါ့။ ဒါဟာ အထူးေျပာျပသင္ေပးေနစရာ မလုိပါဘူး။ အလုပ္ေတြ အရမ္းရႈပ္ေနလုိ႕လား။ ဖုန္းကို လက္ကကို မခ်ႏိုင္ေလာက္ေအာင္ ရႈပ္ေနတာလား။ ဒါေပမယ့္ ဖုန္းဆုိတာ လက္ကို စူပါဂလူးသံုးျပီး ကပ္ထားတဲ့အရာလည္း မဟုတ္ပါဘူး။ အေရးႀကီးကိစၥဖုန္းေျပာျပီးေတာ့ေရာ ဆုိတဲ့ ေမးခြန္းထပ္ရွိလာျပန္ပါျပီ။

ဖုန္းဆိုတာ တစ္ေယာက္နဲ႕တစ္ေယာက္ အဆက္အသြယ္လုပ္လို႕ရေအာင္ထားေပးထားတာပါ။ တစ္ခ်ိန္လံုးႀကီး သံုးေနဖုိ႕ေတာ့ မလုိပါဘူး။ တကယ္ေတာ့ အလုပ္ခ်ိန္ျပင္ပမွာ တစ္ေန႕ကို လူငါးေယာက္နဲ႕ ဖုန္းေျပာတယ္ထားဦး၊ ပိုေနတဲ့အခ်ိန္မွာ သားသမီးေတြနဲ႕ အတူရွိသင့္ပါတယ္။

တကယ္ေတာ့ မိဘေတြဟာ ဖုန္းကိုတကုိင္ကုိင္လုပ္ျပီး ကေလးကို ေဘးထားျပီးအဖက္မလုပ္ျခင္းဟာ ကေလးငယ္အတြက္ ၀မ္းနည္းေစတဲ့အျပင္ လ်စ္လ်ဴရႈခံေနရသလိုကို ခံစားေနၾကရတာပါ။ တစ္ခ်ိဳ႕မိခင္ေတြဟာလည္း ဆုိရွယ္မီဒီယာေတြမွာသာ သူတုိ႕သားသမီးေတြအတြက္ အေကာင္းဆံုးမိခင္ေတြပံုစံ ဖမ္းတတ္ၾကေပမယ့္ တကယ့္လက္ေတြ႕ဘ၀မွာေတာ့ ကေလးကို အဖက္ေတာင္ လုပ္ခ်င္မွလုပ္ၾကတာပါ။ ဒီလိုမိဘေတြမွာ ကေလးငယ္တစ္ေယာက္ကို ဘယ္လိုျပဳစုပ်ိဳးေထာင္ရမယ္ဆိုတာမ်ိဳးလည္း အသိရွိပံုမေပၚၾကပါဘူး။

တကယ္ေတာ့ ဒီမိဘေတြဟာ ဖုန္းကို စြဲလန္းေနတာမ်ိဳး မဟုတ္ပဲ ကေလးကို စိတ္မ၀င္စားတာမ်ိဳးလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

ဒီလိုေျပာရမလားဆိုျပီး ခံစားရရင္လည္း တစ္ခ်က္ျပန္စဥ္းစားသင့္တာက ဖုန္းကို ေကာက္ကိုင္တယ္ဆုိတာ သင္ပ်င္းတဲ့အခ်ိန္ေတြမွာပါ။ လူတစ္ေယာက္ဟာ စိတ္လႈပ္ရွားစရာေတြရွိေနခ်ိန္၊ ေပ်ာ္ေနခ်ိန္၊ တက္ၾကြေနခ်ိန္ေတြမွာ ဖုန္းကို ေကာက္ပြတ္ေနမွာ မဟုတ္ပါဘူး။ ရိုလာကိုစတာ စီးရင္းနဲ႕ ဘယ္သူမွ ဖုန္းမသံုးသလိုေပါ့။

ေပ်ာ္ပြဲရႊင္ပြဲေနရာ ပါတီတစ္ခုမွာ သင္ဟာ ဖုန္းကိုေကာက္ပြတ္ေနျပီဆုိရင္ အဲ့ဒီပါတီက စိတ္၀င္စားစရာမေကာင္း ပ်င္းဖုိ႕ေကာင္းေနလို႕ပဲ။ ဒါဆို ကေလးေတြနဲ႕ေရာ ဘာမ်ားကြာျခားသြားပါသလဲ။

ကေလးငယ္ေတြကို ျပဳစုပ်ိဳးေထာင္ရာမွာ မွန္ကန္တဲ့နည္းေတြလိုပါတယ္။ သင္စိတ္အားထက္သန္ေနဖုိ႕ကေတာ့ အေရးႀကီးဆံုးပါပဲ။ ဒီေတာ့ ကေလးေတြကို အခ်ိန္ေတြေပးပါ။ သင္ၾကားပါ။ သူတုိ႕က ဘယ္လိုအရာမ်ိဳးေလးေတြ လုပ္ရတာ ႀကိဳက္တယ္၊ မႀကိဳက္ဘူး ေလ့လာပါ။ အဲ့ဒီလို လုပ္ဖုိ႕ဆုိတာ ဖုန္းထုိင္ပြတ္ေနလုိ႕ မရပါဘူး။ ကေလးနဲ႕အတူ အျပင္မွာေဘာလံုးကန္တုိင္း ေဆာ့ရင္း ကေလးငယ္ကို ဘယ္လိုေဆာ့ရတယ္။ ဘယ္ေလာက္ေဆာ့ျပီး နားရတယ္။ ေဆာ့ျပီးသြားရင္ ဘာေတြလုပ္ရတယ္ဆုိတာ သင္ေပးရမွာပါ။

ဒီေတာ့ ခုပဲ သင့္လက္ထဲက ဖုန္းကိုခ်ျပီး ကေလးအတြက္ အခ်ိန္ေပးလိုက္ပါေတာ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို ပြုစုပျိုးထောင်ပေးဖို့၊ ကိုယ့်သားသမီးတွေ ဘာလိုအပ်နေသလဲ စောင့်ကြည့်နေဖို့ထက် ဖုန်းသုံးတာက ပိုများအရေးကြီးနေကြပါသလား။ အနောက်နိုင်ငံတွေက ကလေးငယ်တွေကို အင်တာနက်တွေ၊ စမတ်ဖုန်းတွေနဲ့၊ ဒါတွေကို အသုံးပြုသူတွေနဲ့ပတ်သက်ပြီး စစ်တမ်းကောက် ယူ မေးမြန်းကြည့်တော့ ကလေးငယ်အများစုဟာ သူတို့မိဘတွေဟာ ဖုန်းတွေ အရမ်းသုံးကြတယ်လို့ ဆိုသွားကြပါတယ်။ ဒါဟာ သူတို့ကို အထီးကျန်စေတဲ့အပြင် သူတို့ကို လျစ်လျူရှုထားတယ်လို့ ခံစားကြရပါတယ်တဲ့။

ဒီလိုမိဘမျိုးတွေဟာ ဖုန်းတွေကို စွဲလန်းနေကြတာလား။ တကယ်တော့ သူတို့တွေဟာ မိဘကောင်းတွေ မဟုတ်ကြတာပါ။

အားလုံးသိကြတဲ့အတိုင်း မိဘဖြစ်လာပြီ၊ ကိုယ့်သားသမီးက ကိုယ့်ဘေးမှာ ရှိနေပြီဆိုရင် ကိုယ့်ကလေးကိုသာ အာရုံထားသင့်တာပေါ့။ ဒါဟာ အထူးပြောပြသင်ပေးနေစရာ မလိုပါဘူး။ အလုပ်တွေ အရမ်းရှုပ်နေလို့လား။ ဖုန်းကို လက်ကကို မချနိုင်လောက်အောင် ရှုပ်နေတာလား။ ဒါပေမယ့် ဖုန်းဆိုတာ လက်ကို စူပါဂလူးသုံးပြီး ကပ်ထားတဲ့အရာလည်း မဟုတ်ပါဘူး။ အရေးကြီးကိစ္စဖုန်းပြောပြီးတော့ရော ဆိုတဲ့ မေးခွန်းထပ်ရှိလာပြန်ပါပြီ။

ဖုန်းဆိုတာ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်လုပ်လို့ရအောင်ထားပေးထားတာပါ။ တစ်ချိန်လုံးကြီး သုံးနေဖို့တော့ မလိုပါဘူး။ တကယ်တော့ အလုပ်ချိန်ပြင်ပမှာ တစ်နေ့ကို လူငါးယောက်နဲ့ ဖုန်းပြောတယ်ထားဦး၊ ပိုနေတဲ့အချိန်မှာ သားသမီးတွေနဲ့ အတူရှိသင့်ပါတယ်။

တကယ်တော့ မိဘတွေဟာ ဖုန်းကိုတကိုင်ကိုင်လုပ်ပြီး ကလေးကို ဘေးထားပြီးအဖက်မလုပ်ခြင်းဟာ ကလေးငယ်အတွက် ဝမ်းနည်းစေတဲ့အပြင် လျစ်လျူရှုခံနေရသလိုကို ခံစားနေကြရတာပါ။ တစ်ချို့မိခင်တွေဟာလည်း ဆိုရှယ်မီဒီယာတွေမှာသာ သူတို့သားသမီးတွေအတွက် အကောင်းဆုံးမိခင်တွေပုံစံ ဖမ်းတတ်ကြပေမယ့် တကယ့်လက်တွေ့ဘဝမှာတော့ ကလေးကို အဖက်တောင် လုပ်ချင်မှလုပ်ကြတာပါ။ ဒီလိုမိဘတွေမှာ ကလေးငယ်တစ်ယောက်ကို ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတာမျိုးလည်း အသိရှိပုံမပေါ်ကြပါဘူး။

တကယ်တော့ ဒီမိဘတွေဟာ ဖုန်းကို စွဲလန်းနေတာမျိုး မဟုတ်ပဲ ကလေးကို စိတ်မဝင်စားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒီလိုပြောရမလားဆိုပြီး ခံစားရရင်လည်း တစ်ချက်ပြန်စဉ်းစားသင့်တာက ဖုန်းကို ကောက်ကိုင်တယ်ဆိုတာ သင်ပျင်းတဲ့အချိန်တွေမှာပါ။ လူတစ်ယောက်ဟာ စိတ်လှုပ်ရှားစရာတွေရှိနေချိန်၊ ပျော်နေချိန်၊ တက်ကြွနေချိန်တွေမှာ ဖုန်းကို ကောက်ပွတ်နေမှာ မဟုတ်ပါဘူး။ ရိုလာကိုစတာ စီးရင်းနဲ့ ဘယ်သူမှ ဖုန်းမသုံးသလိုပေါ့။

ပျော်ပွဲရွှင်ပွဲနေရာ ပါတီတစ်ခုမှာ သင်ဟာ ဖုန်းကိုကောက်ပွတ်နေပြီဆိုရင် အဲ့ဒီပါတီက စိတ်ဝင်စားစရာမကောင်း ပျင်းဖို့ကောင်းနေလို့ပဲ။ ဒါဆို ကလေးတွေနဲ့ရော ဘာများကွာခြားသွားပါသလဲ။

ကလေးငယ်တွေကို ပြုစုပျိုးထောင်ရာမှာ မှန်ကန်တဲ့နည်းတွေလိုပါတယ်။ သင်စိတ်အားထက်သန်နေဖို့ကတော့ အရေးကြီးဆုံးပါပဲ။ ဒီတော့ ကလေးတွေကို အချိန်တွေပေးပါ။ သင်ကြားပါ။ သူတို့က ဘယ်လိုအရာမျိုးလေးတွေ လုပ်ရတာ ကြိုက်တယ်၊ မကြိုက်ဘူး လေ့လာပါ။ အဲ့ဒီလို လုပ်ဖို့ဆိုတာ ဖုန်းထိုင်ပွတ်နေလို့ မရပါဘူး။ ကလေးနဲ့အတူ အပြင်မှာဘောလုံးကန်တိုင်း ဆော့ရင်း ကလေးငယ်ကို ဘယ်လိုဆော့ရတယ်။ ဘယ်လောက်ဆော့ပြီး နားရတယ်။ ဆော့ပြီးသွားရင် ဘာတွေလုပ်ရတယ်ဆိုတာ သင်ပေးရမှာပါ။

ဒီတော့ ခုပဲ သင့်လက်ထဲက ဖုန်းကိုချပြီး ကလေးအတွက် အချိန်ပေးလိုက်ပါတော့။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top