Property Expo
×

၁။ မိတ္ဖြဲ႔တယ္၊ သူငယ္ခ်င္း အေပါင္းအသင္း စုေဆာင္းတယ္
သူငယ္ခ်င္းေတြအၾကား ယံုၾကည္စြာ တည္ေဆာက္ထားတဲ့ ရင္းႏွီးခင္မင္မႈမ်ဳိးဟာ ဘဝတစ္သက္တာ အတြက္ အေကာင္းဆံုး အေႏြးထည္ပါပဲ။ အဲဒါဟာ သင့္ရဲ့ စာရိတၱနဲ႔ စိတ္ေနစိတ္ထားအေပၚမွာ မူတည္ၿပီး ျဖစ္တည္လာတဲ့အတြက္ တန္ဖိုးထားပါ။ သူငယ္ခ်င္းေတြကိုလည္း ေငြစုသလိုပဲ စုေဆာင္းတတ္ရမယ္၊ အခုခ်ိန္မွာ သူငယ္ခ်င္း ဘယ္ႏွေယာက္မွ မရွိေသးပဲ ခ်ဳိ႔တဲ့ေနရင္လည္း စိတ္မပူပါနဲ႔၊ ျဖဴစင္တဲ့စိတ္ထားနဲ႔ စိတ္ပါလက္ပါ မိတ္ဖြဲ႔မယ္ဆိုရင္ အခါမေႏွာင္းေသးပါဘူး။

၂။လက္လႊတ္ႏိုင္ေအာင္(ဥပကၡာျပဳတတ္ေအာင္) ႀကိဳးစားတယ္
ဒီအသက္အရြယ္ ေရာက္ေနမွေတာ့ ကေလးဆန္ခြင့္ မရွိေတာ့ဘူး။ ဘဝမွာ ႀကံဳရဆံုရတတ္တဲ့ တခ်ဳိ႔ေသာ ခ်စ္ျခင္းေတြ၊ ဖူးစာေတြ၊ စိတ္ပိုင္း ႐ုပ္ပိုင္း ေမြ႔ေလ်ာ္ရာေတြ တစံုတရာကို အခြင့္ေပးတုန္း အရမယူႏိုင္ခဲ့ရင္ လက္လႊတ္လိုက္ၿပီး ကိုယ့္ကိုကိုယ္ တာထြက္မွတ္ အသစ္တစ္ခု ျပန္ေပးပါ။ မိမိကိုယ္ကို ယံုၾကည္မႈ ရွိေနသ၍ အင္အားရွိေနမယ္၊ ထို႔အတူ အားထုတ္မႈ ရွိေနသ၍ ေအာင္ျမင္ျခင္း ရွိေနမွာပဲ။

၃။၊ ဂ႐ုဏာစိတ္ထားတယ္
တတ္စြမ္းသ၍ ကိုယ့္ထက္ ဆင္းရဲ၊ ခက္ခဲသူေတြကို မိခင္ေလာကႀကီးရဲ့ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္နဲ႔ အလွတရားေတြကို ခံစားႏိုင္ေအာင္ ႀကံေဆာင္ရမယ္။ ဒီလို အျပဳအမူမ်ဳိးဟာ ပ်ဳိးႀကဲေနတာနဲ႔ အတူတူပဲ၊ တခ်ိန္ခ်ိန္မွာ လူ႔သဘာဝရဲ့ အလွပဆံုး အသီးအႏွံေတြအျဖစ္ ရိတ္သိမ္းရလိမ့္မယ္။

၄။ ဂီတနဲ႔ အကြၽမ္းတဝင္ျဖစ္ေအာင္ေနတယ္
ဂီတတူရိယာ တမ်ဳိးမ်ဳိးကို သင္ယူ/နားလည္ ေနရမယ္၊ ဂီတဟာ လူ႔စိတ္ကို လန္းဆန္းေစတဲ့အျပင္ မွတ္ဥာဏ္နဲ႔ စိတ္ကူးစိတ္သန္းေတြကို ႏႈိးဆြေပးတယ္၊ ထင္မွတ္မထားတဲ့ တည္ၿငိမ္မႈေတြကို ေဆာင္ၾကဥ္း ေပးႏိုင္တယ္။ ေနာက္ၿပီး ဓာတ္ပံုပညာ၊ ပစၥည္းစုေဆာင္းျခင္း စတဲ့ ဝါသနာေတြဟာလည္း အသြင္မတူတဲ့ သာယာစိုေျပမႈကို ေပးစြမ္းႏိုင္တယ္။

၅။ ဒုကၡ ၂ မ်ဳိးကို ေဝးေဝးေရွာင္တယ္
ဒီေလာကႀကီးမွာ ဒုကၡ ၂ မ်ဳိး အၿမဲေတြ႔ရတယ္၊ တမ်ဳိးက လိုတာမရတဲ့ ဒုကၡ၊ ေနာက္တမ်ဳိးက အစြဲအလန္း ႀကီးတဲ့ဒုကၡ။ ပထမဒုကၡျဖစ္တဲ့ လိုခ်င္တာမရခဲ့ရင္အဲသလို ျဖစ္စဥ္ကို ေလာင္းကစား တစ္ခုလို႔ပဲ သေဘာထားလုိက္ပါ၊ အစြမ္းကုန္ ႀကိဳးစားလုပ္ခဲ့ၿပီး ရလာခဲ့ရင္ျဖစ္ျဖစ္၊ မရခဲ့ရင္ပဲျဖစ္ျဖစ္ အတြင္းစိတ္က ပံုမွန္အတိုင္းပဲ ရွိေနသင့္တယ္၊ ကံေကာင္းတာက ဒီအသက္အရြယ္နဲ႔ တစ္ က ျပန္စဖို႔ အရင္းအႏွီး ရွိေနေသးတယ္ ဆိုတာပဲ။ ဒုတိယဒုကၡကေတာ့ အဆံုးရြားဆိုးဒုကၡပဲ ျဖစ္လိမ့္မယ္၊ အခုထိ အဲလို အစြဲအလန္းမ်ဳိး ရွိေနေသးရင္ အျမန္ဆံုး ေမာင္းထုတ္ပစ္ပါ။

၆။၊ ခံႏိုင္ရည္ရွိေအာင္ ႀကိဳးစားတယ္
တခ်ဳိ႔အျဖစ္အပ်က္ေတြဟာ မသိမသာ ေမ့ပစ္ဖို႔ပဲ၊ ေနာင္တႀကိမ္ ထပ္ႀကံဳလာတဲ့အခါ အသိဥာဏ္လည္း လိုက္ၿပီး တိုးပြားလာမယ္။ တခ်ဳိ႔ ဝမ္းနည္းစရာ၊ စိတ္ညစ္ညဴးစရာကိစၥေတြက်ေတာ့ အံႀကိတ္ၿပီး ေတာင့္ခံဖို႔ပဲ၊ တႀကိမ္တခါ ႀကံဳဖူးၿပီးတိုင္း ဘဝႀကီးက ပိုၿပီး ျပည့္စံုလာမွာပဲ။ ဒီအသက္အရြယ္ ေရာက္မွေတာ့ ကေလးဘဝတုန္းကလို ေအာ္ႀကီးဟစ္က်ယ္နဲ႔ ရွဳိက္ႀကီးတငင္ ငိုေနဖို႔ မသင့္ေတာ့ဘူး။

၇။ အၿမဲတေစ ေက်းဇူးသိတတ္တဲ့စိတ္ထားတယ္
အသုဘတစ္ခုကို သြားၿပီးျပန္လာတဲ့အခါ စိတ္ထဲမွာ သံေဝဂ ရေနတတ္မယ္၊ အျပင္းဖ်ားၿပီး ျပန္ေကာင္း လာတဲ့အခါ အသက္ကို ပိုၿပီး တန္ဖိုးထားလာတတ္မယ္။ ဆိုလိုတာက ကိုယ့္အေပၚ က်ေရာက္ေနတဲ့ ေက်းဇူးတရားကို အစဥ္အၿမဲ အမွတ္ရေနရမယ္၊ ေက်းဇူးသိတဲ့စိတ္ဟာ ပတ္ဝန္းက်င္ကို ပိုၿပီး တန္ဖိုးထားတတ္ေစ႐ုံတင္ မကပဲ ေလာဘ ေဒါသ ေမာဟ မီးလွ်ံေတြကို ခ်ဳပ္ၿငိမ္းေစႏိုင္တယ္။ တကယ္တမ္းက်ေတာ့ ၾကည္ႏူးခ်မ္းေျမ့ျခင္းက အဲဒီက ျမစ္ဖ်ားခံတာပဲ။

၈။၊ အလုပ္အေပၚ သံေယာဇဥ္အရမ္းရွိတယ္
အလုပ္ဆိုတာ လက္ဖက္ရည္ေသာက္တာ၊ အာလူးဖုတ္တာလိုမ်ဳိး စိတ္လက္ေပါ႔ပါးမႈ မေပးႏိုင္ေပမယ့္ သူဟာ ကြၽန္ေတာ္တို႔ရဲ့ ဥာဏ္ရည္ဥာဏ္ေသြးနဲ႔ အစြမ္းအစကို စမ္းသပ္ေနတဲ့ အရာတစ္ခုပဲ။ အဲဒီက တဆင့္ တန္ဖိုးနဲ႔ ေအာင္ျမင္ျခင္းကို နားလည္ေစတာပဲ။ သူ႔ကို ပံုေအာၿပီးခ်စ္လိုက္ပါ၊ အနည္းဆံုး သူ႔ေၾကာင့္မို႔သာ ကြၽန္ေတာ္တို႔ ဘဝတစ္ခုလံုးရဲ့ အစိတ္အပိုင္း ေတာ္ေတာ္မ်ားမ်ားမွာ လုပ္စရာရွိေနၿပီး၊ စားစရာလည္း ရွိေနတာပါ။

၉။၊ ေလ့လာသင္ယူရာမွာ ဇြဲနပဲႀကီးတယ္
စာဖတ္ျခင္းနဲ႔ သင္ယူျခင္းဟာ အသိဥာဏ္နဲ႔ စကားစျမည္ ေျပာေနတာပါပဲ၊ ႏွစ္တိုင္း အနည္းဆံုး စာအုပ္ေရ ၅၀ ဖတ္ရမယ္။ စာဖတ္ျခင္းဟာ မွတ္ဥာဏ္နဲ႔ ခံစားနားလည္ႏိုင္စြမ္းကို ထိန္းထားႏိုင္႐ုံမက စာဖတ္သူမွာ ဆြဲေဆာင္မႈရွိတဲ့ သံလိုက္ဓာတ္တမ်ဳိး ရွိေနေစတယ္။ ဒါဟာလည္း yoga သင္တန္းတို႔၊ ဗ်ဴတီပါလာတို႔က မေပးႏိုင္တဲ့ အရာပါ။

၁၀။၊ အားကစားကို ခံုမင္ႏွစ္ၿခိဳက္တယ္
အခ်ိန္ကို မွန္ကန္စြာ စီမံခန္႔ခြဲၿပီး အားကစားလုပ္တယ္၊ သဘာဝကို ခံစားတယ္။ အက်ဳိးေက်းဇူးက ပ်င္းရိျခင္းေၾကာင့္ ကိုယ္အေလးခ်ိန္ တက္မလာေတာ့ဘူး၊ ႐ုပ္ရည္ကလည္း ဇရာဖိစီးမႈေၾကာင့္ ယိုယြင္း မသြားေတာ့ဘူး၊ အတိုင္းအတာ တစ္ခုထိ ႏုပ်ဳိျခင္း၊ ေပ်ာ္ရႊင္ျခင္းနဲ႔ က်န္းမာျခင္းကို ထိန္းထားႏိုင္လိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: kanaung

#Unicode Version



၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ်
သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာ ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့ စိတ်နေစိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတဲ့အတွက် တန်ဖိုးထားပါ။ သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်၊ အခုချိန်မှာ သူငယ်ချင်း ဘယ်နှယောက်မှ မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊ ဖြူစင်တဲ့စိတ်ထားနဲ့ စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင် အခါမနှောင်းသေးပါဘူး။

၂။လက်လွှတ်နိုင်အောင်(ဥပက္ခာပြုတတ်အောင်) ကြိုးစားတယ်
ဒီအသက်အရွယ် ရောက်နေမှတော့ ကလေးဆန်ခွင့် မရှိတော့ဘူး။ ဘဝမှာ ကြုံရဆုံရတတ်တဲ့ တချို့သော ချစ်ခြင်းတွေ၊ ဖူးစာတွေ၊ စိတ်ပိုင်း ရုပ်ပိုင်း မွေ့လျော်ရာတွေ တစုံတရာကို အခွင့်ပေးတုန်း အရမယူနိုင်ခဲ့ရင် လက်လွှတ်လိုက်ပြီး ကိုယ့်ကိုကိုယ် တာထွက်မှတ် အသစ်တစ်ခု ပြန်ပေးပါ။ မိမိကိုယ်ကို ယုံကြည်မှု ရှိနေသ၍ အင်အားရှိနေမယ်၊ ထို့အတူ အားထုတ်မှု ရှိနေသ၍ အောင်မြင်ခြင်း ရှိနေမှာပဲ။

၃။၊ ဂရုဏာစိတ်ထားတယ်
တတ်စွမ်းသ၍ ကိုယ့်ထက် ဆင်းရဲ၊ ခက်ခဲသူတွေကို မိခင်လောကကြီးရဲ့ မျှော်လင့်ချက်ရောင်ခြည်နဲ့ အလှတရားတွေကို ခံစားနိုင်အောင် ကြံဆောင်ရမယ်။ ဒီလို အပြုအမူမျိုးဟာ ပျိုးကြဲနေတာနဲ့ အတူတူပဲ၊ တချိန်ချိန်မှာ လူ့သဘာဝရဲ့ အလှပဆုံး အသီးအနှံတွေအဖြစ် ရိတ်သိမ်းရလိမ့်မယ်။

၄။ ဂီတနဲ့ အကျွမ်းတဝင်ဖြစ်အောင်နေတယ်
ဂီတတူရိယာ တမျိုးမျိုးကို သင်ယူ/နားလည် နေရမယ်၊ ဂီတဟာ လူ့စိတ်ကို လန်းဆန်းစေတဲ့အပြင် မှတ်ဉာဏ်နဲ့ စိတ်ကူးစိတ်သန်းတွေကို နှိုးဆွပေးတယ်၊ ထင်မှတ်မထားတဲ့ တည်ငြိမ်မှုတွေကို ဆောင်ကြဉ်း ပေးနိုင်တယ်။ နောက်ပြီး ဓာတ်ပုံပညာ၊ ပစ္စည်းစုဆောင်းခြင်း စတဲ့ ဝါသနာတွေဟာလည်း အသွင်မတူတဲ့ သာယာစိုပြေမှုကို ပေးစွမ်းနိုင်တယ်။

၅။ ဒုက္ခ ၂ မျိုးကို ဝေးဝေးရှောင်တယ်
ဒီလောကကြီးမှာ ဒုက္ခ ၂ မျိုး အမြဲတွေ့ရတယ်၊ တမျိုးက လိုတာမရတဲ့ ဒုက္ခ၊ နောက်တမျိုးက အစွဲအလန်း ကြီးတဲ့ဒုက္ခ။ ပထမဒုက္ခဖြစ်တဲ့ လိုချင်တာမရခဲ့ရင်အဲသလို ဖြစ်စဉ်ကို လောင်းကစား တစ်ခုလို့ပဲ သဘောထားလိုက်ပါ၊ အစွမ်းကုန် ကြိုးစားလုပ်ခဲ့ပြီး ရလာခဲ့ရင်ဖြစ်ဖြစ်၊ မရခဲ့ရင်ပဲဖြစ်ဖြစ် အတွင်းစိတ်က ပုံမှန်အတိုင်းပဲ ရှိနေသင့်တယ်၊ ကံကောင်းတာက ဒီအသက်အရွယ်နဲ့ တစ် က ပြန်စဖို့ အရင်းအနှီး ရှိနေသေးတယ် ဆိုတာပဲ။ ဒုတိယဒုက္ခကတော့ အဆုံးရွားဆိုးဒုက္ခပဲ ဖြစ်လိမ့်မယ်၊ အခုထိ အဲလို အစွဲအလန်းမျိုး ရှိနေသေးရင် အမြန်ဆုံး မောင်းထုတ်ပစ်ပါ။

၆။၊ ခံနိုင်ရည်ရှိအောင် ကြိုးစားတယ်
တချို့အဖြစ်အပျက်တွေဟာ မသိမသာ မေ့ပစ်ဖို့ပဲ၊ နောင်တကြိမ် ထပ်ကြုံလာတဲ့အခါ အသိဉာဏ်လည်း လိုက်ပြီး တိုးပွားလာမယ်။ တချို့ ဝမ်းနည်းစရာ၊ စိတ်ညစ်ညူးစရာကိစ္စတွေကျတော့ အံကြိတ်ပြီး တောင့်ခံဖို့ပဲ၊ တကြိမ်တခါ ကြုံဖူးပြီးတိုင်း ဘဝကြီးက ပိုပြီး ပြည့်စုံလာမှာပဲ။ ဒီအသက်အရွယ် ရောက်မှတော့ ကလေးဘဝတုန်းကလို အော်ကြီးဟစ်ကျယ်နဲ့ ရှိုက်ကြီးတငင် ငိုနေဖို့ မသင့်တော့ဘူး။

၇။ အမြဲတစေ ကျေးဇူးသိတတ်တဲ့စိတ်ထားတယ်
အသုဘတစ်ခုကို သွားပြီးပြန်လာတဲ့အခါ စိတ်ထဲမှာ သံဝေဂ ရနေတတ်မယ်၊ အပြင်းဖျားပြီး ပြန်ကောင်း လာတဲ့အခါ အသက်ကို ပိုပြီး တန်ဖိုးထားလာတတ်မယ်။ ဆိုလိုတာက ကိုယ့်အပေါ် ကျရောက်နေတဲ့ ကျေးဇူးတရားကို အစဉ်အမြဲ အမှတ်ရနေရမယ်၊ ကျေးဇူးသိတဲ့စိတ်ဟာ ပတ်ဝန်းကျင်ကို ပိုပြီး တန်ဖိုးထားတတ်စေရုံတင် မကပဲ လောဘ ဒေါသ မောဟ မီးလျှံတွေကို ချုပ်ငြိမ်းစေနိုင်တယ်။ တကယ်တမ်းကျတော့ ကြည်နူးချမ်းမြေ့ခြင်းက အဲဒီက မြစ်ဖျားခံတာပဲ။

၈။၊ အလုပ်အပေါ် သံယောဇဉ်အရမ်းရှိတယ်
အလုပ်ဆိုတာ လက်ဖက်ရည်သောက်တာ၊ အာလူးဖုတ်တာလိုမျိုး စိတ်လက်ပေါ့ပါးမှု မပေးနိုင်ပေမယ့် သူဟာ ကျွန်တော်တို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ အစွမ်းအစကို စမ်းသပ်နေတဲ့ အရာတစ်ခုပဲ။ အဲဒီက တဆင့် တန်ဖိုးနဲ့ အောင်မြင်ခြင်းကို နားလည်စေတာပဲ။ သူ့ကို ပုံအောပြီးချစ်လိုက်ပါ၊ အနည်းဆုံး သူ့ကြောင့်မို့သာ ကျွန်တော်တို့ ဘဝတစ်ခုလုံးရဲ့ အစိတ်အပိုင်း တော်တော်များများမှာ လုပ်စရာရှိနေပြီး၊ စားစရာလည်း ရှိနေတာပါ။

၉။၊ လေ့လာသင်ယူရာမှာ ဇွဲနပဲကြီးတယ်
စာဖတ်ခြင်းနဲ့ သင်ယူခြင်းဟာ အသိဉာဏ်နဲ့ စကားစမြည် ပြောနေတာပါပဲ၊ နှစ်တိုင်း အနည်းဆုံး စာအုပ်ရေ ၅၀ ဖတ်ရမယ်။ စာဖတ်ခြင်းဟာ မှတ်ဉာဏ်နဲ့ ခံစားနားလည်နိုင်စွမ်းကို ထိန်းထားနိုင်ရုံမက စာဖတ်သူမှာ ဆွဲဆောင်မှုရှိတဲ့ သံလိုက်ဓာတ်တမျိုး ရှိနေစေတယ်။ ဒါဟာလည်း yoga သင်တန်းတို့၊ ဗျူတီပါလာတို့က မပေးနိုင်တဲ့ အရာပါ။

၁၀။၊ အားကစားကို ခုံမင်နှစ်ခြိုက်တယ်
အချိန်ကို မှန်ကန်စွာ စီမံခန့်ခွဲပြီး အားကစားလုပ်တယ်၊ သဘာဝကို ခံစားတယ်။ အကျိုးကျေးဇူးက ပျင်းရိခြင်းကြောင့် ကိုယ်အလေးချိန် တက်မလာတော့ဘူး၊ ရုပ်ရည်ကလည်း ဇရာဖိစီးမှုကြောင့် ယိုယွင်း မသွားတော့ဘူး၊ အတိုင်းအတာ တစ်ခုထိ နုပျိုခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ကျန်းမာခြင်းကို ထိန်းထားနိုင်လိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: kanaung
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top