Property Expo
×

ယေန႔ေခတ္ ၂၁ ရာစု လုပ္ငန္းခြင္ေတြမွာ အခက္အခဲ အမ်ားဆံုး ေတြ႔ၾကရသူေတြဟာ Y Generation လို႔ ေခၚတဲ့လူငယ္ မ်ိဳးဆက္ျဖစ္ပါတယ္။ ၁၉၈၀ ခုႏွစ္ကေန ၂၀၀၀ ခုႏွစ္အတြင္း ေမြးဖြားၾကသူေတြျဖစ္တဲ့ Y Generation လူငယ္ မ်ိဳးဆက္ဟာ လုပ္ငန္းခြင္အတြင္း က်င့္ဝတ္ေစာင့္ထိန္းမႈ၊ စည္းမ်ဥ္းစည္းကမ္း၊ လုပ္ကိုင္ပံု စတာေတြဟာ အေရွ႕မ်ိဳးဆက္နဲ႔ မတူညီတတ္တာေၾကာင့္ အခက္အခဲ ျဖစ္ရတာ ျဖစ္ပါတယ္။
ေရွ႕မ်ိဳးဆက္က ခ်မွတ္သြားတဲ့ စည္းမ်ဥ္စည္းကမ္းေတြၾကား ခက္ခဲစြာေနထိုင္ရတဲ့ လူငယ္မ်ိဳးဆက္ေတြဟာ လုပ္ငန္းခြင္မွာ လုပ္ကိုင္ဖို႔ အပ်င္းထူသူေတြလုိ႔ သမုတ္ခံရတတ္ပါတယ္။ ဘာေၾကာင့္ ဒီလိုျဖစ္လဲဆိုတဲ့ အေၾကာင္းျပခ်က္ (၅) ခုရွိပါတယ္။

၁။ အစဥ္အလာကိုဆန္႔က်င္သူမ်ားျဖစ္

အရင္ေခတ္ေဟာင္းက အလုပ္ရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြကို မုန္းသူေတြပါ။ အခ်ိန္ကုန္ၿပီး အက်ိဳးမရွိတဲ့ အစည္းအေဝးေတြ၊ ဆယ္မိနစ္ ေလာက္ေနာက္က်ၿပီဆိုရင္ ဒဏ္ေၾကးတပ္တဲ့ အလုပ္ရဲ႕ စည္းကမ္းေတြ မုန္းတတ္ၾကသူေတြပါ။ သမာ႐ိုးက်အတုိင္း လုပ္ေနမယ့္အစား အလြယ္ဆံုးနဲ႔ အက်ိဳးသက္ေရာက္မႈအရွိဆံုး နည္းလမ္းကို ျမင္တတ္သူေတြျဖစ္လုိ႔ သူတို႔ကို အပ်င္းထူသူေတြအျဖစ္ အမ်ားက ေဝဖန္တတ္ပါတယ္။

၂။ ယံုၾကည္ရာဘဝကို တည္ေဆာက္ခ်င္သူမ်ား

အလုပ္ႀကိဳးစားမွ ေကာင္းမြန္တဲ့ဘဝကို ပိုင္ဆိုင္မယ္ဆိုတာ သူတို႔မယံုၾကည္ၾကပါဘူး။ အလုပ္ကိုလည္း လုပ္၊ ကိုယ္ရဲ႕ ေပ်ာ္စရာနဲ႔ ဝါသနာေတြကိုလည္း အခ်ိန္ေပးဖို႔ ဝန္မေလးတတ္သူေတြျဖစ္လို႔ အခ်ိန္ျဖဳန္းသူေတြလို႔ စြပ္စြဲခံရတတ္ပါတယ္။
 
၃။ သူမ်ားေတြလို မျဖစ္ခ်င္

ေရွးအဆက္ဆက္ ေခါင္းထဲစြဲလာၾကတဲ့ ပိုက္ဆံရွာ၊ အခြန္ေပးၿပီး ေရရွည္အဆင္မေျပႏုိင္တဲ့ ဘဝမ်ိဳးကို မလိုခ်င္ၾကပါဘူး။ ဝါသနာအေလ်ာက္လုပ္လို႔ရတဲ့ တိတိက်က် အလုပ္မ်ိဳးကိုသာ ရွာေဖြတတ္ၾကပါတယ္။
 
၄။ အေသးစိတ္ အလုပ္ေတြ စိတ္မဝင္စား

Y Generation လို႔ေခၚတဲ့ မ်ိဳးဆက္သစ္ေတြဟာ နည္းပညာေခတ္နဲ႔ သတင္းအခ်က္အလက္ေခတ္မွာ ေမြးဖြားလာသူေတြပါ။ ဒါေၾကာင့္ နည္းပညာနဲ႔ အင္တာနက္ကို အားကိုးၿပီး အသံုးခ်တတ္ၾကပါတယ္။ စာရင္းစာအုပ္ႀကီးထဲက စာရင္းေတြကို ေဘာပင္နဲ႔ အေသးစိတ္ တြက္ေနရတဲ့ အလုပ္မ်ိဳးကို သူတို႔ လွည့္မၾကည့္တတ္ၾကပါဘူး။

၅။ အလိုက္သင့္ လုပ္တတ္သူမ်ားျဖစ္

မနက္ ကုိးနာရီကေန ညေန ငါးနာရီအထိ လုပ္ရမယ္ဆိုတဲ့ စည္းကမ္းမ်ိဳးေတြကို သူတို႔မႀကိဳက္တတ္ၾကပါဘူး။ အေရးႀကီးတဲ့ အလုပ္ရွိတဲ့ အခါ ညမအိပ္ဘဲ လုပ္မယ္လို႔ ေတြးထားတတ္ၾကၿပီး အလုပ္လုပ္စရာ တိတိက်က်မရွိဘဲ မနက္ ႐ံုးခ်ိန္အတိအက် လာရမယ္ဆိုတာမ်ိဳးကို မုန္းတတ္ၾကသူေတြျဖစ္ပါတယ္။ သူတို႔ဟာ အေျခအေနနဲ႔ လုိက္ေလ်ာညီေထြေနတတ္သူေတြပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version
ယနေ့ခေတ် ၂၁ ရာစု လုပ်ငန်းခွင်တွေမှာ အခက်အခဲ အများဆုံး တွေ့ကြရသူတွေဟာ Y Generation လို့ ခေါ်တဲ့လူငယ် မျိုးဆက်ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အတွင်း မွေးဖွားကြသူတွေဖြစ်တဲ့ Y Generation လူငယ် မျိုးဆက်ဟာ လုပ်ငန်းခွင်အတွင်း ကျင့်ဝတ်စောင့်ထိန်းမှု၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ကိုင်ပုံ စတာတွေဟာ အရှေ့မျိုးဆက်နဲ့ မတူညီတတ်တာကြောင့် အခက်အခဲ ဖြစ်ရတာ ဖြစ်ပါတယ်။
ရှေ့မျိုးဆက်က ချမှတ်သွားတဲ့ စည်းမျဉ်စည်းကမ်းတွေကြား ခက်ခဲစွာနေထိုင်ရတဲ့ လူငယ်မျိုးဆက်တွေဟာ လုပ်ငန်းခွင်မှာ လုပ်ကိုင်ဖို့ အပျင်းထူသူတွေလို့ သမုတ်ခံရတတ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်လဲဆိုတဲ့ အကြောင်းပြချက် (၅) ခုရှိပါတယ်။


၁။ အစဉ်အလာကိုဆန့်ကျင်သူများဖြစ်


အရင်ခေတ်ဟောင်းက အလုပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မုန်းသူတွေပါ။ အချိန်ကုန်ပြီး အကျိုးမရှိတဲ့ အစည်းအဝေးတွေ၊ ဆယ်မိနစ် လောက်နောက်ကျပြီဆိုရင် ဒဏ်ကြေးတပ်တဲ့ အလုပ်ရဲ့ စည်းကမ်းတွေ မုန်းတတ်ကြသူတွေပါ။ သမာရိုးကျအတိုင်း လုပ်နေမယ့်အစား အလွယ်ဆုံးနဲ့ အကျိုးသက်ရောက်မှုအရှိဆုံး နည်းလမ်းကို မြင်တတ်သူတွေဖြစ်လို့ သူတို့ကို အပျင်းထူသူတွေအဖြစ် အများက ဝေဖန်တတ်ပါတယ်။


၂။ ယုံကြည်ရာဘဝကို တည်ဆောက်ချင်သူများ


အလုပ်ကြိုးစားမှ ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်မယ်ဆိုတာ သူတို့မယုံကြည်ကြပါဘူး။ အလုပ်ကိုလည်း လုပ်၊ ကိုယ်ရဲ့ ပျော်စရာနဲ့ ဝါသနာတွေကိုလည်း အချိန်ပေးဖို့ ဝန်မလေးတတ်သူတွေဖြစ်လို့ အချိန်ဖြုန်းသူတွေလို့ စွပ်စွဲခံရတတ်ပါတယ်။


၃။ သူများတွေလို မဖြစ်ချင်


ရှေးအဆက်ဆက် ခေါင်းထဲစွဲလာကြတဲ့ ပိုက်ဆံရှာ၊ အခွန်ပေးပြီး ရေရှည်အဆင်မပြေနိုင်တဲ့ ဘဝမျိုးကို မလိုချင်ကြပါဘူး။ ဝါသနာအလျောက်လုပ်လို့ရတဲ့ တိတိကျကျ အလုပ်မျိုးကိုသာ ရှာဖွေတတ်ကြပါတယ်။


၄။ အသေးစိတ် အလုပ်တွေ စိတ်မဝင်စား


Y Generation လို့ခေါ်တဲ့ မျိုးဆက်သစ်တွေဟာ နည်းပညာခေတ်နဲ့ သတင်းအချက်အလက်ခေတ်မှာ မွေးဖွားလာသူတွေပါ။ ဒါကြောင့် နည်းပညာနဲ့ အင်တာနက်ကို အားကိုးပြီး အသုံးချတတ်ကြပါတယ်။ စာရင်းစာအုပ်ကြီးထဲက စာရင်းတွေကို ဘောပင်နဲ့ အသေးစိတ် တွက်နေရတဲ့ အလုပ်မျိုးကို သူတို့ လှည့်မကြည့်တတ်ကြပါဘူး။


၅။ အလိုက်သင့် လုပ်တတ်သူများဖြစ်


မနက် ကိုးနာရီကနေ ညနေ ငါးနာရီအထိ လုပ်ရမယ်ဆိုတဲ့ စည်းကမ်းမျိုးတွေကို သူတို့မကြိုက်တတ်ကြပါဘူး။ အရေးကြီးတဲ့ အလုပ်ရှိတဲ့ အခါ ညမအိပ်ဘဲ လုပ်မယ်လို့ တွေးထားတတ်ကြပြီး အလုပ်လုပ်စရာ တိတိကျကျမရှိဘဲ မနက် ရုံးချိန်အတိအကျ လာရမယ်ဆိုတာမျိုးကို မုန်းတတ်ကြသူတွေဖြစ်ပါတယ်။ သူတို့ဟာ အခြေအနေနဲ့ လိုက်လျောညီထွေနေတတ်သူတွေပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top