Kantharyar Centre
×

၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ အရည္အေသြးစစ္မွန္ေကာင္းမြန္၍ က်န္းမာေရးအတြက္ ေဘးအၱရာယ္ကင္းရွင္းေသာ အလွကုန္ပစၥည္းမ်ားကို အမ်ား ျပည္သူတို႔ သုံးစြဲႏိုင္ရန္ စနစ္တက် ကြပ္ကဲလ်က္ရွိပါသည္။

၂။ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနသည္ ျပည္တြင္း၌ေရာင္းခ် ေနသည့္ အလွကုန္ပစၥည္းမ်ားကို စစ္ေဆးခဲ့ရာ ေအာက္ေဖာ္ျပပါ အလွကုန္ပစၥည္း ေလးမ်ိဳးသည္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန၌ မွတ္တမ္းတင္ ထားျခင္းမရွိသည့္အျပင္ က်န္းမာေရးအတြက္ ေဘးအၱရာယ္ျဖစ္ေစႏိုင္ေသာ တားျမစ္”ဓာတုပစၥည္း (မာက်ဴရီ) ပါဝင္ေနေၾကာင္း စစ္ေဆးေတြ႕ရွိရသျဖင့္ အမ်ား ျပည္သူလူထုသုံးစြဲရန္ မသင့္ေတာ္ပါေၾကာင္း အသိေပးႏႈိးေဆာ္အပ္ပါသည္။

၃။ အဆိပ္သင့္”ဓာတုပစၥည္းမာက်ဴရီ(ျပဒါး)သည္ အေရျပားယားယံျခင္း၊ ေရာင္ရမ္းျခင္း၊ အျဖဴအနီကြက္မ်ားျဖစ္ျခင္း၊ အေရျပားမွတစ္ဆင့္ ခႏၶာကိုယ္အတြင္း သို႔စုပ္ယူ၍ ထုံက်ဥ္ျခင္း၊ ႂကြက္သားတုန္ခါျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ ေခါင္းကိုက္ ျခင္းႏွင့္ စိတ္က်ေရာဂါမ်ားအျပင္ ေရရွည္သုံးစြဲပါက ေက်ာက္ကပ္ပ်က္စီးျခင္းႏွင့္ အျခားေရာဂါမ်ား ျဖစ္ပြားႏိုင္ပါသည္။



၄။ အလွကုန္ပစၥည္းတင္သြင္း၊ ျဖန္႔ျဖဴး၊ ေရာင္းခ်သည့္ကုမၸဏီႏွင့္ လက္လီလက္ကား ဆိုင္မ်ားသည္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနတြင္ မွတ္တမ္းတင္ ထားျခင္းမရွိေသာ အမ်ားျပည္သူသုံးစြဲရန္ မသင့္ေၾကာင္း ေၾကညာထားသည့္ အလွကုန္ပစၥည္းမ်ားတင္သြင္း၊ ျဖန္႔ျဖဴး၊ ေရာင္းခ်ျခင္းမ်ားကို က်င့္ဝတ္(Ethic) အရ လုံး၀မျပဳလုပ္ရန္ႏွင့္ လိုက္နာေဆာင္႐ြက္ျခင္းမရွိပါက သက္ဆိုင္ရာအာဏာပိုင္ အဖြဲ႕အစည္းက ျပည္သူ႕က်န္းမာေရးဆိုင္ရာဥပေဒပုဒ္မ ၃၊ အပိုဒ္(၃)(ဃ)အရ အေရး ယူ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MOI Webportal Myanmar

Unicode Version

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအ္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများ ပြည်သူတို့ သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲလျက်ရှိပါသည်။

၂။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချ နေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ အောက်ဖော်ပြပါ အလှကုန်ပစ္စည်း လေးမျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင် ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအ္တရာယ်ဖြစ်စေနိုင်သော တားမြစ်”ဓာတုပစ္စည်း (မာကျူရီ) ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများ ပြည်သူလူထုသုံးစွဲရန် မသင့်တော်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

၃။ အဆိပ်သင့်”ဓာတုပစ္စည်းမာကျူရီ(ပြဒါး)သည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်း သို့စုပ်ယူ၍ ထုံကျဉ်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက် ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ပါသည်။


၄။ အလှကုန်ပစ္စည်းတင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့်ကုမ္ပဏီနှင့် လက်လီလက်ကား ဆိုင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင် ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများတင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများကို ကျင့်ဝတ်(Ethic) အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေပုဒ်မ ၃၊ အပိုဒ်(၃)(ဃ)အရ အရေး ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

ဖိုးသူတော် (www.phothutaw.com)
Credit:MOI Webportal Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top