Property Expo
×

 ‘ေဟးမိတ္ေဆြ’ ဒီဗီဒီကို ယေန႔ (ႏုိ၀င္ဘာ ၂၇ ရက္) စတင္ ျဖန္႔ခ်ိမည္ျဖစ္ၿပီး သီခ်င္းအမ်ားစု တြင္ ကုိယ္တိုင္ပါ၀င္သ႐ုပ္ေဆာင္ ထားေၾကာင္း ေအာင္ထက္က ေျပာသည္။

‘‘သီခ်င္း ၁၂ ပုဒ္မွာ ကၽြန္ ေတာ္သ႐ုပ္ေဆာင္ထားတဲ့ သီ ခ်င္းက ၁၁ ပုဒ္ရွိတယ္။ တျခား သ႐ုပ္ေဆာင္ေတြကို ႐ိုက္ကူးေရး အတြက္ အကူအညီေတာင္းေပ မယ့္ သူတို႔ကလည္း အလုပ္မ်ား ၾကေတာ့ အခ်ိန္က အဆင္မေျပ ေတာ့ ကိုယ့္ဟာကုိယ္ ၀င္႐ိုက္ လိုက္ရတဲ့သေဘာေပါ့’’ဟု ကိုယ္ တိုင္သ႐ုပ္ေဆာင္ျဖစ္သည့္ အ ေၾကာင္း ေအာင္ထက္က ေျပာ သည္။

သ႐ုပ္ေဆာင္ဘက္တြင္ ကၽြမ္းက်င္သူတစ္ေယာက္မဟုတ္ ျခင္းေၾကာင့္ လုိအပ္ခ်က္မ်ားရွိႏုိင္ ေသာ္လည္း ဒါ႐ိုက္တာမ်ား သင္ ၾကားေပးသည့္အတိုင္း အတတ္ ႏုိင္ဆံုး သ႐ုပ္ေဆာင္ထားေၾကာင္း ၎ကဆုိသည္။

မိဘေမတၱာဘဲြ႕ တုႏိုင္းမဲ့ ေမတၱာသီခ်င္းတြင္ မိခင္ႏွင့္အတူ သ႐ုပ္ေဆာင္ထားၿပီး ရြက္က်ပင္ သီခ်င္း၌ မိမိဘ၀အေၾကာင္း ထည့္သြင္း႐ိုက္ကူးထားေၾကာင္း ေအာင္ထက္က ေျပာသည္။

‘‘ရြက္က်ပင္ သီခ်င္းက အသည္းကဲြသီခ်င္းေလး။ ကၽြန္ေတာ္အလုပ္လုပ္ခဲ့တဲ့ ေနရာေလးမွာ သြား႐ိုက္ထားတာ။ ဒါ႐ိုက္တာ ကိုေအာင္ျမတ္႐ိုက္တာ။ ကၽြန္ ေတာ္က်င္လည္ခဲ့တဲ့ ပတ္၀န္း က်င္မွာလည္း သြားျပန္႐ိုက္ တယ္။ အလုပ္လုပ္ခဲ့တဲ့ စက္႐ံုမွာ လည္း သြားျပန္႐ိုက္တယ္’’ဟု ၎က ေျပာသည္။

ယင္းအေခြ ပ႐ိုမိုးရွင္းပဲြကို အေခြစတင္ျဖန္႔ခ်ိမည့္ ႏုိ၀င္ဘာ ၂၇ ရက္ ညေနတြင္ ဂ်န္းရွင္းစကဲြ ၌ ျပဳလုပ္မည္ျဖစ္ၿပီး ႏုိ၀င္ဘာ ၂၉ ရက္တြင္ မဂၤလာ မႏၲေလး၊ ႏုိ၀င္ ဘာ ၃၀ ရက္၌ မံုရြာ Ocean Center ႏွင့္ ဒီဇင္ ဘာ ၂ ရက္တြင္ ေမာ္လၿမိဳင္ Ocean Center တုိ႔၌ ျပဳလုပ္မည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ‘ဟေးမိတ်ဆွေ’ ဒီဗီဒီကို ယနေ့ (နိုဝင်ဘာ ၂၇ ရက်) စတင် ဖြန့်ချိမည်ဖြစ်ပြီး သီချင်းအများစု တွင် ကိုယ်တိုင်ပါဝင်သရုပ်ဆောင် ထားကြောင်း အောင်ထက်က ပြောသည်။

‘‘သီချင်း ၁၂ ပုဒ်မှာ ကျွန် တော်သရုပ်ဆောင်ထားတဲ့ သီ ချင်းက ၁၁ ပုဒ်ရှိတယ်။ တခြား သရုပ်ဆောင်တွေကို ရိုက်ကူးရေး အတွက် အကူအညီတောင်းပေ မယ့် သူတို့ကလည်း အလုပ်များ ကြတော့ အချိန်က အဆင်မပြေ တော့ ကိုယ့်ဟာကိုယ် ဝင်ရိုက် လိုက်ရတဲ့သဘောပေါ့’’ဟု ကိုယ် တိုင်သရုပ်ဆောင်ဖြစ်သည့် အ ကြောင်း အောင်ထက်က ပြော သည်။

သရုပ်ဆောင်ဘက်တွင် ကျွမ်းကျင်သူတစ်ယောက်မဟုတ် ခြင်းကြောင့် လိုအပ်ချက်များရှိနိုင် သော်လည်း ဒါရိုက်တာများ သင် ကြားပေးသည့်အတိုင်း အတတ် နိုင်ဆုံး သရုပ်ဆောင်ထားကြောင်း ၎င်းကဆိုသည်။

မိဘမေတ္တာဘွဲ့ တုနိုင်းမဲ့ မေတ္တာသီချင်းတွင် မိခင်နှင့်အတူ သရုပ်ဆောင်ထားပြီး ရွက်ကျပင် သီချင်း၌ မိမိဘဝအကြောင်း ထည့်သွင်းရိုက်ကူးထားကြောင်း အောင်ထက်က ပြောသည်။

‘‘ရွက်ကျပင် သီချင်းက အသည်းကွဲသီချင်းလေး။ ကျွန်တော်အလုပ်လုပ်ခဲ့တဲ့ နေရာလေးမှာ သွားရိုက်ထားတာ။ ဒါရိုက်တာ ကိုအောင်မြတ်ရိုက်တာ။ ကျွန် တော်ကျင်လည်ခဲ့တဲ့ ပတ်ဝန်း ကျင်မှာလည်း သွားပြန်ရိုက် တယ်။ အလုပ်လုပ်ခဲ့တဲ့ စက်ရုံမှာ လည်း သွားပြန်ရိုက်တယ်’’ဟု ၎င်းက ပြောသည်။

ယင်းအခွေ ပရိုမိုးရှင်းပွဲကို အခွေစတင်ဖြန့်ချိမည့် နိုဝင်ဘာ ၂၇ ရက် ညနေတွင် ဂျန်းရှင်းစကွဲ ၌ ပြုလုပ်မည်ဖြစ်ပြီး နိုဝင်ဘာ ၂၉ ရက်တွင် မင်္ဂလာ မန္တလေး၊ နိုဝင် ဘာ ၃၀ ရက်၌ မုံရွာ Ocean Center နှင့် ဒီဇင် ဘာ ၂ ရက်တွင် မော်လမြိုင် Ocean Center တို့၌ ပြုလုပ်မည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top