Kantharyar Centre
×

  ဂ်ပန္ႏုိင္ငံသုိ႔ ငါးရက္ ၾကာ ခရီးစဥ္သြားေရာက္ေသာ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ယေန႔(ႏုိ၀င္ဘာ ၂ ရက္) တြင္ တုိက်ိဳၿမိဳ႕ရိွ Rihga Royal ဟုိ တယ္၌ ဂ်ပန္ေရာက္ ျမန္မာႏုိင္ငံ သားမ်ားႏွင့္ ေတြ႕ဆံုမည္ျဖစ္ ေၾကာင္း သတင္းရရိွသည္။

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဂ်ပန္ေရာက္ ျမန္မာမ်ား ေတြ႕ဆံု မႈကုိ ဂ်ပန္ႏုိင္ငံဆုိင္ရာ ျမန္မာသံ႐ံုးက စီစဥ္ထားမႈတြင္ လူဦးေရ ကန္႔သတ္ထားေသာေၾကာင့္ ဂ်ပန္ေရာက္ျမန္မာႏုိင္ငံသားမ်ား အခ်ိဳ႕ ေတြ႕ခြင့္ရမည္မဟုတ္ ေၾကာင္း ျပည္ေထာင္စုျမန္မာ ႏုိင္ငံသားမ်ားအသင္း (ဂ်ပန္)မွ ဦးသန္းေဆြက ေျပာသည္။

‘‘ေဒၚစုနဲ႔ ေတြ႕မယ့္ပြဲကုိ သံ ႐ံုးက စီစဥ္ပါတယ္။ ကြၽန္ေတာ္တို႔ အသင္းနဲ႔ သံ႐ံုးနဲ႔ ေဆြးေႏြးတာ ေပါ့။ ေဒၚစုပဲြကုိ ကြၽန္ေတာ္တို႔နဲ႔  ပူးေပါင္းၿပီးေတာ့ စီစဥ္ပါ။ ကြၽန္ ေတာ္တို႔မွာ အေတြ႕အႀကံဳလည္း ရိွတယ္။ အင္းအားလည္း ရိွတယ္ ေပါ့။ အားလံုးတက္ႏုိင္တဲ့ ပြဲေလး ျဖစ္ေအာင္လို႔ ညိႇပါတယ္။ သံ႐ံုး ဘက္ကေန ကြၽန္ေတာ္တို႔ ညိႇတာ ကုိ လက္မခံပါဘူး။ သူတို႔အစီအ စဥ္နဲ႔ သူတုိ႔လုပ္ထားပါတယ္ေပါ့။ လူတစ္ေထာင္ဆံ့တဲ့ ဟုိတယ္မွာ သံ႐ံုးက ကြၽန္ေတာ္တုိ႔ကုိ ေဒၚစုနဲ႔ ေတြ႕မယ့္ပြဲမွာ လူဦးေရ ၅၀၀ ပဲ ခြဲတမ္းေပးပါတယ္။ ကြၽန္ေတာ္တု႔ိ ဆီကုိ စာရင္းေပးထားတဲ့သူက တစ္ေထာင္ေက်ာ္ေနပါၿပီ။ မနက္ ျဖန္ေတြ႕မယ့္ ပဲြမွာေတာ့ ေတြ႕ခြင့္ ရမယ့္သူနဲ႔ ေတြ႕ခြင့္မရမယ့္သူ ေတြ ျပႆနာေပါင္း ေသာင္း ေျခာက္ေထာင္ေတာ့ ေတြ႕ေနၿပီ’’ ဟု ဦးသန္းေဆြက ေျပာသည္။


ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ဆံုပြဲတြင္ ဂ်ပန္ေရာက္ ျမန္မာႏုိင္ငံသားမ်ား၏ ႀကံဳေတြ႕ေနရ ေသာ အခက္အခဲမ်ားကုိ ေျပာဆုိ တင္ျပသြားမည္ျဖစ္ေၾကာင္း ဦး သန္းေဆြက ဆက္လက္ေျပာ ၾကားသည္။

‘‘ဂ်ပန္ႏုိင္ငံမွာက စစ္အစိုးရ လက္ထက္မွာ ႏုိင္ငံေရးလႈပ္ရွားခဲ့ တဲ့ ျမန္မာေတြ ဒီမွာရိွတယ္ဗ်။ လႈပ္ရွားခဲ့တ့ဲသူေတြကုိ စစ္အစုိးရ က ဆန္႔က်င္ရေကာင္းလားဆုိၿပီး ဒီမွာရိွေနတဲ့သူေတြကုိ ႏုိင္ငံသား အခြင့္အေရးေတြ အကုန္လံုးအ သိမ္းခံရတယ္ဗ်ာ။ ပတ္စ္ပို႔ေတြ သက္တမ္းတုိးမေပးဘူး။ ဒီမွာ ေမြးဖြားတဲ့ ကေလးေတြရဲ႕ ပညာ ေရးကုိ ဘာမွ လုပ္မေပးဘူးေပါ့။ ပတ္စပို႔သက္တမ္းေတြလည္း တုိး မေပးေတာ့ ဒီမွာရိွတဲ့သူေတြက ႏုိင္ငံေပ်ာက္သလို ျဖစ္ေနတယ္။ အဲဒါေတြ  ေျပာျပသြားမယ္’’ဟု ၎က ေျပာသည္။

 ‘‘ျမန္မာသံ႐ံုးက စီစဥ္တာ ညံ့ဖ်င္းတယ္။ လူအမ်ားႀကီးေတြ႕ ခ်င္မွာကုိ လူ ၅၀၀ ပဲေပးတယ္ ေပါ့။ အေမ့ကုိ ေမးခ်င္တာေလး ရိွပါတယ္။ ေမးခြင့္ရမယ္ဆုိရင္ ေပါ့။ သံ႐ံုးကုိလည္း အခြန္ေဆာင္ ေနရတယ္။ ဂ်ပန္ႏုိင္ငံကိုေရာ လ စဥ္က်န္းမာေရးအခြန္ေပးေနရ တယ္။ ကြၽန္ေတာ္တို႔က မိေအး ႏွစ္ခါနာျဖစ္ေနတာေပါ့။ အဲဒါကုိ အေမ့ဆီ တင္ျပခ်င္တယ္’’ဟု ဂ်ပန္ႏုိင္ငံတြင္ ေနထုိင္ေသာ ကို ထြန္းေ၀က ေျပာသည္။

   ေဒၚေအာင္ဆန္းစုၾကည္ သည္ ဂ်ပန္ခရီးစဥ္အတြင္း ဂ်ပန္ ႏုိင္ငံ၀န္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘး ႏွင့္ အစုိးရအဖြဲ႕၀င္မ်ားကုိ ေတြ႕ ဆံုမည္ျဖစ္သည္။ ေဒၚေအာင္ဆန္းစုၾကည္၏ ဂ်ပန္ႏုိင္ငံသုိ႔ ႏုိ၀င္ဘာ ၁ ရက္က ထြက္ခြာသြားၿပီး ၎ႏွင့္အတူ ျပည္ေထာင္စု၀န္ႀကီးႏွင့္ ဒု၀န္ႀကီး စုစုေပါင္း ၁၉ ဦး လိုက္ပါသြားေၾကာင္း သတင္းရရိွသည္။ ဂ်ပန္ႏုိင္ငံတြင္ ေက်ာင္းတက္ေနေသာ ျမန္မာေက်ာင္းသားမ်ားအပါအ၀င္ ျမန္မာႏုိင္ငံသား တစ္ေသာင္းေက်ာ္ရိွေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

  ဂျပန်နိုင်ငံသို့ ငါးရက် ကြာ ခရီးစဉ်သွားရောက်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့(နိုဝင်ဘာ ၂ ရက်) တွင် တိုကျိုမြို့ရှိ Rihga Royal ဟို တယ်၌ ဂျပန်ရောက် မြန်မာနိုင်ငံ သားများနှင့် တွေ့ဆုံမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ရောက် မြန်မာများ တွေ့ဆုံ မှုကို ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက စီစဉ်ထားမှုတွင် လူဦးရေ ကန့်သတ်ထားသောကြောင့် ဂျပန်ရောက်မြန်မာနိုင်ငံသားများ အချို့ တွေ့ခွင့်ရမည်မဟုတ် ကြောင်း ပြည်ထောင်စုမြန်မာ နိုင်ငံသားများအသင်း (ဂျပန်)မှ ဦးသန်းဆွေက ပြောသည်။

‘‘ဒေါ်စုနဲ့ တွေ့မယ့်ပွဲကို သံ ရုံးက စီစဉ်ပါတယ်။ ကျွန်တော်တို့ အသင်းနဲ့ သံရုံးနဲ့ ဆွေးနွေးတာ ပေါ့။ ဒေါ်စုပွဲကို ကျွန်တော်တို့နဲ့  ပူးပေါင်းပြီးတော့ စီစဉ်ပါ။ ကျွန် တော်တို့မှာ အတွေ့အကြုံလည်း ရှိတယ်။ အင်းအားလည်း ရှိတယ် ပေါ့။ အားလုံးတက်နိုင်တဲ့ ပွဲလေး ဖြစ်အောင်လို့ ညှိပါတယ်။ သံရုံး ဘက်ကနေ ကျွန်တော်တို့ ညှိတာ ကို လက်မခံပါဘူး။ သူတို့အစီအ စဉ်နဲ့ သူတို့လုပ်ထားပါတယ်ပေါ့။ လူတစ်ထောင်ဆံ့တဲ့ ဟိုတယ်မှာ သံရုံးက ကျွန်တော်တို့ကို ဒေါ်စုနဲ့ တွေ့မယ့်ပွဲမှာ လူဦးရေ ၅၀၀ ပဲ ခွဲတမ်းပေးပါတယ်။ ကျွန်တော်တု့ိ ဆီကို စာရင်းပေးထားတဲ့သူက တစ်ထောင်ကျော်နေပါပြီ။ မနက် ဖြန်တွေ့မယ့် ပွဲမှာတော့ တွေ့ခွင့် ရမယ့်သူနဲ့ တွေ့ခွင့်မရမယ့်သူ တွေ ပြဿနာပေါင်း သောင်း ခြောက်ထောင်တော့ တွေ့နေပြီ’’ ဟု ဦးသန်းဆွေက ပြောသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲတွင် ဂျပန်ရောက် မြန်မာနိုင်ငံသားများ၏ ကြုံတွေ့နေရ သော အခက်အခဲများကို ပြောဆို တင်ပြသွားမည်ဖြစ်ကြောင်း ဦး သန်းဆွေက ဆက်လက်ပြော ကြားသည်။

‘‘ဂျပန်နိုင်ငံမှာက စစ်အစိုးရ လက်ထက်မှာ နိုင်ငံရေးလှုပ်ရှားခဲ့ တဲ့ မြန်မာတွေ ဒီမှာရှိတယ်ဗျ။ လှုပ်ရှားခဲ့တဲ့သူတွေကို စစ်အစိုးရ က ဆန့်ကျင်ရကောင်းလားဆိုပြီး ဒီမှာရှိနေတဲ့သူတွေကို နိုင်ငံသား အခွင့်အရေးတွေ အကုန်လုံးအ သိမ်းခံရတယ်ဗျာ။ ပတ်စ်ပို့တွေ သက်တမ်းတိုးမပေးဘူး။ ဒီမှာ မွေးဖွားတဲ့ ကလေးတွေရဲ့ ပညာ ရေးကို ဘာမှ လုပ်မပေးဘူးပေါ့။ ပတ်စပို့သက်တမ်းတွေလည်း တိုး မပေးတော့ ဒီမှာရှိတဲ့သူတွေက နိုင်ငံပျောက်သလို ဖြစ်နေတယ်။ အဲဒါတွေ  ပြောပြသွားမယ်’’ဟု ၎င်းက ပြောသည်။

 ‘‘မြန်မာသံရုံးက စီစဉ်တာ ညံ့ဖျင်းတယ်။ လူအများကြီးတွေ့ ချင်မှာကို လူ ၅၀၀ ပဲပေးတယ် ပေါ့။ အမေ့ကို မေးချင်တာလေး ရှိပါတယ်။ မေးခွင့်ရမယ်ဆိုရင် ပေါ့။ သံရုံးကိုလည်း အခွန်ဆောင် နေရတယ်။ ဂျပန်နိုင်ငံကိုရော လ စဉ်ကျန်းမာရေးအခွန်ပေးနေရ တယ်။ ကျွန်တော်တို့က မိအေး နှစ်ခါနာဖြစ်နေတာပေါ့။ အဲဒါကို အမေ့ဆီ တင်ပြချင်တယ်’’ဟု ဂျပန်နိုင်ငံတွင် နေထိုင်သော ကို ထွန်းဝေက ပြောသည်။

   ဒေါ်အောင်ဆန်းစုကြည် သည် ဂျပန်ခရီးစဉ်အတွင်း ဂျပန် နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် အစိုးရအဖွဲ့ဝင်များကို တွေ့ ဆုံမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံသို့ နိုဝင်ဘာ ၁ ရက်က ထွက်ခွာသွားပြီး ၎င်းနှင့်အတူ ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီး စုစုပေါင်း ၁၉ ဦး လိုက်ပါသွားကြောင်း သတင်းရရှိသည်။ ဂျပန်နိုင်ငံတွင် ကျောင်းတက်နေသော မြန်မာကျောင်းသားများအပါအဝင် မြန်မာနိုင်ငံသား တစ်သောင်းကျော်ရှိကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top