Property Expo
×

ထူးထူးျခားျခားပါပဲ။ မိသားစုရဲ႕ ေလးဆက္ေျမာက္ မ်ဳိးရိုးကလည္း ထုံးစံမပ်က္ ဆံပင္ျဖဴေလးေတြနဲ႔ ေမြးဖြားလာခဲ့ပါတယ္။ Inside Edition အဆုိအရ MilliAnna က ေခါင္းရဲ႕အေရွ႕ပုိင္းမွာ အျဖဴေရာင္ဆံပင္မ်ားေပါက္ေနျပီး က်န္တဲ့ဆံပင္အားလုံးက မည္းနက္ေနတဲ့ပုံစံနဲ႔ ေမြးဖြားလာခဲ့ပါတယ္လို႔
ဆိုပါတယ္။ သူမရဲ႕ အေမျဖစ္သူ Brianna ၂၃ ႏွစ္၊ အဘြားျဖစ္သူ  Jennifer ၄၁ ႏွစ္၊ ဘြားေအျဖစ္သူ Jaonne ၅၉ ႏွစ္တုိ႔ကလည္း ရွားပါးတဲ့ ဆံပင္အေရာင္နဲ႔ ေမြးလာၾကတာျဖစ္ပါတယ္။

poliosis လုိ႔ေခၚတဲ့ အေျခအေနက ဆံပင္အကြက္တစ္ကြက္မွာ ေရာင္ျခယ္ဆဲလ္မရွိျဖစ္ေစတတ္ပါတယ္။ ဒီအေျခအေနက ဆံပင္မွာ အေရာင္(မယ္လနင္) မရွိျခင္း/နည္းျခင္းေတြျဖစ္ေစရုံသာမက မ်က္ခုံး၊ မ်က္ေတာင္ေမြးနဲ႔ တျခားအေမြးအမွ်င္ေတြမွာလည္း အျဖဴေရာင္ျဖစ္ေစတတ္ပါတယ္။ အဲ့ဒီမိသားစုမွာေမြးခဲ့တဲ့ အမ်ဳိးသမီးအားလုံးက poliosis အေျခအေနနဲ႔ ေမြးခဲ့ၾကပါတယ္။

၁၈ လအရြယ္ရွိျပီျဖစ္တဲ့ ကယ္ရုိလုိင္းနားေတာင္ပိုင္းက ကေလးငယ္ကလည္း သူတို႔မိသားစုက အမ်ဳိးသမီးေတြနဲ႔ မျခားနားပါဘူး။ သူ႔ရဲ႕အမ်ားနဲ႔ မတူညီတဲ့ပုံစံက အထူးသျဖင့္ ေက်ာင္းေတြမွာ စေနာက္ခံရတတ္ပါတယ္။ ဒါက Brianna ၾကဳံခဲ့ရတဲ့အရာျဖစ္ျပီး သူ႔သမီးေလးကိုလည္း ဒီမတူညီမႈက သူ႔အတြက္ အလွတရားျဖစ္တယ္လို႔ ေျပာျပျပီးအားေပးသြားမယ္လို႔ ဆုိပါတယ္။ မူလတန္းေက်ာင္းတက္တဲ့အရြယ္မွာ ကေလးေတြက ပိုျပီးစေနာက္တတ္ေပမဲ့ အသက္ၾကီးလာေတာ့ အဆင္ေျပသြားပါတယ္။ ကၽြန္မက သမီးကုိ သမီးက ဘယ္သူနဲ႔မွ မတူဘူး၊ သမီးကအရမ္းလွတယ္လို႔ အားေပးမွာပါ။ ကၽြန္မတို႔မ်ဳိးရုိးရဲ႕ ေလးဆက္ေျမာက္အျဖစ္ ဆံပင္အျဖဴေလးနဲ႔ေမြးလာတဲ့ကေလးကို
 ေတြ႔လိုက္ရတဲ့အခ်ိန္မွာ အရမ္းကို စိတ္လႈပ္ရွားသြားတယ္လို႔ ေျပာျပခဲ့ပါတယ္။

poliosis အေျခအေနရွိတဲ့သူေတြက မက်န္းမာဘူးလုိ႔သင္ထင္ေကာင္းထင္ႏုိင္ေပမဲ့ လုံးဝမဟုတ္ပါဘူး။ သူတုိ႔က အရမ္းကုိ က်န္းမာတဲ့ဘဝကို ရရွိၾကျပီး ပုံစံအရ နည္းနည္းေလးကြဲျပားေနတာပဲ ရွိပါတယ္။ ဒီအေျခအေနနဲ႔ ေမြးလာတဲ့ကေလးက တစ္ေခါင္းလုံးဆံပင္ေတြျဖဴျပီး ေမြးလာတဲ့ကေလးနဲ႔ မတူပါဘူး။ သူတုိ႔ကသုိင္းရြိဳက္ပုံမမွန္တာ၊ဗီတာမင္ခ်ဳိ႔တဲ့တာနဲ႔တျခားအေျခအေနေတြအမ်ားၾကီးေၾကာင့္ျဖစ္တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version
ထူးထူးခြားခြားပါပဲ။ မိသားစုရဲ့ လေးဆက်မြောက် မျိုးရိုးကလည်း ထုံးစံမပျက် ဆံပင်ဖြူလေးတွေနဲ့ မွေးဖွားလာခဲ့ပါတယ်။ Inside Edition အဆိုအရ MilliAnna က ခေါင်းရဲ့အရှေ့ပိုင်းမှာ အဖြူရောင်ဆံပင်များပေါက်နေပြီး ကျန်တဲ့ဆံပင်အားလုံးက မည်းနက်နေတဲ့ပုံစံနဲ့ မွေးဖွားလာခဲ့ပါတယ်လို့

ဆိုပါတယ်။ သူမရဲ့ အမေဖြစ်သူ Brianna ၂၃ နှစ်၊ အဘွားဖြစ်သူ  Jennifer ၄၁ နှစ်၊ ဘွားအေဖြစ်သူ Jaonne ၅၉ နှစ်တို့ကလည်း ရှားပါးတဲ့ ဆံပင်အရောင်နဲ့ မွေးလာကြတာဖြစ်ပါတယ်။

poliosis လို့ခေါ်တဲ့ အခြေအနေက ဆံပင်အကွက်တစ်ကွက်မှာ ရောင်ခြယ်ဆဲလ်မရှိဖြစ်စေတတ်ပါတယ်။ ဒီအခြေအနေက ဆံပင်မှာ အရောင်(မယ်လနင်) မရှိခြင်း/နည်းခြင်းတွေဖြစ်စေရုံသာမက မျက်ခုံး၊ မျက်တောင်မွေးနဲ့ တခြားအမွေးအမျှင်တွေမှာလည်း အဖြူရောင်ဖြစ်စေတတ်ပါတယ်။ အဲ့ဒီမိသားစုမှာမွေးခဲ့တဲ့ အမျိုးသမီးအားလုံးက poliosis အခြေအနေနဲ့ မွေးခဲ့ကြပါတယ်။

၁၈ လအရွယ်ရှိပြီဖြစ်တဲ့ ကယ်ရိုလိုင်းနားတောင်ပိုင်းက ကလေးငယ်ကလည်း သူတို့မိသားစုက အမျိုးသမီးတွေနဲ့ မခြားနားပါဘူး။ သူ့ရဲ့အများနဲ့ မတူညီတဲ့ပုံစံက အထူးသဖြင့် ကျောင်းတွေမှာ စနောက်ခံရတတ်ပါတယ်။ ဒါက Brianna ကြုံခဲ့ရတဲ့အရာဖြစ်ပြီး သူ့သမီးလေးကိုလည်း ဒီမတူညီမှုက သူ့အတွက် အလှတရားဖြစ်တယ်လို့ ပြောပြပြီးအားပေးသွားမယ်လို့ ဆိုပါတယ်။ မူလတန်းကျောင်းတက်တဲ့အရွယ်မှာ ကလေးတွေက ပိုပြီးစနောက်တတ်ပေမဲ့ အသက်ကြီးလာတော့ အဆင်ပြေသွားပါတယ်။ ကျွန်မက သမီးကို သမီးက ဘယ်သူနဲ့မှ မတူဘူး၊ သမီးကအရမ်းလှတယ်လို့ အားပေးမှာပါ။ ကျွန်မတို့မျိုးရိုးရဲ့ လေးဆက်မြောက်အဖြစ် ဆံပင်အဖြူလေးနဲ့မွေးလာတဲ့ကလေးကို

 တွေ့လိုက်ရတဲ့အချိန်မှာ အရမ်းကို စိတ်လှုပ်ရှားသွားတယ်လို့ ပြောပြခဲ့ပါတယ်။

poliosis အခြေအနေရှိတဲ့သူတွေက မကျန်းမာဘူးလို့သင်ထင်ကောင်းထင်နိုင်ပေမဲ့ လုံးဝမဟုတ်ပါဘူး။ သူတို့က အရမ်းကို ကျန်းမာတဲ့ဘဝကို ရရှိကြပြီး ပုံစံအရ နည်းနည်းလေးကွဲပြားနေတာပဲ ရှိပါတယ်။ ဒီအခြေအနေနဲ့ မွေးလာတဲ့ကလေးက တစ်ခေါင်းလုံးဆံပင်တွေဖြူပြီး မွေးလာတဲ့ကလေးနဲ့ မတူပါဘူး။ သူတို့ကသိုင်းရွိုက်ပုံမမှန်တာ၊ဗီတာမင်ချို့တဲ့တာနဲ့တခြားအခြေအနေတွေအများကြီးကြောင့်ဖြစ်တာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top