Property Expo
×

1.       အၿပံဳး

        အၿပံဳးမ်က္ႏွာေလးဟာ အမ်ဳိးသားေတြအေနနဲ႔ ပထမဆံုးသတိထားမိေစတဲ့ ပ်ဳိေမတို႔ရဲ႕ ဆြဲေဆာင္မႈ တစ္ခုပဲျဖစ္ပါတယ္။ အၿပံဳးအလွပိုင္ရွင္ (သို႔) မ်က္ႏွာခ်ဳိသူတစ္ဦးဟာ ပိုၿပီးဆြဲေဆာင္မႈရွိသလို လူခ်စ္လူခင္လည္းေပါမ်ားတတ္ၾကပါတယ္။ အၿပံဳးဟာ ခင္မင္မႈအစ သေကၤတတစ္ခုလို႔ သတ္မွတ္လို ရႏုိင္သလို မိမိရဲ႕အၿပံဳးေၾကာင့္ အျခားသူတစ္ေယာက္မ်က္ႏွာမွာပါ အၿပံဳးေရာင္သမ္းေစပါတယ္။ ဒါေၾကာင့္ မ်က္ႏွာကို အၿမဲတမ္းၿပံဳးၿပံဳးေလးထားပါ။ အသက္၀င္တဲ့အၿပံဳး တစ္ခုျဖစ္ဖို႔ေတာ့လိုအပ္ပါတယ္။ ႏွစ္လိုဖြယ္ေကာင္းၿပီး သဘာ၀က်က်ၿပံဳးႏုိင္တဲ့အၿပံဳးအလွပိုင္ရွင္ တစ္ေယာက္ျဖစ္ဖို႔ မွန္ေရွ႕မွာ အခါခါေလ့က်င့္ၾကည့္သင့္ပါတယ္။

2.       မ်က္၀န္း

        မ်က္လံုးဟာ လူတစ္ေယာက္ရဲ႕အတြင္းစိတ္သႏၱန္ကို ေပၚလြင္ေစႏုိင္တဲ့ ျပတင္းေပါက္လို႔ေတာင္ဆိုႏုိင္ပါတယ္။ လိမ္ညာေနသလား၊ အမွန္အတိုင္းေျပာေနသလားဆိုတာ မ်က္လံုးကိုၾကည့္လိုက္တာနဲ႔ အလြယ္တကူ ခန္႔မွန္း သိရွိႏုိင္ပါတယ္။ အမ်ဳိးသား ၇၀ ရာခုိင္ႏႈန္းနီးပါးဟာ အမ်ဳိးသမီးရဲ႕မ်က္၀န္းကို ဦးဆံုးသတိျပဳမိတတ္ေလ့ရွိၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ရႊန္းလဲ့ေတာက္ပေနတဲ့ မ်က္၀န္းအလွေၾကာင့္ မ်က္ႏွာအလွကို ပိုမိုေပၚလြင္ေစသလို ရင္းရင္းႏွီးႏွီးေဖာ္ေဖာ္ေရြေရႊေျပာဆိုဆက္ဆံတတ္ေၾကာင္းကိုလည္း ထင္ရွားေစတာေၾကာင့္ပါ။

3.       ဆံပင္

        ဆံပင္ပံုစံဟာ အမ်ဳိးသမီးတစ္ဦးရဲ႕မ်က္ႏွာအလွကို ထင္ေပၚေစႏုိင္တဲ့အလွေတြထဲမွာ တစ္ခုအပါအ၀င္ျဖစ္ပါတယ္။ ဆံပင္ပံုစံေၾကာင့္ ပိုၿပီးငယ္ရြယ္ႏုပ်ဳိသြားေစႏိုင္သလို အသက္ပိုႀကီးသြားေစႏုိင္ပါတယ္။ အမ်ဳိးသားေတြအေနနဲ႔ ဆံေကသာႏူးညံ့ေပ်ာ့ေပ်ာင္းတဲ့အမ်ဳိးသမီးေတြကို ပိုၿပီးဂ႐ုျပဳမိတတ္ၾကသလို ဆံပင္ရွည္ရွည္ အမ်ဳိးသမီးေတြကပိုၿပီး ဆြဲေဆာင္မႈရွိတယ္လို႔ သတ္မွတ္ေလ့ရွိတတ္ၾကပါတယ္။ ဒါေၾကာင့္ ကိုယ့္မ်က္ႏွာႏွင့္ လိုက္ဖက္မယ့္ ဆံပင္ပံုစံကို ေသခ်ာေရြးခ်ယ္သင့္ပါတယ္။

4.       ခႏၶာကိုယ္အခ်ိဳးအစား

        အမ်ဳိးသားေတြအေနနဲ႔ ပ်ဳိေမတို႔အား သတိထားမိေစႏုိင္တဲ့အခ်က္က ခႏၶာကို္ယ္အခ်ိဳးအစားပဲျဖစ္ပါတယ္။ အမ်ဳိးသမီးေတြအေနနဲ႔ ပိန္ပါးသြယ္လ်လြန္းျခင္းဟာ ၾကည့္မေကာင္းေစႏုိင္သလို ၀ဖိုင့္လြန္းျခင္းဟာလည္း ဆြဲေဆာင္မႈအားေလ်ာ့က်ေစပါတယ္။ ဒါေၾကာင့္ ပ်ဳိေမတို႔အေနနဲ႔ ခႏၶာကိုယ္အခ်ိဳးအစားေျပျပစ္လွပဖို႔အတြက္ က်န္းမာေရးနဲ႔ညီညြတ္ေစတဲ့အစားအေသာက္၊ သင့္ေတာ္တဲ့ ကိုယ္ကာယေလ့က်င့္ခန္းကို လုပ္ေဆာင္ကာ ညီမွ်တဲ့ကိုယ္အေလးခ်ိန္ထိန္းသိမ္းႏုိင္ဖို႔ ႀကိဳးစားသင့္ပါတယ္။

5.       ရင္သား

        ရင္သားဖြံ႕ၿဖိဳးသူအမ်ဳိးသမီးေတြအေနနဲ႔ ဘယ္လိုအက်ႌဒီဇိုင္းမ်ဳိးကိုမဆို၀တ္ဆင္တဲ့အခါ အခ်ဳိးအစားက်က် လွပေစႏုိင္သလို ဆြဲေဆာင္မႈလည္းပိုရွိေစပါတယ္။ ဒါေၾကာင့္ ပ်ဳိေမတို႔အေနနဲ႔ အ၀တ္အစား၀တ္လိုက္ခ်ိန္တိုင္းမွာ မိမိကိုယ္ကို ယံုၾကည္မႈပိုရွိေစၿပီး၊ လွပေက်ာ့ရွင္းေသာ ၿပီးျပည့္စံုတဲ့အလွကို ပိုင္ဆိုင္ႏိုင္ဖို႔ ရင္သားဖြံ႕ၿဖိဳးေစတဲ့ ေလ့က်င့္ခန္းေတြ လုပ္ေဆာင္သင့္တဲ့အျပင္ ႏြားႏုိ႔ေသာက္ျခင္း၊ သေဘၤာသီးေဖ်ာ္ရည္ေသာက္ျခင္း၊ ရင္သားလိမ္း ခရင္မ္လိမ္းျခင္း၊ ေဆးဖက္၀င္အရြက္မ်ားစားသံုးျခင္း၊ အသားဓာတ္မ်ားမ်ားစားသံုးျခင္း၊ စတာေတြကို ျပဳလုပ္ေပးသင့္ပါတယ္။

6.       မိတ္ကပ္အျပင္အဆင္

        သဘာ၀ဆန္တဲ့ မိတ္ကပ္ျပင္ဆင္မႈေတြက အမ်ဳီးသမီးေတြကို ဆြဲေဆာင္မႈပိုရွိေစပါတယ္။ ဒါေၾကာင့္ ပ်ဳိေမတို႔အေနနဲ႔ မိမိအလွကို ေပၚလြင္ျမင္သာေအာင္ ျပင္ဆင္ပါ။ ဒါေပမယ့္ မိမိမ်က္ႏွာအလွကို ပိုၿပီးရင့္သြားေစႏုိင္တဲ့ ျခယ္သမႈမ်ဳိးကိုေတာ့ သတိျပဳသင့္ပါတယ္။

7.       ေျခတံ

        ေျခတံသြယ္လ်ၿပီး ေျခသလံုးၾကြက္သားေျပျပစ္လွပမႈဟာလည္း အမ်ဳိးသမီးတို႔ရဲ႕ ဆြဲေဆာင္ေစႏုိင္တဲ့ အလွမ်ားထဲမွာ တစ္ခုအပါအ၀င္ျဖစ္ပါတယ္။ သင့္အေနနဲ႔ ေျခတံေသးသြယ္ၿပီး အရပ္ရွည္သူတစ္ေယာက္ မျဖစ္ႏိုင္ဘူးဆိုၿပီး စိတ္အားမေလ်ာ့လိုက္ပါနဲ႔၊ ေန႔စဥ္ေပါင္တံမွ ေျခသလံုးတစ္ေလွ်ာက္ အစိုဓာတ္ထိန္းခရင္မ္ လိမ္းေပးျခင္း၊ ျဖည္းျဖည္းမွန္မွန္လမ္းေလွ်ာက္ျခင္း၊ ထိုင္ထေလ့က်င့္ခန္းလုပ္ျခင္း၊ စက္ဘီးစီးျခင္း၊ ေနာက္ေက်ာမွီ ထိုင္လ်က္ေျခေထာက္ႏွစ္ဖက္စလံုးကို ျမႇင့္တင္လိုက္ျပန္ခ်လိုက္ျပဳလုပ္ျခင္း၊ သစ္သီး၀လံဟင္းသီးဟင္းရြက္စား သံုးျခင္း၊ ႏြားႏုိ႔ေသာက္ျခင္းတို႔ ျပဳလုပ္ေပးပါက ေျခသလံုးၾကြက္သား၊ ေပါင္တံၾကြက္သားတို႔ကို က်စ္လ်စ္သြယ္လ်ေစႏုိင္႐ံုသာမက တင္ပါးကိုလည္း ဖြံ႕ထြားစြံကားလာေစႏုိင္ကာ ခႏၶာကိုယ္ အခ်ဳိးအစားေျပျပစ္လွပလာေစႏုိင္ပါတယ္။

8.       အသားအေရ

        ႏူးညံ့ေခ်ာေမြ႕ၿပီးၾကည္လင္တဲ့ အသားအေရပိုင္ရွင္အမ်ဳိးသမီးေတြဟာ ဆြဲေဆာင္မႈအားတစ္ခု ပိုသာတယ္ လို႔ေတာင္ဆိုႏုိင္ပါတယ္။ ဒါေၾကာင့္ ပ်ဳိေမေတြေနနဲ႔ မိမိအသားအေရကို အထူးဂ႐ုျပဳ ထိန္းသိမ္းေစာင့္ေရွာက္ေပးဖို႔ လိုအပ္ပါတယ္။ အသားအေရထိန္းသိမ္းရာမွာ အစိုဓာတ္ထိန္းေပးဖို႔ အဓိကလိုအပ္ၿပီး အိပ္ေရး၀၀အိပ္သင့္တဲ့အျပင္ စိတ္ဖိစီးမႈေတြကင္းေ၀းေစဖို႔ကလည္း ပဓာနက်ပါတယ္။ ဒါ့အျပင္ ေရမ်ားမ်ားေသာက္ျခင္း၊ ဟင္းသီးဟင္းရြက္၊ သစ္သီး၀လံမ်ားစားသံုးျခင္း၊ မိမိအသားအေရနဲ႔ ကိုက္ညီတဲ့အလွကုန္ပစၥည္းကိုသာ ေရြးခ်ယ္ သံုးစြဲျခင္း၊ ေနေရာင္ကာ ခရင္မ္လိမ္းျခင္းတို႔ကို လုပ္ေဆာင္ျခင္းျဖင့္ အသားအေရထိန္းသိမ္း ေပးသင့္ပါတယ္။

9.       ၀တ္စားဆင္ယင္မႈပံုစံ

        မိမိသြားမယ့္ေနရာနဲ႔လိုက္ေလ်ာညီေထြျဖစ္ေအာင္ ၀တ္စားဆင္ယင္တတ္ျခင္းဟာလည္း အမ်ဳိးသမီးတစ္ ဦးရဲ႕ဆြဲေဆာင္မႈတစ္ရပ္ျဖစ္ေစႏုိင္သလို ေဒါက္ျမင့္ဖိနပ္၊ အ၀တ္အစားနဲ႔လိုက္ဖက္ေအာင္ ဆင္ယင္ထားတဲ့ တြဲဖက္ ပစၥည္း၊ ပ်ဳိေမတို႔ရဲ႕ကိုယ္သင္းရနံ႔ဟာ မိမိဘယ္ေလာက္ေခတ္မီစတိုင္က်လွပတယ္ဆိုတာ ကို ေဖာ္က်ဴးႏုိင္တဲ့ အျပင္အဆင္မ်ားျဖစ္ပါတယ္။ ဒါေၾကာင့္ ပ်ဳိေမတို႔အေနနဲ႔ မိမိကုိယ္ကို ယံုၾကည္မႈပိုရွိေစဖို႔ ပိုၿပီးဆြဲေဆာင္မႈရွိေစဖို႔ အတြက္ ေခတ္နဲ႔အညီ၀တ္စားဆင္ယင္တတ္ဖို႔က အဓိကအခန္းက႑မွာ ပါ၀င္ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Drmyanmar

Unicode Version

1.       အပြုံး

        အပြုံးမျက်နှာလေးဟာ အမျိုးသားတွေအနေနဲ့ ပထမဆုံးသတိထားမိစေတဲ့ ပျိုမေတို့ရဲ့ ဆွဲဆောင်မှု တစ်ခုပဲဖြစ်ပါတယ်။ အပြုံးအလှပိုင်ရှင် (သို့) မျက်နှာချိုသူတစ်ဦးဟာ ပိုပြီးဆွဲဆောင်မှုရှိသလို လူချစ်လူခင်လည်းပေါများတတ်ကြပါတယ်။ အပြုံးဟာ ခင်မင်မှုအစ သင်္ကေတတစ်ခုလို့ သတ်မှတ်လို ရနိုင်သလို မိမိရဲ့အပြုံးကြောင့် အခြားသူတစ်ယောက်မျက်နှာမှာပါ အပြုံးရောင်သမ်းစေပါတယ်။ ဒါကြောင့် မျက်နှာကို အမြဲတမ်းပြုံးပြုံးလေးထားပါ။ အသက်ဝင်တဲ့အပြုံး တစ်ခုဖြစ်ဖို့တော့လိုအပ်ပါတယ်။ နှစ်လိုဖွယ်ကောင်းပြီး သဘာဝကျကျပြုံးနိုင်တဲ့အပြုံးအလှပိုင်ရှင် တစ်ယောက်ဖြစ်ဖို့ မှန်ရှေ့မှာ အခါခါလေ့ကျင့်ကြည့်သင့်ပါတယ်။

2.       မျက်ဝန်း

        မျက်လုံးဟာ လူတစ်ယောက်ရဲ့အတွင်းစိတ်သန္တန်ကို ပေါ်လွင်စေနိုင်တဲ့ ပြတင်းပေါက်လို့တောင်ဆိုနိုင်ပါတယ်။ လိမ်ညာနေသလား၊ အမှန်အတိုင်းပြောနေသလားဆိုတာ မျက်လုံးကိုကြည့်လိုက်တာနဲ့ အလွယ်တကူ ခန့်မှန်း သိရှိနိုင်ပါတယ်။ အမျိုးသား ၇၀ ရာခိုင်နှုန်းနီးပါးဟာ အမျိုးသမီးရဲ့မျက်ဝန်းကို ဦးဆုံးသတိပြုမိတတ်လေ့ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ရွှန်းလဲ့တောက်ပနေတဲ့ မျက်ဝန်းအလှကြောင့် မျက်နှာအလှကို ပိုမိုပေါ်လွင်စေသလို ရင်းရင်းနှီးနှီးဖော်ဖော်ရွေရွှေပြောဆိုဆက်ဆံတတ်ကြောင်းကိုလည်း ထင်ရှားစေတာကြောင့်ပါ။

3.       ဆံပင်

        ဆံပင်ပုံစံဟာ အမျိုးသမီးတစ်ဦးရဲ့မျက်နှာအလှကို ထင်ပေါ်စေနိုင်တဲ့အလှတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဆံပင်ပုံစံကြောင့် ပိုပြီးငယ်ရွယ်နုပျိုသွားစေနိုင်သလို အသက်ပိုကြီးသွားစေနိုင်ပါတယ်။ အမျိုးသားတွေအနေနဲ့ ဆံကေသာနူးညံ့ပျော့ပျောင်းတဲ့အမျိုးသမီးတွေကို ပိုပြီးဂရုပြုမိတတ်ကြသလို ဆံပင်ရှည်ရှည် အမျိုးသမီးတွေကပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ သတ်မှတ်လေ့ရှိတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်မျက်နှာနှင့် လိုက်ဖက်မယ့် ဆံပင်ပုံစံကို သေချာရွေးချယ်သင့်ပါတယ်။

4.       ခန္ဓာကိုယ်အချိုးအစား

        အမျိုးသားတွေအနေနဲ့ ပျိုမေတို့အား သတိထားမိစေနိုင်တဲ့အချက်က ခန္ဓာကိုယ်အချိုးအစားပဲဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ပိန်ပါးသွယ်လျလွန်းခြင်းဟာ ကြည့်မကောင်းစေနိုင်သလို ဝဖိုင့်လွန်းခြင်းဟာလည်း ဆွဲဆောင်မှုအားလျော့ကျစေပါတယ်။ ဒါကြောင့် ပျိုမေတို့အနေနဲ့ ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်စေတဲ့အစားအသောက်၊ သင့်တော်တဲ့ ကိုယ်ကာယလေ့ကျင့်ခန်းကို လုပ်ဆောင်ကာ ညီမျှတဲ့ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားသင့်ပါတယ်။

5.       ရင်သား

        ရင်သားဖွံ့ဖြိုးသူအမျိုးသမီးတွေအနေနဲ့ ဘယ်လိုအကျႌဒီဇိုင်းမျိုးကိုမဆိုဝတ်ဆင်တဲ့အခါ အချိုးအစားကျကျ လှပစေနိုင်သလို ဆွဲဆောင်မှုလည်းပိုရှိစေပါတယ်။ ဒါကြောင့် ပျိုမေတို့အနေနဲ့ အဝတ်အစားဝတ်လိုက်ချိန်တိုင်းမှာ မိမိကိုယ်ကို ယုံကြည်မှုပိုရှိစေပြီး၊ လှပကျော့ရှင်းသော ပြီးပြည့်စုံတဲ့အလှကို ပိုင်ဆိုင်နိုင်ဖို့ ရင်သားဖွံ့ဖြိုးစေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်သင့်တဲ့အပြင် နွားနို့သောက်ခြင်း၊ သင်္ဘောသီးဖျော်ရည်သောက်ခြင်း၊ ရင်သားလိမ်း ခရင်မ်လိမ်းခြင်း၊ ဆေးဖက်ဝင်အရွက်များစားသုံးခြင်း၊ အသားဓာတ်များများစားသုံးခြင်း၊ စတာတွေကို ပြုလုပ်ပေးသင့်ပါတယ်။

6.       မိတ်ကပ်အပြင်အဆင်

        သဘာဝဆန်တဲ့ မိတ်ကပ်ပြင်ဆင်မှုတွေက အမျီုးသမီးတွေကို ဆွဲဆောင်မှုပိုရှိစေပါတယ်။ ဒါကြောင့် ပျိုမေတို့အနေနဲ့ မိမိအလှကို ပေါ်လွင်မြင်သာအောင် ပြင်ဆင်ပါ။ ဒါပေမယ့် မိမိမျက်နှာအလှကို ပိုပြီးရင့်သွားစေနိုင်တဲ့ ခြယ်သမှုမျိုးကိုတော့ သတိပြုသင့်ပါတယ်။

7.       ခြေတံ

        ခြေတံသွယ်လျပြီး ခြေသလုံးကြွက်သားပြေပြစ်လှပမှုဟာလည်း အမျိုးသမီးတို့ရဲ့ ဆွဲဆောင်စေနိုင်တဲ့ အလှများထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သင့်အနေနဲ့ ခြေတံသေးသွယ်ပြီး အရပ်ရှည်သူတစ်ယောက် မဖြစ်နိုင်ဘူးဆိုပြီး စိတ်အားမလျော့လိုက်ပါနဲ့၊ နေ့စဉ်ပေါင်တံမှ ခြေသလုံးတစ်လျှောက် အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးခြင်း၊ ဖြည်းဖြည်းမှန်မှန်လမ်းလျှောက်ခြင်း၊ ထိုင်ထလေ့ကျင့်ခန်းလုပ်ခြင်း၊ စက်ဘီးစီးခြင်း၊ နောက်ကျောမှီ ထိုင်လျက်ခြေထောက်နှစ်ဖက်စလုံးကို မြှင့်တင်လိုက်ပြန်ချလိုက်ပြုလုပ်ခြင်း၊ သစ်သီးဝလံဟင်းသီးဟင်းရွက်စား သုံးခြင်း၊ နွားနို့သောက်ခြင်းတို့ ပြုလုပ်ပေးပါက ခြေသလုံးကြွက်သား၊ ပေါင်တံကြွက်သားတို့ကို ကျစ်လျစ်သွယ်လျစေနိုင်ရုံသာမက တင်ပါးကိုလည်း ဖွံ့ထွားစွံကားလာစေနိုင်ကာ ခန္ဓာကိုယ် အချိုးအစားပြေပြစ်လှပလာစေနိုင်ပါတယ်။

8.       အသားအရေ

        နူးညံ့ချောမွေ့ပြီးကြည်လင်တဲ့ အသားအရေပိုင်ရှင်အမျိုးသမီးတွေဟာ ဆွဲဆောင်မှုအားတစ်ခု ပိုသာတယ် လို့တောင်ဆိုနိုင်ပါတယ်။ ဒါကြောင့် ပျိုမေတွေနေနဲ့ မိမိအသားအရေကို အထူးဂရုပြု ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ အသားအရေထိန်းသိမ်းရာမှာ အစိုဓာတ်ထိန်းပေးဖို့ အဓိကလိုအပ်ပြီး အိပ်ရေး၀၀အိပ်သင့်တဲ့အပြင် စိတ်ဖိစီးမှုတွေကင်းဝေးစေဖို့ကလည်း ပဓာနကျပါတယ်။ ဒါ့အပြင် ရေများများသောက်ခြင်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများစားသုံးခြင်း၊ မိမိအသားအရေနဲ့ ကိုက်ညီတဲ့အလှကုန်ပစ္စည်းကိုသာ ရွေးချယ် သုံးစွဲခြင်း၊ နေရောင်ကာ ခရင်မ်လိမ်းခြင်းတို့ကို လုပ်ဆောင်ခြင်းဖြင့် အသားအရေထိန်းသိမ်း ပေးသင့်ပါတယ်။

9.       ဝတ်စားဆင်ယင်မှုပုံစံ

        မိမိသွားမယ့်နေရာနဲ့လိုက်လျောညီထွေဖြစ်အောင် ဝတ်စားဆင်ယင်တတ်ခြင်းဟာလည်း အမျိုးသမီးတစ် ဦးရဲ့ဆွဲဆောင်မှုတစ်ရပ်ဖြစ်စေနိုင်သလို ဒေါက်မြင့်ဖိနပ်၊ အဝတ်အစားနဲ့လိုက်ဖက်အောင် ဆင်ယင်ထားတဲ့ တွဲဖက် ပစ္စည်း၊ ပျိုမေတို့ရဲ့ကိုယ်သင်းရနံ့ဟာ မိမိဘယ်လောက်ခေတ်မီစတိုင်ကျလှပတယ်ဆိုတာ ကို ဖော်ကျူးနိုင်တဲ့ အပြင်အဆင်များဖြစ်ပါတယ်။ ဒါကြောင့် ပျိုမေတို့အနေနဲ့ မိမိကိုယ်ကို ယုံကြည်မှုပိုရှိစေဖို့ ပိုပြီးဆွဲဆောင်မှုရှိစေဖို့ အတွက် ခေတ်နဲ့အညီဝတ်စားဆင်ယင်တတ်ဖို့က အဓိကအခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Drmyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top