Property Expo
×

တခါတေလမွာ လူတခ်ဳိ႕ဟာအမႈိက္ထက္ေတာင္ ပိုျပီးညစ္ပတ္ၾကပါတယ္။ ဒီလိုညစ္ပတ္တဲ့လုပ္ရပ္မ်ဳိး က်ဴးလြန္တဲ့သူေတြကုိသူတုိ႔နဲ႔ထိုက္တန္တဲ့ ျပစ္ဒဏ္မ်ဳိး ခံေစခ်င္တာထုံးစံပါပဲ။ အထူးသျဖင့္ အသက္ ၁၂ ႏွစ္အရြယ္ကိုယ့္ရဲ႕ သမီးအရင္းကို မတရားၾကံတဲ့အေဖျဖစ္သူက ဘယ္လိုမွ ခြင့္လႊတ္ေပးစရာမေကာင္းတဲ့ လူပါ။ စဥ္းစားဥာဏ္ရွိတဲ့ ပုံမွန္လူတစ္ေယာက္ကေတာ့ ဒီလုိလူမ်ုဳိးကို ေထာင္ထဲမွာပဲ ေဆြးျမည့္သြားတဲ့အထိ ထည့္ပစ္လိုက္ခ်င္မွာပါ။ ဒါေပမဲ့ Montana တရားသူၾကီးကေတာ့ ဒီျပစ္မႈက ေထာင္ဒဏ္ရက္ ၆၀ ပဲခ်သင့္တယ္လို႔ ယူဆခဲ့တာကို လက္ခံႏုိင္စရာလို႔ မထင္ပါဘူး။

ဒီ့ထက္ပိုဆုိးတာရွိပါေသးတယ္။ Martin Blakeဆုိတဲ့ ဖခင္ျဖစ္သူကရက္ ၆၀ ေထာင္ဒဏ္မွာေတာင္ ခ်ဳပ္ရက္မ်ားနဲ႔ ေပါင္းျပီး ၄၃ ရက္ပဲေထာင္က်ခဲ့ပါတယ္တဲ့။ ဒီလိုျပစ္မႈမ်ဳိးက်ဴးလြန္တဲ့သူက အနည္းဆုံးေထာင္ဒဏ္ ၂၅ ႏွစ္နဲ႔ ေဒၚလာ ၅ ေသာင္းဒဏ္ေၾကးေပးေဆာင္ရမွာ ျဖစ္ပါတယ္။  သုိ႔ေသာ္ တရားသူၾကီး McKeon က မတရားက်င့္ခံရတဲ့ကေလးရဲ႕ အေမနဲ႔ အဖြားျဖစ္သူရဲ႕ အသနားခံစာအေပၚမွာယိမ္းယိုင္သြားတာလည္း ျဖစ္ႏုိင္ပါတယ္တဲ့။

ကေလးအေမေရးထားတဲ့စာက-
“တရားခံအေနနဲ႔ ေၾကာက္ရြ႔ံစရာေကာင္းတဲ့ ေရြးခ်ယ္မႈကို လုပ္ခဲ့ပါတယ္။ သုိ႔ေသာ္ ေထာင္ထဲမွာ၂၅ ႏွစ္ၾကာ မေနရဖို႔အတြက္ သူအကူအညီလိုေနပါတယ္္ ။ သူ႔မွာ သူ႔ကိုခ်စ္ေနဆဲျဖစ္တဲ့ သားႏွစ္ေယာက္ရွိ္ျပီး သူတုိ႔ႏွစ္ေယာက္ရဲ႕ ဘဝထဲမွာ သူတုိ႔အေဖရွိဖုိ႔ လုိအပ္ေနပါတယ္။ ကၽြန္မကေလးေတြကုိ သူတို႔အေဖနဲ႔ ျပန္ျပီး အဆင္ေျပေျပေနေနတာကို ေတြ႔ခ်င္ပါတယ္။ သူက မေကာင္းတဲ့မိစၦာတစ္ေယာက္ မဟုတ္ပါဘူး။ သူကတကယ္ပဲ တလြဲတေခ်ာ္လုပ္ခဲ့မိတာျဖစ္ျပီး အဲ့လိုျပဳမူမိတဲ့အခ်ိန္ကတည္းကစျပီး နည္းလမ္းေပါင္းမ်ားစြာနဲ့ ေပးဆပ္ခဲ့ျပီး ဆက္ျပီးလည္း ေပးဆပ္သြားမွာပါ။” လို႔ေရးခဲ့ပါတယ္။

အဘြား( တရားခံ၏ ေယာကၡမ)ျဖစ္သူကလည္း-
“ကၽြန္မေျမးကို တရားခံလုပ္ခဲ့တဲ့ အျပဳအမူက အရမ္းကို ေၾကာက္စရာေကာင္းပါတယ္။ ဒီလုပ္ရပ္ရဲ႕အက်ဳိးဆက္ကို သူခံယူသင့္ပါတယ္။ ဒါေပမဲ့ သူ႔မွာ သူတို႔အေဖမရွိေတာ့ရင္ အရမ္းေၾကကြဲခံစားရမယ့္ သားႏွစ္ေယာက္ရွိပါေသးတယ္” လုိ႔ ေရးျပီး တရားသူၾကီးထံေပးပို႔ခဲ့ပါတယ္။

တရားခံ Martin Blake က လိင္မတရားျပဳက်င့္သူျဖစ္တာေၾကာင့္ ကြန္ပ်ဴတာတစ္လုံး ပိုင္ဆုိင္ခြင့္မရွိသလို ကေလးညစ္ညမ္းရုပ္ရွင္ေတြၾကည့္တာကို တားျမစ္ဖုိ႔ အင္တာနက္အသုံးျပဳခြင့္လည္း ရရွိႏုိင္မွာ မဟုတ္ပါဘူး။ ဒီျပစ္မႈရဲ႕ ျပစ္ဒဏ္ခ်မွတ္မႈကို လူအမ်ားက မေက်နပ္တဲ့အတြက္ တရားသူၾကီးကို တရားစြဲဖို႔ လူေပါင္း ၅၅၀၀၀ ေက်ာ္က လက္မွတ္ထုိးသေဘာတူထားျပီးျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

တခါတလေမှာ လူတချို့ဟာအမှိုက်ထက်တောင် ပိုပြီးညစ်ပတ်ကြပါတယ်။ ဒီလိုညစ်ပတ်တဲ့လုပ်ရပ်မျိုး ကျူးလွန်တဲ့သူတွေကိုသူတို့နဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်မျိုး ခံစေချင်တာထုံးစံပါပဲ။ အထူးသဖြင့် အသက် ၁၂ နှစ်အရွယ်ကိုယ့်ရဲ့ သမီးအရင်းကို မတရားကြံတဲ့အဖေဖြစ်သူက ဘယ်လိုမှ ခွင့်လွှတ်ပေးစရာမကောင်းတဲ့ လူပါ။ စဉ်းစားဉာဏ်ရှိတဲ့ ပုံမှန်လူတစ်ယောက်ကတော့ ဒီလိုလူမျိုုးကို ထောင်ထဲမှာပဲ ဆွေးမြည့်သွားတဲ့အထိ ထည့်ပစ်လိုက်ချင်မှာပါ။ ဒါပေမဲ့ Montana တရားသူကြီးကတော့ ဒီပြစ်မှုက ထောင်ဒဏ်ရက် ၆၀ ပဲချသင့်တယ်လို့ ယူဆခဲ့တာကို လက်ခံနိုင်စရာလို့ မထင်ပါဘူး။

ဒီ့ထက်ပိုဆိုးတာရှိပါသေးတယ်။ Martin Blakeဆိုတဲ့ ဖခင်ဖြစ်သူကရက် ၆၀ ထောင်ဒဏ်မှာတောင် ချုပ်ရက်များနဲ့ ပေါင်းပြီး ၄၃ ရက်ပဲထောင်ကျခဲ့ပါတယ်တဲ့။ ဒီလိုပြစ်မှုမျိုးကျူးလွန်တဲ့သူက အနည်းဆုံးထောင်ဒဏ် ၂၅ နှစ်နဲ့ ဒေါ်လာ ၅ သောင်းဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပါတယ်။  သို့သော် တရားသူကြီး McKeon က မတရားကျင့်ခံရတဲ့ကလေးရဲ့ အမေနဲ့ အဖွားဖြစ်သူရဲ့ အသနားခံစာအပေါ်မှာယိမ်းယိုင်သွားတာလည်း ဖြစ်နိုင်ပါတယ်တဲ့။

ကလေးအမေရေးထားတဲ့စာက-
“တရားခံအနေနဲ့ ကြောက်ရွံ့စရာကောင်းတဲ့ ရွေးချယ်မှုကို လုပ်ခဲ့ပါတယ်။ သို့သော် ထောင်ထဲမှာ၂၅ နှစ်ကြာ မနေရဖို့အတွက် သူအကူအညီလိုနေပါတယ် ။ သူ့မှာ သူ့ကိုချစ်နေဆဲဖြစ်တဲ့ သားနှစ်ယောက်ရှိပြီး သူတို့နှစ်ယောက်ရဲ့ ဘဝထဲမှာ သူတို့အဖေရှိဖို့ လိုအပ်နေပါတယ်။ ကျွန်မကလေးတွေကို သူတို့အဖေနဲ့ ပြန်ပြီး အဆင်ပြေပြေနေနေတာကို တွေ့ချင်ပါတယ်။ သူက မကောင်းတဲ့မိစ္ဆာတစ်ယောက် မဟုတ်ပါဘူး။ သူကတကယ်ပဲ တလွဲတချော်လုပ်ခဲ့မိတာဖြစ်ပြီး အဲ့လိုပြုမူမိတဲ့အချိန်ကတည်းကစပြီး နည်းလမ်းပေါင်းများစွာနဲ့ ပေးဆပ်ခဲ့ပြီး ဆက်ပြီးလည်း ပေးဆပ်သွားမှာပါ။” လို့ရေးခဲ့ပါတယ်။

အဘွား( တရားခံ၏ ယောက္ခမ)ဖြစ်သူကလည်း-
“ကျွန်မမြေးကို တရားခံလုပ်ခဲ့တဲ့ အပြုအမူက အရမ်းကို ကြောက်စရာကောင်းပါတယ်။ ဒီလုပ်ရပ်ရဲ့အကျိုးဆက်ကို သူခံယူသင့်ပါတယ်။ ဒါပေမဲ့ သူ့မှာ သူတို့အဖေမရှိတော့ရင် အရမ်းကြေကွဲခံစားရမယ့် သားနှစ်ယောက်ရှိပါသေးတယ်” လို့ ရေးပြီး တရားသူကြီးထံပေးပို့ခဲ့ပါတယ်။

တရားခံ Martin Blake က လိင်မတရားပြုကျင့်သူဖြစ်တာကြောင့် ကွန်ပျူတာတစ်လုံး ပိုင်ဆိုင်ခွင့်မရှိသလို ကလေးညစ်ညမ်းရုပ်ရှင်တွေကြည့်တာကို တားမြစ်ဖို့ အင်တာနက်အသုံးပြုခွင့်လည်း ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒီပြစ်မှုရဲ့ ပြစ်ဒဏ်ချမှတ်မှုကို လူအများက မကျေနပ်တဲ့အတွက် တရားသူကြီးကို တရားစွဲဖို့ လူပေါင်း ၅၅၀၀၀ ကျော်က လက်မှတ်ထိုးသဘောတူထားပြီးဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top