Property Expo
×

ပေယာဂဝင္သည္ဆို ကာ အသက္(၅)ႏွစ္ေအာက္ ကေလးငယ္သံုးဦးကို ေသဆံုး သည္အထိ ႐ိုက္ႏွက္ခဲ့ေသာ ပေယာဂဆရာဆုိသူ ထြန္းထြန္းႏိုင္ကို ႏိုဝင္ဘာ ၃ ရက္တြင္ ဒုတိယအႀကိမ္ ခ်ဳပ္ရက္ရမန္ယူခဲ့ၿပီး ႏိုဝင္ဘာ ၁၅၌ တရားစြဲဆိုမည္ဟု တြံေတးၿမိဳ႕နယ္ တရား႐ံုး မွ သတင္းရရွိသည္။

ပေယာဂဆရာဆုိသူ ထြန္းထြန္းႏိုင္ကို တြံေတးၿမိဳ႕မရဲ စခန္းက လူသတ္မႈ၊ အျပင္း အထန္နာက်င္ေစမႈ၊ အေလာင္း ေဖ်ာက္ဖ်က္မႈ စသည့္ပုဒ္မ ၃၀၂၊ ၃၂၅၊ ၂၀၁ တို႔ျဖင့္ အမႈဖြင့္ထား ၿပီး အမႈတြင္ ပါဝင္ပတ္သက္သူ မ်ားကိုလည္း စစ္ေဆးေမးျမန္း ထားေၾကာင္း သတင္းရရွိသည္။

ယခုကဲ့သို႔ ဒုတိယအႀကိမ္ အခ်ဳပ္ရမန္ယူရျခင္းမွာ ထြန္းထြန္းႏိုင္၏ အမႈသည္ ေထာင္ဒဏ္ခုနစ္ ႏွစ္ႏွင့္အထက္ျဖစ္၍ အခ်ဳပ္ ရမန္ရက္ေပါင္း ၃၀ အထိယူ၍ ရေၾကာင္း၊ ျပစ္ဒဏ္ ခုနစ္ႏွစ္ ေအာက္ဆိုပါက ၁၅ ရက္အထိ ယူ ၍ရေၾကာင္း 7Day Daily သတင္း စာ၏ ေမးျမန္းခ်က္ကို ယင္းၿမိဳ႕ နယ္၏ မႈခင္းမွတ္တမ္းတာဝန္ခံ ရဲအုပ္ဝင္းရီက ေျဖၾကားသည္။ ပေယာဂဆရာဆုိသူ ထြန္းထြန္း ႏိုင္ကို တရား႐ံုးတြင္ မစစ္ေဆးမီအခ်ဳပ္ရမန္ ၂၆ ရက္ ယူထားသည္။

တြံေတးၿမိဳ႕နယ္ ရဲစခန္းမွဴး က ေတာင္ပိုင္းခ႐ိုင္တရား႐ံုးတြင္ တရားလိုျပဳလုပ္၍ ႏိုဝင္ဘာ ၁၅ ရက္၌ တရားစြဲဆုိမည္ဟု ၎က ဆက္လက္ေျပာသည္။ ေဆးစာ ရရွိေရး၊ ဓာတုေဗဒအႀကံျပဳလႊာ ရရွိေရး၊ ဥပေဒအႀကံျပဳခ်က္တင္ ေရး စသည့္ ရဲလုပ္ငန္းၿပီး ျပည့္စံုေအာင္ ေဆာင္ရြက္ရန္ က်န္ရွိေနေသး၍ ရမန္တိုးယူရျခင္းျဖစ္ ေၾကာင္း ၎က ဆက္လက္ေျပာ သည္။

‘‘ဒီေန႔ဖမ္း ဒီေန႔ဆြဲတင္ဆုိ တာက ဥပေဒအႀကံျပဳ အတည္ျပဳ ခ်က္ေတြလည္း ေတာင္းရေသး တယ္ေလ။ ပေယာဂက လူသတ္မႈဆိုတဲ့အတြက္ ေတာင္ပိုင္း ခ႐ိုင္မွာ စြဲမွာေပါ့။ ဥပေဒအႀကံေတာင္း တင္ရင္လည္း အဲဒီကိုပဲတင္ရမွာ။ ခ႐ိုင္ကို စြဲတင္တယ္ဆိုတာ လူသတ္မႈတို႔၊ ဓားျပမႈတို႔၊ မုဒိမ္းမႈတို႔ လုယက္မႈႀကီးေတြ’’ဟု တြံေတးၿမိဳ႕နယ္မွဴး ဦးခင္ေမာင္ေရႊက 7DayDaily သတင္းစာအား ေျဖၾကားသည္။

ရန္ကုန္တုိင္းေဒသႀကီး တြံ ေတးၿမိဳ႕နယ္ မိုင္ ၂၀ ေက်းရြာတြင္ အသက္ ရွစ္လသား အရြယ္တစ္ ဦး၊ (၂)ႏွစ္သားအရြယ္တစ္ဦး၊ (၃)ႏွစ္သားႏွင့္ (၄)ႏွစ္သားအရြယ္ ကေလးမ်ားကို ပေယာဂဝင္သည္ ဆိုကာ ႐ိုက္ႏွက္ျခင္းေၾကာင့္ ကေလးသံုးဦး ေသဆံုးၿပီး က်န္ တစ္ဦးမွာ ျပင္းျပင္းထန္ထန္ ဒဏ္ ရာရရွိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ပယောဂဝင်သည်ဆို ကာ အသက်(၅)နှစ်အောက် ကလေးငယ်သုံးဦးကို သေဆုံး သည်အထိ ရိုက်နှက်ခဲ့သော ပယောဂဆရာဆိုသူ ထွန်းထွန်းနိုင်ကို နိုဝင်ဘာ ၃ ရက်တွင် ဒုတိယအကြိမ် ချုပ်ရက်ရမန်ယူခဲ့ပြီး နိုဝင်ဘာ ၁၅၌ တရားစွဲဆိုမည်ဟု တွံတေးမြို့နယ် တရားရုံး မှ သတင်းရရှိသည်။

ပယောဂဆရာဆိုသူ ထွန်းထွန်းနိုင်ကို တွံတေးမြို့မရဲ စခန်းက လူသတ်မှု၊ အပြင်း အထန်နာကျင်စေမှု၊ အလောင်း ဖျောက်ဖျက်မှု စသည့်ပုဒ်မ ၃၀၂၊ ၃၂၅၊ ၂၀၁ တို့ဖြင့် အမှုဖွင့်ထား ပြီး အမှုတွင် ပါဝင်ပတ်သက်သူ များကိုလည်း စစ်ဆေးမေးမြန်း ထားကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ ဒုတိယအကြိမ် အချုပ်ရမန်ယူရခြင်းမှာ ထွန်းထွန်းနိုင်၏ အမှုသည် ထောင်ဒဏ်ခုနစ် နှစ်နှင့်အထက်ဖြစ်၍ အချုပ် ရမန်ရက်ပေါင်း ၃၀ အထိယူ၍ ရကြောင်း၊ ပြစ်ဒဏ် ခုနစ်နှစ် အောက်ဆိုပါက ၁၅ ရက်အထိ ယူ ၍ရကြောင်း 7Day Daily သတင်း စာ၏ မေးမြန်းချက်ကို ယင်းမြို့ နယ်၏ မှုခင်းမှတ်တမ်းတာဝန်ခံ ရဲအုပ်ဝင်းရီက ဖြေကြားသည်။ ပယောဂဆရာဆိုသူ ထွန်းထွန်း နိုင်ကို တရားရုံးတွင် မစစ်ဆေးမီအချုပ်ရမန် ၂၆ ရက် ယူထားသည်။

တွံတေးမြို့နယ် ရဲစခန်းမှူး က တောင်ပိုင်းခရိုင်တရားရုံးတွင် တရားလိုပြုလုပ်၍ နိုဝင်ဘာ ၁၅ ရက်၌ တရားစွဲဆိုမည်ဟု ၎င်းက ဆက်လက်ပြောသည်။ ဆေးစာ ရရှိရေး၊ ဓာတုဗေဒအကြံပြုလွှာ ရရှိရေး၊ ဥပဒေအကြံပြုချက်တင် ရေး စသည့် ရဲလုပ်ငန်းပြီး ပြည့်စုံအောင် ဆောင်ရွက်ရန် ကျန်ရှိနေသေး၍ ရမန်တိုးယူရခြင်းဖြစ် ကြောင်း ၎င်းက ဆက်လက်ပြော သည်။

‘‘ဒီနေ့ဖမ်း ဒီနေ့ဆွဲတင်ဆို တာက ဥပဒေအကြံပြု အတည်ပြု ချက်တွေလည်း တောင်းရသေး တယ်လေ။ ပယောဂက လူသတ်မှုဆိုတဲ့အတွက် တောင်ပိုင်း ခရိုင်မှာ စွဲမှာပေါ့။ ဥပဒေအကြံတောင်း တင်ရင်လည်း အဲဒီကိုပဲတင်ရမှာ။ ခရိုင်ကို စွဲတင်တယ်ဆိုတာ လူသတ်မှုတို့၊ ဓားပြမှုတို့၊ မုဒိမ်းမှုတို့ လုယက်မှုကြီးတွေ’’ဟု တွံတေးမြို့နယ်မှူး ဦးခင်မောင်ရွှေက 7DayDaily သတင်းစာအား ဖြေကြားသည်။

ရန်ကုန်တိုင်းဒေသကြီး တွံ တေးမြို့နယ် မိုင် ၂၀ ကျေးရွာတွင် အသက် ရှစ်လသား အရွယ်တစ် ဦး၊ (၂)နှစ်သားအရွယ်တစ်ဦး၊ (၃)နှစ်သားနှင့် (၄)နှစ်သားအရွယ် ကလေးများကို ပယောဂဝင်သည် ဆိုကာ ရိုက်နှက်ခြင်းကြောင့် ကလေးသုံးဦး သေဆုံးပြီး ကျန် တစ်ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ် ရာရရှိခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top