Property Expo
×

ဖခင္ရဲ႕လုပ္ရပ္ေၾကာင့္ သမီးမွာ ရွက္ခဲ့ရပါတယ္။
သမီးျဖစ္သူရဲ႕ အင္စတာဂရမ္က ဆယ္ဖီဓာတ္ပံုေတြအတုိင္း လိုက္လုပ္တဲ့ ဖခင္ေၾကာင့္ သမီးျဖစ္သူူ ရွက္ခဲ့ရၿပီးတဲ့ေနာက္ အခုသတင္းကမွ သူမအတြက္ တကယ္ပဲ ရွက္စရာပါ။ ဖခင္က အင္စတာဂရမ္မွာ သူမထက္ နာမည္ႀကီးသြားၿပီး သူမထက္ Follower ႏွစ္ဆျဖစ္သြားပါတယ္။Cassie Martin
ခရစၥဘားဟာ သူ႔သမီးရဲ႕ ဆက္စီဆယ္လ္ဖီေတြကို လုိက္လံတုပလုပ္ေဆာင္လုိက္ၿပီးေနာက္ သူ႔ရဲ႕ Follower ၄၉ ဦးကို ရယ္ေမာေစခဲ့ပါတယ္။ဒါေပမဲ့ အသက္ ၄၈ ႏွစ္အရြယ္ အမ်ဳိးသားႀကီးရဲ႕ ပံုေတြဟာ ရယ္စရာေကာင္းလြန္းလွတဲ့အတြက္ Follower ၃၁,၀၀၀ ရွိတဲ့ သမီးထက္ ပိုနာမည္ႀကီးကာ အခုဆုိရင္ သူ႔ရဲ႕ Follower က ၅၃,၀၀၀ ေတာင္ ရွိသြားခဲ့ပါၿပီ။
“သမီးရဲ႕ ဆယ္ဖီပံုေတြက ေမလတုန္းက ေတြ႕လုိက္တာ။ ကၽြန္ေတာ္က ေဖ့စ္ဘြတ္ခ္ကိုေတာင္ သိပ္နားမလည္ေသးတဲ့အခ်ိန္မွာ သူက အင္စတာဂရမ္သံုးေနတာေတာင္ ၾကာေနၿပီ” လို႔ ခရစၥက ဆုိပါတယ္။
“ဒီေလာက္အထိ တံု႔ျပန္မႈမ်ားလိမ့္မယ္လို႔ မထင္ခဲ့ဘူး” လို႔ သူက Follower မ်ားလာတဲ့အတြက္ အံ့ၾသတႀကီးဆုိပါတယ္။

ကၽြန္မပံုစံ ဘယ္လိုျဖစ္ေနတယ္ဆုိတာကို အေဖက ျပခ်င္တာ။ ကၽြန္မ ေဖာ္တာေတြ လြန္တယ္လို႔ သူက သက္ေသျပခ်င္ခဲ့တာပါ” လို႔ သမီးျဖစ္သူ အသက္ ၂၀ အရြယ္ ေကစီက ေျပာပါတယ္။

“အခုေတာ့ ဒီေလာက္အခ်ိန္တုိေလးအတြင္းမွာ သူူက ကၽြန္မရဲ႕ Follower အေရအတြက္ထက္ ႏွစ္ဆတက္သြားတာ တကယ့္ကို အံ့ၾသစရာပါပဲ” လို႔ သူမက ဆုိခဲ့ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Mirror

#Unicode Version
ဖခင်ရဲ့လုပ်ရပ်ကြောင့် သမီးမှာ ရှက်ခဲ့ရပါတယ်။
သမီးဖြစ်သူရဲ့ အင်စတာဂရမ်က ဆယ်ဖီဓာတ်ပုံတွေအတိုင်း လိုက်လုပ်တဲ့ ဖခင်ကြောင့် သမီးဖြစ်သူူ ရှက်ခဲ့ရပြီးတဲ့နောက် အခုသတင်းကမှ သူမအတွက် တကယ်ပဲ ရှက်စရာပါ။ ဖခင်က အင်စတာဂရမ်မှာ သူမထက် နာမည်ကြီးသွားပြီး သူမထက် Follower နှစ်ဆဖြစ်သွားပါတယ်။Cassie Martin
ခရစ္စဘားဟာ သူ့သမီးရဲ့ ဆက်စီဆယ်လ်ဖီတွေကို လိုက်လံတုပလုပ်ဆောင်လိုက်ပြီးနောက် သူ့ရဲ့ Follower ၄၉ ဦးကို ရယ်မောစေခဲ့ပါတယ်။ဒါပေမဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသားကြီးရဲ့ ပုံတွေဟာ ရယ်စရာကောင်းလွန်းလှတဲ့အတွက် Follower ၃၁,၀၀၀ ရှိတဲ့ သမီးထက် ပိုနာမည်ကြီးကာ အခုဆိုရင် သူ့ရဲ့ Follower က ၅၃,၀၀၀ တောင် ရှိသွားခဲ့ပါပြီ။
“သမီးရဲ့ ဆယ်ဖီပုံတွေက မေလတုန်းက တွေ့လိုက်တာ။ ကျွန်တော်က ဖေ့စ်ဘွတ်ခ်ကိုတောင် သိပ်နားမလည်သေးတဲ့အချိန်မှာ သူက အင်စတာဂရမ်သုံးနေတာတောင် ကြာနေပြီ” လို့ ခရစ္စက ဆိုပါတယ်။
“ဒီလောက်အထိ တုံ့ပြန်မှုများလိမ့်မယ်လို့ မထင်ခဲ့ဘူး” လို့ သူက Follower များလာတဲ့အတွက် အံ့သြတကြီးဆိုပါတယ်။

ကျွန်မပုံစံ ဘယ်လိုဖြစ်နေတယ်ဆိုတာကို အဖေက ပြချင်တာ။ ကျွန်မ ဖော်တာတွေ လွန်တယ်လို့ သူက သက်သေပြချင်ခဲ့တာပါ” လို့ သမီးဖြစ်သူ အသက် ၂၀ အရွယ် ကေစီက ပြောပါတယ်။

“အခုတော့ ဒီလောက်အချိန်တိုလေးအတွင်းမှာ သူူက ကျွန်မရဲ့ Follower အရေအတွက်ထက် နှစ်ဆတက်သွားတာ တကယ့်ကို အံ့သြစရာပါပဲ” လို့ သူမက ဆိုခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Mirror
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top