Property Expo
×

 ရန္ကုန္တုိင္းေဒသႀကီး အစုိးရသစ္လက္ထက္တြင္ အမ်ဳိး သားေန႔ကို အမ်ဳိးသားေအာင္ပဲြေန႔ အျဖစ္ အမည္ေျပာင္းလဲေခၚဆုိ ကာ ရန္ကုန္တုိင္းေဒသႀကီးအစုိးရ၊ ၈၈ ၿငိမ္း/ပြင့္၊ ေက်ာင္းသားသမဂၢ မ်ား ပူးေပါင္း၍ အခမ္းအနားျပဳ လုပ္မည္ျဖစ္ေၾကာင္း သတင္းရရွိ သည္။


ႏုိ၀င္ဘာ ၂၄ ရက္ (တန္ ေဆာင္မုန္းလျပည့္ေက်ာ္ ၁၀ ရက္) ကို အမ်ဳိးသားေအာင္ပဲြေန႔အျဖစ္ အမည္ ေျပာင္းလဲေခၚဆုိကာ ရန္ကုန္တုိင္းေဒသႀကီးအတြင္း ယခုႏွစ္မွစတင္အခမ္းအနား ျပဳလုပ္မည္ျဖစ္ၿပီး ေနာင္ႏွစ္မ်ား၌ တစ္ႏုိင္ငံလုံးအတုိင္းအတာ ျပဳလုပ္ႏုိင္ ရန္ ျပည္ေထာင္စုအစိုးရအား တုိက္တြန္းမည္ဟု ၈၈ မ်ဳိးဆက္ၿငိမ္းခ်မ္း ေရးႏွင့္ ပြင့္လင္းလူ႔အဖဲြ႕အစည္းမွ ဦးဂ်င္မီကေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီး ျပည္ သူ႔ရင္ျပင္တြင္ ျပဳလုပ္မည့္ ယင္း အခမ္းအနားသည္ အစိုးရသစ္ လက္ထက္၌ ႏုိင္ငံေရးအင္အား ႀကီး အရပ္ဘက္အဖဲြ႕ျဖစ္သည့္ ၈၈ မ်ဳိးဆက္ၿငိမ္းခ်မ္းေရးႏွင့္ ပြင့္လင္း လူ႔အဖဲြ႕အစည္းအပါအ၀င္ ေက်ာင္း သားသမဂၢအဖဲြ႕ခ်ဳပ္မ်ားႏွင့္ အစုိး ရတို႔ ပထမဆုံးပူးေပါင္းေဆာင္ ရြက္သည့္ အစီအစဥ္တစ္ရပ္လည္း ျဖစ္သည္။

‘‘အစိုးရဘက္က ကြၽန္ေတာ္ တို႔ကို အရင္စကမ္းလွမ္းအႀကံ ဉာဏ္ေတာင္းတာပါ။ အစုိးရဘက္ က ကမ္းလွမ္းလာမႈအေပၚ ကြၽန္ ေတာ္တုိ႔က လႈိက္လႈိက္လွဲလွဲပူး ေပါင္းပါ၀င္ခဲ့ျခင္း ျဖစ္ပါတယ္’’ဟု ဦးဂ်င္မီက အဆုိပါအခမ္းအနား ျပဳလုပ္မည့္ အစီအစဥ္ႏွင့္ပတ္ သက္၍ ႏုိ၀င္ဘာ ၁၈ ရက္က ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္ မီဒီယာေဆာင္တြင္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပဲြ၌ ေျပာၾကား သည္။

အစိုးရသစ္လက္ထက္တြင္ ေက်ာင္းသားထုတို႔ စုစည္းအားျဖင့္ ယခင္က ဖိႏွိပ္မႈမ်ားကို ပူးေပါင္း ေျဖရွင္းကာ လြတ္လပ္ေရးရယူႏုိင္ ခဲ့သည့္ ခြန္အားမ်ားျပန္လည္အ မွတ္ရရွိႏုိင္ေစရန္ ယခုကဲ့သို႔အခမ္း အနား  ျပဳလုပ္ရျခင္းျဖစ္သည္ဟု ရန္ကုန္တုိင္းေဒသႀကီး လူမႈေရး ၀န္ႀကီးဦးႏုိင္ငံလင္းက ေျပာသည္။

‘‘ဒီကေန႔ကာလမွာ ကြၽန္ ေတာ္တို႔ ျပဳျပင္ေျပာင္းလဲေရးလုပ္ ေနတဲ့အခါမွာ စုေပါင္းၿပီးေတာ့ အ မ်ဳိးသားညီညြတ္ေရးလုိအပ္ေန တယ္ဆုိတာ မီးေမာင္းထိုးျပလုိ တာ ျဖစ္ပါတယ္။ အမ်ဳိးသားညီ ညြတ္ေရးမွသည္ ၿငိမ္းခ်မ္းေရးကို ဦးတည္က်င္းပႏုိင္မယ္လုိ႔ ယုံၾကည္လို႔ ဒီလိုပဲြမ်ဳိးက်င္းပတာ ျဖစ္ပါ တယ္’’ဟု ၎ကေျပာသည္။

‘‘အမ်ဳိးသားေအာင္ပဲြေန႔ က်င္းပရျခင္း ရည္ရြယ္ခ်က္သုံးခု ရွိတယ္။ အမ်ဳိးသားညီညြတ္မႈကို အေျခခံေသာ ျပဳျပင္ေျပာင္းလဲမႈ မ်ားေပၚထြန္းေရး၊ လြတ္လပ္မႈကို ေလးစားတန္ဖိုးထားတတ္ေရး၊ သုံးကေတာ့ ဒီမုိကေရစီေရး ႀကိဳးပမ္း မႈမ်ားရဲ႕ သမုိင္းတစ္ေလွ်ာက္ ေက်ာင္းသားထု၏ အခန္းက႑ ကို ထင္ဟပ္ေစေရးဆိုတဲ့ ရည္ရြယ္ခ်က္ေတြနဲ႔ က်င္းပတာျဖစ္တယ္’’ ဟု ဦးႏုိင္ငံလင္းက ဆက္လက္ေျပာၾကားသည္။

ယခင္က အမ်ဳိးသားေန႔မ်ား ကို အစိုးရက ၎တို႔ျပဳလုပ္လုိသည့္ ရည္ရြယ္ခ်က္အတုိင္း အမ်ားသ ေဘာပါ၀င္မႈ မရွိဘဲ ေဆာင္ရြက္ခဲ့ ျခင္းမ်ားရွိခဲ့ၿပီး ျပည္သူ႔အစိုးရလက္ထက္မွသာ လုပ္ေဆာင္သည့္ရည္ ရြယ္ေျပာင္းလဲမႈကို ရရွိခံစားရျခင္း ျဖစ္သည္ဟု ဦးဂ်င္မီကမွတ္ခ်က္ ျပဳသည္။

‘‘အစိုးရအဆက္ဆက္ဟာ ကြၽန္ေတာ္တို႔ျပည္သူေတြနဲ႔ ကင္းကြာ ေနခဲ့ၾကပါတယ္။ ရန္ကုန္တုိင္း ေဒသႀကီးအစိုးရအဖဲြ႕ရဲ႕ ေျခလွမ္း ဟာ ျပည္သူတို႔ရဲ႕ ပူးေပါင္းပါ၀င္ မႈကို အစျပဳလုိက္တဲ့ေျခလွမ္းတစ္ ခုလုိ႔ ကြၽန္ေတာ္တို႔ယုံၾကည္ပါ တယ္။ ေနာက္ေနာင္ျပည္သူတို႔ အေရးနဲ႔ပတ္သက္တဲ့ကိစၥ၊ ျပည္ သူတုိ႔အေရးနဲ႔ စပ္ဆုိင္တဲ့ကိစၥေတြ မွန္သမွ် အစိုးရက ဖိတ္ေခၚရင္ ကြၽန္ေတာ္တို႔ပူးေပါင္းပါ၀င္ဖုိ႔ အ ဆင္သင့္ရွိတယ္ဆိုတာ ေျပာလုိပါ တယ္’’ဟု ၎ကေျပာသည္။

အဆိုပါ အမ်ဳိးသားေအာင္ ပဲြေန႔အခမ္းအနားကို ျပည္သူ႔ရင္ ျပင္၌ ႏုိ၀င္ဘာ ၂၄ ရက္ ညေန ၄ နာရီမွစတင္၍ အခမ္းအနားျဖစ္ ေျမာက္ေရးေကာ္မတီနာယက မ်ားျဖစ္သည့္ အမ်ဳိးသားဒီမုိကေရ စီအဖဲြ႕ခ်ဳပ္ နာယကဦးတင္ဦး၊ ရန္ကုန္တုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းတုိ႔က အဖြင့္မိန္႔ခြန္း မ်ား ေျပာၾကားျခင္း၊ စာေပပညာရွင္မ်ား၏စကား၀ိုင္း၊ ေဟာေျပာမႈအစီအစဥ္မ်ား ျပဳလုပ္ျခင္း၊အႏုပညာရွင္မ်ား၏ ေဖ်ာ္ေျဖျခင္းမ်ား က်င္းပသြားမည္ဟု သတင္းရရွိ သည္။

ယင္းအခမ္းအနား မစတင္ မီ ေက်ာင္းသားသမဂၢအဖဲြ႕ခ်ဳပ္မ်ား၊ ၿမိဳ႕မေက်ာင္းမ်ားမွ ေက်ာင္းသား မ်ားက ေရႊတိဂုံေစတီေတာင္ဘက္ မုခ္ ေၾကးသြန္းဘုရားတြင္စုစည္း ကာ ၀တ္ျပဳဆုေတာင္းျခင္းမ်ား ျပဳ လုပ္ၿပီး ျပည္သူ႔ရင္ျပင္သို႔ခ်ီ တက္ၾကမည္ဟု ဗကသအဖဲြ႕ခ်ဳပ္ မွ ဦးနႏၵစစ္ေအာင္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ရန်ကုန်တိုင်းဒေသကြီး အစိုးရသစ်လက်ထက်တွင် အမျိုး သားနေ့ကို အမျိုးသားအောင်ပွဲနေ့ အဖြစ် အမည်ပြောင်းလဲခေါ်ဆို ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ၈၈ ငြိမ်း/ပွင့်၊ ကျောင်းသားသမဂ္ဂ များ ပူးပေါင်း၍ အခမ်းအနားပြု လုပ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။


နိုဝင်ဘာ ၂၄ ရက် (တန် ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) ကို အမျိုးသားအောင်ပွဲနေ့အဖြစ် အမည် ပြောင်းလဲခေါ်ဆိုကာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်မှစတင်အခမ်းအနား ပြုလုပ်မည်ဖြစ်ပြီး နောင်နှစ်များ၌ တစ်နိုင်ငံလုံးအတိုင်းအတာ ပြုလုပ်နိုင် ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းမည်ဟု ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည် သူ့ရင်ပြင်တွင် ပြုလုပ်မည့် ယင်း အခမ်းအနားသည် အစိုးရသစ် လက်ထက်၌ နိုင်ငံရေးအင်အား ကြီး အရပ်ဘက်အဖွဲ့ဖြစ်သည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းအပါအဝင် ကျောင်း သားသမဂ္ဂအဖွဲ့ချုပ်များနှင့် အစိုး ရတို့ ပထမဆုံးပူးပေါင်းဆောင် ရွက်သည့် အစီအစဉ်တစ်ရပ်လည်း ဖြစ်သည်။

‘‘အစိုးရဘက်က ကျွန်တော် တို့ကို အရင်စကမ်းလှမ်းအကြံ ဉာဏ်တောင်းတာပါ။ အစိုးရဘက် က ကမ်းလှမ်းလာမှုအပေါ် ကျွန် တော်တို့က လှိုက်လှိုက်လှဲလှဲပူး ပေါင်းပါဝင်ခဲ့ခြင်း ဖြစ်ပါတယ်’’ဟု ဦးဂျင်မီက အဆိုပါအခမ်းအနား ပြုလုပ်မည့် အစီအစဉ်နှင့်ပတ် သက်၍ နိုဝင်ဘာ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် မီဒီယာဆောင်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြား သည်။

အစိုးရသစ်လက်ထက်တွင် ကျောင်းသားထုတို့ စုစည်းအားဖြင့် ယခင်က ဖိနှိပ်မှုများကို ပူးပေါင်း ဖြေရှင်းကာ လွတ်လပ်ရေးရယူနိုင် ခဲ့သည့် ခွန်အားများပြန်လည်အ မှတ်ရရှိနိုင်စေရန် ယခုကဲ့သို့အခမ်း အနား  ပြုလုပ်ရခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး လူမှုရေး ဝန်ကြီးဦးနိုင်ငံလင်းက ပြောသည်။

‘‘ဒီကနေ့ကာလမှာ ကျွန် တော်တို့ ပြုပြင်ပြောင်းလဲရေးလုပ် နေတဲ့အခါမှာ စုပေါင်းပြီးတော့ အ မျိုးသားညီညွတ်ရေးလိုအပ်နေ တယ်ဆိုတာ မီးမောင်းထိုးပြလို တာ ဖြစ်ပါတယ်။ အမျိုးသားညီ ညွတ်ရေးမှသည် ငြိမ်းချမ်းရေးကို ဦးတည်ကျင်းပနိုင်မယ်လို့ ယုံကြည်လို့ ဒီလိုပွဲမျိုးကျင်းပတာ ဖြစ်ပါ တယ်’’ဟု ၎င်းကပြောသည်။

‘‘အမျိုးသားအောင်ပွဲနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်သုံးခု ရှိတယ်။ အမျိုးသားညီညွတ်မှုကို အခြေခံသော ပြုပြင်ပြောင်းလဲမှု များပေါ်ထွန်းရေး၊ လွတ်လပ်မှုကို လေးစားတန်ဖိုးထားတတ်ရေး၊ သုံးကတော့ ဒီမိုကရေစီရေး ကြိုးပမ်း မှုများရဲ့ သမိုင်းတစ်လျှောက် ကျောင်းသားထု၏ အခန်းကဏ္ဍ ကို ထင်ဟပ်စေရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပတာဖြစ်တယ်’’ ဟု ဦးနိုင်ငံလင်းက ဆက်လက်ပြောကြားသည်။

ယခင်က အမျိုးသားနေ့များ ကို အစိုးရက ၎င်းတို့ပြုလုပ်လိုသည့် ရည်ရွယ်ချက်အတိုင်း အများသ ဘောပါဝင်မှု မရှိဘဲ ဆောင်ရွက်ခဲ့ ခြင်းများရှိခဲ့ပြီး ပြည်သူ့အစိုးရလက်ထက်မှသာ လုပ်ဆောင်သည့်ရည် ရွယ်ပြောင်းလဲမှုကို ရရှိခံစားရခြင်း ဖြစ်သည်ဟု ဦးဂျင်မီကမှတ်ချက် ပြုသည်။

‘‘အစိုးရအဆက်ဆက်ဟာ ကျွန်တော်တို့ပြည်သူတွေနဲ့ ကင်းကွာ နေခဲ့ကြပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရဲ့ ခြေလှမ်း ဟာ ပြည်သူတို့ရဲ့ ပူးပေါင်းပါဝင် မှုကို အစပြုလိုက်တဲ့ခြေလှမ်းတစ် ခုလို့ ကျွန်တော်တို့ယုံကြည်ပါ တယ်။ နောက်နောင်ပြည်သူတို့ အရေးနဲ့ပတ်သက်တဲ့ကိစ္စ၊ ပြည် သူတို့အရေးနဲ့ စပ်ဆိုင်တဲ့ကိစ္စတွေ မှန်သမျှ အစိုးရက ဖိတ်ခေါ်ရင် ကျွန်တော်တို့ပူးပေါင်းပါဝင်ဖို့ အ ဆင်သင့်ရှိတယ်ဆိုတာ ပြောလိုပါ တယ်’’ဟု ၎င်းကပြောသည်။

အဆိုပါ အမျိုးသားအောင် ပွဲနေ့အခမ်းအနားကို ပြည်သူ့ရင် ပြင်၌ နိုဝင်ဘာ ၂၄ ရက် ညနေ ၄ နာရီမှစတင်၍ အခမ်းအနားဖြစ် မြောက်ရေးကော်မတီနာယက များဖြစ်သည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် နာယကဦးတင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က အဖွင့်မိန့်ခွန်း များ ပြောကြားခြင်း၊ စာပေပညာ ရှင်များ၏ စကားဝိုင်း၊ ဟောပြော မှုအစီအစဉ်များ ပြုလုပ်ခြင်း၊ အနု ပညာရှင်များ၏ ဖျော်ဖြေခြင်းများ ကျင်းပသွားမည်ဟု သတင်းရရှိ သည်။

ယင်းအခမ်းအနား မစတင် မီ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်များ၊ မြို့မကျောင်းများမှ ကျောင်းသား များက ရွှေတိဂုံစေတီတောင်ဘက် မုခ် ကြေးသွန်းဘုရားတွင်စုစည်း ကာ ဝတ်ပြုဆုတောင်းခြင်းများ ပြု လုပ်ပြီး ပြည်သူ့ရင်ပြင်သို့ချီ တက်ကြမည်ဟု ဗကသအဖွဲ့ချုပ် မှ ဦးနန္ဒစစ်အောင်က ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top