Property Expo
×









Credit:Duwun

Unicode Version

အသက် ၁၈ နှစ်အရွယ် ဂျော်ဂျီရာမက်ခ်ဂရက်သ်ဟာ ၂၀၁၂ ခုနှစ်ကစလို့ အစာစားချင်စိတ် ပျောက်ခဲ့ပြီး သူမရဲ့ နဂိုအလေးချိန်ရဲ့ တစ်ဝက် ၇၂ ပေါင်သာ ရှိပါတော့တယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ သြဂုတ်လကဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် သူမဟာ ကျန်းမာဖို့ ကြိုးစားခဲ့ရာမှ အခုဆိုရင် ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ကို ပြန်ရနေပါပြီ။

"အက်ရှ်တန်ရဲ့ ရင်ခွင်ထဲကို ခုန်ဝင်လိုက်တော့ အရမ်းနာပြီး အော်မိတယ်။ အသက်တောင် မရှူနိုင်ဘူး။ အဆုတ်တွေ ပေါက်သွားပြီလို့တောင် ထင်သွားတာ" လို့ သူမက ပြောပါတယ်။

ဆရာဝန်က သူမကို အာဟာရပြတ်ပြီး အားနည်းနေကြောင်း သတိပေးခဲ့ပေမယ့် အဲဒီဖြစ်ရပ်မတိုင်ခင်က သူမ လက်မခံခဲ့ပါဘူး။

ကျောင်းမှာ ဝတုတ်လို့ ခေါ်ခံရပြီးတဲ့နောက် အစာစားချင်စိတ် မရှိတော့တဲ့ ဂျော်ဂျီရာဟာ အခုတော့ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ရှိဖို့ လိုအပ်တယ်ဆိုတာ နားလည်ခဲ့ပါပြီ။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top