Kantharyar Centre
×

ယူကရိန္းတြင္ အေဖာ္အခြၽတ္ ဓာတ္ပံုမ်ား ႐ိုက္ကူးခဲ့ဖူးသူႏွင့္ ႐ုရွားလိုလားေသာ ပါတီတစ္ခုတြင္ လုပ္ကိုင္ခဲ့ဖူးသူ အသက္ ၂၄ ႏွစ္သာ ရွိေသးသည့္ အမ်ဳိးသမီးတစ္ဦးအား ျပည္ထဲေရး ဒုတိယ၀န္ႀကီးအျဖစ္ ခန္႔အပ္မႈႏွင့္ ပတ္သက္၍ ႏို၀င္ဘာ ၁၄ ရက္တြင္ အုတ္ေအာ္ေသာင္းတင္း ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ ၎အား အံ့အားသင့္ဖြယ္ ေရြးခ်ယ္မႈအား ႏို၀င္ဘာ ၁၀ ရက္တြင္ ထုတ္ျပန္ခဲ့ၿပီး ဘေလာ့ဂါမ်ားႏွင့္ ႏုိင္ငံေရးသမားမ်ားက ယင္း၀န္ႀကီးဌာန ၀က္ဘ္ဆိုက္တြင္ ရွာေဖြေတြ႕ရွိခဲ့သည့္ အခ်ိန္အထိ လူအမ်ားက အမွတ္တမဲ့ ျဖစ္ေနခဲ့သည္။

ျပည္ထဲေရး၀န္ႀကီး အာဆင္အဗာေကာ့သည္လည္း Facebook တြင္ ႏုိင္ငံေရးၿပိဳင္ဘက္မ်ားအား အၿမဲတမ္း ေ၀ဖန္မႈႏွင့္ အခ်က္အလက္မ်ားႏွင့္ မသက္ဆုိင္ေသာ သတင္းအခ်က္အလက္မ်ား ပ်ံ႕ႏွံ႔ေစမႈတုိ႔ေၾကာင့္ အျငင္းပြားဖြယ္ ပုဂိၢဳလ္တစ္ဦးအျဖစ္ လူသိမ်ားခဲ့သည္။ ျပည္ထဲေရး ဒုတိယ၀န္ႀကီးအျဖစ္ ခန္႔အပ္ခံခဲ့ရသူ အန္နာစတာဆီယာဒီယက္ဗီသည္ အဗာေကာ့၏ အၾကံေပးတစ္ဦး အျဖစ္လည္း လုပ္ခဲ့ဖူးသည္။ ဒီယက္ဗီသည္ ၎၏ အေဖာ္အခြၽတ္ ဓာတ္ပံုမ်ားအား လူမႈမီဒီယာမ်ားတြင္ တင္ခဲ့ၿပီး ျဖဳတ္ခ်ခံ ယူကရိန္း သမၼတေဟာင္း ဗစ္တာယာႏူကိုဗစ္အား ေထာက္ခံသည့္ Party of Regions ၏ လက္ေထာက္ အျဖစ္လည္း လုပ္ခဲ့ဖူးသည္။ ယင္းပါတီသည္ ဖ်က္သိမ္းခံခဲ့ရၿပီး ျဖစ္ေသာ္လည္း ဒီယက္ဗီသာ ေက်ာ္ၾကားလာခဲ့ျခင္း ျဖစ္သည္။

ပါလီမန္ ဒုတိယဥကၠ႒ အီရီနာဂီရက္ရွ္ခ်င္ကိုက “ဒီကိစၥက သူ႔ရဲ႕ အေဖာ္အခြၽတ္ ဓာတ္ပံုေတြကိစၥ မဟုတ္ဘူး” ဟု Facebook တြင္ ေရးသားခဲ့သည္။ အဓိက ျပႆနာမွာ ဒီယက္ဗီအား လူသိရွင္ၾကား ယွဥ္ၿပိဳင္မႈ သို႔မဟုတ္ ခန္႔အပ္ရန္အတြက္ အစိုးရႏွင့္ ေဆြးေႏြးမႈ မရွိဘဲ ေရြးခ်ယ္ခဲ့သည့္ ကိစၥျဖစ္ေၾကာင္း ဂီရက္ရွ္ခ်င္ကိုက ေျပာၾကားခဲ့သည္။

ဒီယက္ဗီသည္ ဆိုဗီယက္ယူနီယံမွ ခဲြထြက္လာသည့္ ယူကရိန္းတြင္ ဥေရာပႏွင့္ ပူးေပါင္းေဆာင္ရြက္ေရးႏွင့္ သက္ဆုိင္ေသာ အေၾကာင္းအရာမ်ားအား တာ၀န္ယူ ေဆာင္ရြက္ရမည္ျဖစ္သည္။ ျပည္ထဲေရး ၀န္ႀကီးဌာနသည္ ယူကရိန္း အေရွ႕ပိုင္းတြင္ ႐ုရွားလိုလားေသာ ခဲြထြက္ေရး သူပုန္မ်ားအား လ ၃၀ ၾကာ တိုက္ခိုက္မႈမ်ားအတြင္း ႀကီးၾကပ္ကြပ္ကဲခဲ့ရေၾကာင္း သိရသည္။

၂၀၁၄ ခုႏွစ္တြင္ သမၼတေဟာင္း ယာႏူကိုဗစ္အား ျဖဳတ္ခ်ခဲ့ေသာ လူထုအံုၾကြမႈတြင္ ပါ၀င္ခဲ့သည့္ ပူးတဲြေခါင္းေဆာင္ မူစတာဖာနာယင္ကလည္း ယင္းကိစၥသည္ ဒီယက္ဗီ၏ အသက္အရြယ္ႏွင့္ မဆိုင္ဘဲ ႏိုင္ငံတြင္း၌ ပ်ံ႕ႏွံ႔ေနေသာ အက်င့္ပ်က္ ျခစားမႈႏွင့္ အတြင္းစည္း အေပးအယူ ကိစၥမ်ားႏွင့္သာ သက္ဆုိင္ေၾကာင္း ေထာက္ျပခဲ့သည္။ ပါလီမန္ အမတ္တစ္ဦးျဖစ္ေသာ နာယင္သည္ အစိုးရ၏ အက်င့္ပ်က္ ျခစားမႈအား ေဖာ္ထုတ္ရန္ႏွင့္ တုိက္ဖ်က္ရန္အတြက္ ဆႏၵျပင္းျပေသာ အနည္းငယ္မွ်ေသာ ယူကရိန္းႏုိင္ငံေရး သမားမ်ားအနက္ တစ္ဦး အပါအ၀င္ျဖစ္သည္။ အက်င့္ပ်က္ ျခစားမႈႏွင့္ အမွန္တကယ္ ဆက္ႏႊယ္ေနသည့္ ရာႏွင့္ခ်ီေသာ ရာထူးခန္႔အပ္မႈမ်ားကို လူအမ်ားက သတိမထားမိခဲ့ေၾကာင္း ၎က Facebook တြင္ ေရးသားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Eleven

#Unicode Version
ယူကရိန်းတွင် အဖော်အချွတ် ဓာတ်ပုံများ ရိုက်ကူးခဲ့ဖူးသူနှင့် ရုရှားလိုလားသော ပါတီတစ်ခုတွင် လုပ်ကိုင်ခဲ့ဖူးသူ အသက် ၂၄ နှစ်သာ ရှိသေးသည့် အမျိုးသမီးတစ်ဦးအား ပြည်ထဲရေး ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်မှုနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၄ ရက်တွင် အုတ်အော်သောင်းတင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၎င်းအား အံ့အားသင့်ဖွယ် ရွေးချယ်မှုအား နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဘလော့ဂါများနှင့် နိုင်ငံရေးသမားများက ယင်းဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ရှာဖွေတွေ့ရှိခဲ့သည့် အချိန်အထိ လူအများက အမှတ်တမဲ့ ဖြစ်နေခဲ့သည်။

ပြည်ထဲရေးဝန်ကြီး အာဆင်အဗာကော့သည်လည်း Facebook တွင် နိုင်ငံရေးပြိုင်ဘက်များအား အမြဲတမ်း ဝေဖန်မှုနှင့် အချက်အလက်များနှင့် မသက်ဆိုင်သော သတင်းအချက်အလက်များ ပျံ့နှံ့စေမှုတို့ကြောင့် အငြင်းပွားဖွယ် ပုဂ္ဂိုလ်တစ်ဦးအဖြစ် လူသိများခဲ့သည်။ ပြည်ထဲရေး ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသူ အန်နာစတာဆီယာဒီယက်ဗီသည် အဗာကော့၏ အကြံပေးတစ်ဦး အဖြစ်လည်း လုပ်ခဲ့ဖူးသည်။ ဒီယက်ဗီသည် ၎င်း၏ အဖော်အချွတ် ဓာတ်ပုံများအား လူမှုမီဒီယာများတွင် တင်ခဲ့ပြီး ဖြုတ်ချခံ ယူကရိန်း သမ္မတဟောင်း ဗစ်တာယာနူကိုဗစ်အား ထောက်ခံသည့် Party of Regions ၏ လက်ထောက် အဖြစ်လည်း လုပ်ခဲ့ဖူးသည်။ ယင်းပါတီသည် ဖျက်သိမ်းခံခဲ့ရပြီး ဖြစ်သော်လည်း ဒီယက်ဗီသာ ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။

ပါလီမန် ဒုတိယဥက္ကဋ္ဌ အီရီနာဂီရက်ရှ်ချင်ကိုက “ဒီကိစ္စက သူ့ရဲ့ အဖော်အချွတ် ဓာတ်ပုံတွေကိစ္စ မဟုတ်ဘူး” ဟု Facebook တွင် ရေးသားခဲ့သည်။ အဓိက ပြဿနာမှာ ဒီယက်ဗီအား လူသိရှင်ကြား ယှဉ်ပြိုင်မှု သို့မဟုတ် ခန့်အပ်ရန်အတွက် အစိုးရနှင့် ဆွေးနွေးမှု မရှိဘဲ ရွေးချယ်ခဲ့သည့် ကိစ္စဖြစ်ကြောင်း ဂီရက်ရှ်ချင်ကိုက ပြောကြားခဲ့သည်။

ဒီယက်ဗီသည် ဆိုဗီယက်ယူနီယံမှ ခွဲထွက်လာသည့် ယူကရိန်းတွင် ဥရောပနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် သက်ဆိုင်သော အကြောင်းအရာများအား တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်သည်။ ပြည်ထဲရေး ဝန်ကြီးဌာနသည် ယူကရိန်း အရှေ့ပိုင်းတွင် ရုရှားလိုလားသော ခွဲထွက်ရေး သူပုန်များအား လ ၃၀ ကြာ တိုက်ခိုက်မှုများအတွင်း ကြီးကြပ်ကွပ်ကဲခဲ့ရကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင် သမ္မတဟောင်း ယာနူကိုဗစ်အား ဖြုတ်ချခဲ့သော လူထုအုံကြွမှုတွင် ပါဝင်ခဲ့သည့် ပူးတွဲခေါင်းဆောင် မူစတာဖာနာယင်ကလည်း ယင်းကိစ္စသည် ဒီယက်ဗီ၏ အသက်အရွယ်နှင့် မဆိုင်ဘဲ နိုင်ငံတွင်း၌ ပျံ့နှံ့နေသော အကျင့်ပျက် ခြစားမှုနှင့် အတွင်းစည်း အပေးအယူ ကိစ္စများနှင့်သာ သက်ဆိုင်ကြောင်း ထောက်ပြခဲ့သည်။ ပါလီမန် အမတ်တစ်ဦးဖြစ်သော နာယင်သည် အစိုးရ၏ အကျင့်ပျက် ခြစားမှုအား ဖော်ထုတ်ရန်နှင့် တိုက်ဖျက်ရန်အတွက် ဆန္ဒပြင်းပြသော အနည်းငယ်မျှသော ယူကရိန်းနိုင်ငံရေး သမားများအနက် တစ်ဦး အပါအဝင်ဖြစ်သည်။ အကျင့်ပျက် ခြစားမှုနှင့် အမှန်တကယ် ဆက်နွှယ်နေသည့် ရာနှင့်ချီသော ရာထူးခန့်အပ်မှုများကို လူအများက သတိမထားမိခဲ့ကြောင်း ၎င်းက Facebook တွင် ရေးသားခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Eleven
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top