Property Expo
×

  ၾကက္ဥအကာတြင္ အသားဓာတ္မ်ားစြာပါဝင္၍ ကိုလက္စထေရာလ္မပါဘဲ အဆီဓာတ္အနည္းငယ္သာပါရွိျခင္းေၾကာင့္ ႂကြက္သားသန္မာခ်င္ေသာ က်န္းမာေရးလုိက္စားသူမ်ား၏ လက္စြဲျဖစ္ေနရျခင္း ျဖစ္ပါတယ္။ အာဟာရဓာတ္ျမင့္မားစြာပါဝင္တဲ့အျပင္ ဆံပင္ႏွင့္အေရျပားက်န္းမာေရးအတြက္ အလြန္ေကာင္းမြန္တာေၾကာင့္ ေစ်းႀကီးတဲ့အလွျပင္ပစၥည္းေတြေနရာမွာ ေကာင္းေကာင္းအစားထိုးႏုိင္ပါတယ္။

          ေအာက္ပါတုိ႔သည္ ၾကက္ဥအကာ၏ အစြမ္းထက္လွေသာ အလွအပဆုိင္ရာ သံုးစြဲျခင္းနည္းလမ္းမ်ားျဖစ္ပါတယ္။

1. အေရးအေၾကာင္းမ်ားကိုဖယ္ရွားျခင္း

          ၾကက္ဥအကာကို အျမႇဳပ္မ်ားထလာသည္အထိေခါက္၍ မ်က္ႏွာေပၚတြင္ လိမ္းက်ံပါ။ မ်က္ႏွာတင္းလာသည္အထိထား၍ ေရေႏြးျဖင့္မ်က္ႏွာျပန္သစ္ပါ။ မ်က္ႏွာတင္းလာျခင္းဟာ ၾကက္ဥအကာမွာ အေရျပားကို တင္ရင္းေစေသာ အစြမ္းသတၱိပါ၀င္တာေၾကာင့္ ျဖစ္ပါတယ္။

2. ေခၽြးေပါက္မ်ားကိုက်ဥ္းေစျခင္း  

        အေရျပားတင္းရင္းေစေသာ ဂုဏ္သတၱိရွိသည့္ ၾကက္ဥအကာသည္ ေခၽြးေပါက္မ်ားကိုက်ဥ္းေစႏုိင္ေသာ အစြမ္းသတၱိလည္းရွိပါတယ္။ ျပဳလုပ္ရန္မွာ အျမႇဳပ္ထေနေသာ ၾကက္ဥအကာကိုေခၽြးေပါက္က်ယ္ေသာေနရာမ်ား (အထူးသျဖင့္ ႏွာေခါင္းတစ္ဝိုက္) တြင္လိမ္းက်ံပါ။ မ်က္ႏွာတင္းလာပါက ေရေႏြးျဖင့္ေဆးခ်ပါ။ ထုိ႔ေနာက္ေရေအးျဖင့္ထပ္ေဆးပါ။

3. မ်က္လံုးမို႔ျခင္းမ်ားကိုဖယ္ရွားျခင္း

        မ်က္လံုးေအာက္ရွိ မ်က္အိတ္ေနရာေတြကို ၾကက္ဥအကာလိမ္းေပး၍ တင္းလာပါက ေရေႏြးျဖင့္ေဆးခ်ေပးပါ။

4. အဆီစုပ္ေပးျခင္း

        မ်က္ႏွာမွာ အဆီျပန္ျခင္းဟာၾကည့္ရဆုိး႐ံုမွ်မက ဝက္ျခံထြက္ႏိုင္ေခ်ကို ပိုမိုျမင့္မားေစတဲ့အေၾကာင္းအရင္းလည္း ျဖစ္ပါတယ္။ အေရျပားကိုမထိခိုက္ဘဲ အဆီေတြကိုစုပ္ယူႏုိင္ဖုိ္႔ ဂ်ံဳမႈန္႔အၾကမ္းနဲ႔ ၾကက္ဥအကာကိုေရာၿပီး မ်က္ႏွာေပါင္းတင္ပါ။ မိနစ္အနည္းငယ္ၾကာၿပီးေနာက္ ေရေအးျဖင့္မ်က္ႏွာသစ္ပါ။ အဆီမျပန္တဲ့ မ်က္ႏွာကို ပိုင္ဆုိင္ႏုိင္မွာျဖစ္ပါတယ္။

5. ဝက္ျခံမ်ားကိုလွ်င္ျမန္စြာေပ်ာက္ကင္းေစျခင္း

        ဝက္ျခံႏွင့္ပတ္သက္လွ်င္ ၾကက္ဥအကာသည္ ကုန္က်မႈနည္းနည္းႏွင့္ အထိေရာက္ဆံုးေဆးတစ္လက္ျဖစ္ပါတယ္။ ၾကက္ဥအကာမွာပါ၀င္တဲ့ အသားဓာတ္ဟာ ေရာင္ရမ္းျခင္းကိုသက္သာေစတဲ့အျပင္ အနာက်က္ႏႈန္းကိုလည္းျမန္ေစပါတယ္။ ညအိပ္ခါနီးအခ်ိန္တြင္ ၾကက္ဥအကာကိုယူ၍ ဝက္ျခံေပၚမွာတို႔ထားၿပီးေနာက္ မနက္မုိးလင္းမွေရျဖင့္ေဆးခ်ပါ။

6. ဆဲလ္အေသမ်ားကိုဖယ္ရွားျခင္း

        အသားအရည္ၾကည္လင္လွပေစဖုိ႔အတြက္ ဆဲလ္ေသမ်ားကို ဖယ္ရွားဖုိ႔ကလည္း အေရးႀကီးလွပါတယ္။ မ်က္ႏွာေခၽြးခၽြတ္ေဆးအေနျဖင့္အသံုးျပဳရန္ ၾကက္ဥအကာကို ဂ်ံဳမႈန္႔အၾကမ္း၊ ပ်ားရည္အနည္းငယ္တို႔ျဖင့္ေရာပါ။ ရလာေသာ အႏွစ္ကိုမ်က္ႏွာေပၚတြင္ စက္ဝိုင္းသ႑ာန္ ညင္သာစြာလိမ္းက်ံပါ။ ေရေႏြးျဖင့္ေသခ်ာစြာေဆးေၾကာပါ။ တစ္ပတ္လွ်င္ 1 ႀကိမ္ မွ 2 ႀကိမ္ ျပဳလုပ္ႏုိင္ပါတယ္။

7. ပ်က္စီးေနေသာဆံပင္မ်ားအားေကာင္းမြန္ေစျခင္း

        ဦးေခါင္းအေရျပားအဆီထြက္ျခင္းေၾကာင့္ ဆံသားမ်ားေစးကပ္၍ ပ်က္စီးေနသေယာင္ထင္ရပါတယ္။ အ႐ိုးရွင္းဆံုးနဲ႔အသက္သာဆံုးနည္းလမ္းကေတာ့ ၾကက္ဥအကာကို ဦးေရျပားနဲ႔ဆံပင္အရင္းတြင္ လိ္မ္းေပးျခင္းျဖင့္ နဂိုဆံသားကိုျပန္လည္ပိုင္ဆုိင္ႏုိင္ပါတယ္။ မိနစ္အနည္းငယ္ထားၿပီးေနာက္ ေရေဆးခ်၍ ေခါင္းေလွ်ာ္ရည္ျဖင့္ ေခါင္းျပန္ေလွ်ာ္ပါ။

8. ဆံသားမ်ားကို ေပ်ာ့ေျပာင္းေစျခင္း

        ဆံပင္ကို ပံုမွန္ေပါင္းတင္ေပးျခင္းအားျဖင့္ ေတာက္ေျပာင္လွပေသာ ဆံသားမ်ားကိုပိုင္ဆိုင္ႏိုင္မွာျဖစ္ပါတယ္။ ဆံပင္အတိုအရွည္ေပၚမူတည္၍ ၾကက္ဥအကာအနည္းငယ္ကိုယူပါ။ ဒိန္ခ်ဥ္ႏွင့္ သံလြင္ဆီလက္ဖက္ရည္ဇြန္း တစ္ဇြန္းေရာ၍ ဆံပင္ေပါင္းတင္ေဆးအျဖစ္ ေခါင္းေလွ်ာ္ၿပီးေနာက္ အသံုးျပဳႏိုင္ပါတယ္။ မိနစ္အနည္းငယ္ၾကာၿပီးေနာက္ ေရျဖင့္ေသခ်ာေဆးခ်ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:drmyanmar

Unicode Version

  ကြက်ဥအကာတွင် အသားဓာတ်များစွာပါဝင်၍ ကိုလက်စထရောလ်မပါဘဲ အဆီဓာတ်အနည်းငယ်သာပါရှိခြင်းကြောင့် ကြွက်သားသန်မာချင်သော ကျန်းမာရေးလိုက်စားသူများ၏ လက်စွဲဖြစ်နေရခြင်း ဖြစ်ပါတယ်။ အာဟာရဓာတ်မြင့်မားစွာပါဝင်တဲ့အပြင် ဆံပင်နှင့်အရေပြားကျန်းမာရေးအတွက် အလွန်ကောင်းမွန်တာကြောင့် ဈေးကြီးတဲ့အလှပြင်ပစ္စည်းတွေနေရာမှာ ကောင်းကောင်းအစားထိုးနိုင်ပါတယ်။

          အောက်ပါတို့သည် ကြက်ဥအကာ၏ အစွမ်းထက်လှသော အလှအပဆိုင်ရာ သုံးစွဲခြင်းနည်းလမ်းများဖြစ်ပါတယ်။

1. အရေးအကြောင်းများကိုဖယ်ရှားခြင်း

          ကြက်ဥအကာကို အမြှုပ်များထလာသည်အထိခေါက်၍ မျက်နှာပေါ်တွင် လိမ်းကျံပါ။ မျက်နှာတင်းလာသည်အထိထား၍ ရေနွေးဖြင့်မျက်နှာပြန်သစ်ပါ။ မျက်နှာတင်းလာခြင်းဟာ ကြက်ဥအကာမှာ အရေပြားကို တင်ရင်းစေသော အစွမ်းသတ္တိပါဝင်တာကြောင့် ဖြစ်ပါတယ်။

2. ချွေးပေါက်များကိုကျဉ်းစေခြင်း 

        အရေပြားတင်းရင်းစေသော ဂုဏ်သတ္တိရှိသည့် ကြက်ဥအကာသည် ချွေးပေါက်များကိုကျဉ်းစေနိုင်သော အစွမ်းသတ္တိလည်းရှိပါတယ်။ ပြုလုပ်ရန်မှာ အမြှုပ်ထနေသော ကြက်ဥအကာကိုချွေးပေါက်ကျယ်သောနေရာများ (အထူးသဖြင့် နှာခေါင်းတစ်ဝိုက်) တွင်လိမ်းကျံပါ။ မျက်နှာတင်းလာပါက ရေနွေးဖြင့်ဆေးချပါ။ ထို့နောက်ရေအေးဖြင့်ထပ်ဆေးပါ။

3. မျက်လုံးမို့ခြင်းများကိုဖယ်ရှားခြင်း

        မျက်လုံးအောက်ရှိ မျက်အိတ်နေရာတွေကို ကြက်ဥအကာလိမ်းပေး၍ တင်းလာပါက ရေနွေးဖြင့်ဆေးချပေးပါ။

4. အဆီစုပ်ပေးခြင်း

        မျက်နှာမှာ အဆီပြန်ခြင်းဟာကြည့်ရဆိုးရုံမျှမက ဝက်ခြံထွက်နိုင်ချေကို ပိုမိုမြင့်မားစေတဲ့အကြောင်းအရင်းလည်း ဖြစ်ပါတယ်။ အရေပြားကိုမထိခိုက်ဘဲ အဆီတွေကိုစုပ်ယူနိုင်ဖို့် ဂျုံမှုန့်အကြမ်းနဲ့ ကြက်ဥအကာကိုရောပြီး မျက်နှာပေါင်းတင်ပါ။ မိနစ်အနည်းငယ်ကြာပြီးနောက် ရေအေးဖြင့်မျက်နှာသစ်ပါ။ အဆီမပြန်တဲ့ မျက်နှာကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

5. ဝက်ခြံများကိုလျှင်မြန်စွာပျောက်ကင်းစေခြင်း

        ဝက်ခြံနှင့်ပတ်သက်လျှင် ကြက်ဥအကာသည် ကုန်ကျမှုနည်းနည်းနှင့် အထိရောက်ဆုံးဆေးတစ်လက်ဖြစ်ပါတယ်။ ကြက်ဥအကာမှာပါဝင်တဲ့ အသားဓာတ်ဟာ ရောင်ရမ်းခြင်းကိုသက်သာစေတဲ့အပြင် အနာကျက်နှုန်းကိုလည်းမြန်စေပါတယ်။ ညအိပ်ခါနီးအချိန်တွင် ကြက်ဥအကာကိုယူ၍ ဝက်ခြံပေါ်မှာတို့ထားပြီးနောက် မနက်မိုးလင်းမှရေဖြင့်ဆေးချပါ။

6. ဆဲလ်အသေများကိုဖယ်ရှားခြင်း

        အသားအရည်ကြည်လင်လှပစေဖို့အတွက် ဆဲလ်သေများကို ဖယ်ရှားဖို့ကလည်း အရေးကြီးလှပါတယ်။ မျက်နှာချွေးချွတ်ဆေးအနေဖြင့်အသုံးပြုရန် ကြက်ဥအကာကို ဂျုံမှုန့်အကြမ်း၊ ပျားရည်အနည်းငယ်တို့ဖြင့်ရောပါ။ ရလာသော အနှစ်ကိုမျက်နှာပေါ်တွင် စက်ဝိုင်းသဏ္ဍာန် ညင်သာစွာလိမ်းကျံပါ။ ရေနွေးဖြင့်သေချာစွာဆေးကြောပါ။ တစ်ပတ်လျှင် 1 ကြိမ် မှ 2 ကြိမ် ပြုလုပ်နိုင်ပါတယ်။

7. ပျက်စီးနေသောဆံပင်များအားကောင်းမွန်စေခြင်း

        ဦးခေါင်းအရေပြားအဆီထွက်ခြင်းကြောင့် ဆံသားများစေးကပ်၍ ပျက်စီးနေသယောင်ထင်ရပါတယ်။ အရိုးရှင်းဆုံးနဲ့အသက်သာဆုံးနည်းလမ်းကတော့ ကြက်ဥအကာကို ဦးရေပြားနဲ့ဆံပင်အရင်းတွင် လိမ်းပေးခြင်းဖြင့် နဂိုဆံသားကိုပြန်လည်ပိုင်ဆိုင်နိုင်ပါတယ်။ မိနစ်အနည်းငယ်ထားပြီးနောက် ရေဆေးချ၍ ခေါင်းလျှော်ရည်ဖြင့် ခေါင်းပြန်လျှော်ပါ။

8. ဆံသားများကို ပျော့ပြောင်းစေခြင်း

        ဆံပင်ကို ပုံမှန်ပေါင်းတင်ပေးခြင်းအားဖြင့် တောက်ပြောင်လှပသော ဆံသားများကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဆံပင်အတိုအရှည်ပေါ်မူတည်၍ ကြက်ဥအကာအနည်းငယ်ကိုယူပါ။ ဒိန်ချဉ်နှင့် သံလွင်ဆီလက်ဖက်ရည်ဇွန်း တစ်ဇွန်းရော၍ ဆံပင်ပေါင်းတင်ဆေးအဖြစ် ခေါင်းလျှော်ပြီးနောက် အသုံးပြုနိုင်ပါတယ်။ မိနစ်အနည်းငယ်ကြာပြီးနောက် ရေဖြင့်သေချာဆေးချပါ။



ဖိုးသူတော် (www.phothutaw.com)
Credit:drmyanmar




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top