Property Expo
×

တကယ္လက္ေတြ႔ဘဝမွာ ဘယ္သူနဲ႔ သင္ေပါင္းသင္းေနတယ္ဆိုတာက အရမ္းကို အေရးပါပါတယ္။ အဲဒီဘယ္သူက သင္ႀကီးျပင္းရာ လမ္းတစ္ေလွ်ာက္က သင့္ေအာင္ျမင္မႈ၊ က်ရႈံးမႈေတြကို ဆံုးျဖတ္ေပးပါလိမ့္မယ္။

အလုပ္ႀကိဳးစားသူနဲ႔ေနရင္ သင္မပ်င္းတတ္ေတာ့ဘူး။
အေကာင္းျမင္တတ္သူ၊ အျပဳသေဘာေဆာင္သူနဲ႔ေနရင္ သင္မထိုင္းမႈိင္း၊ အားမငယ္တတ္ေတာ့ဘူး။
အသိပညာရွိသူနဲ႔ေနရင္ သင္အသိပညာတိုးမယ္။
ျမင့္ျမတ္သူနဲ႔ေနရင္ အထြတ္အထိပ္ကို သင္ေရာက္မယ္။

စကားတစ္ခြန္းက ဒီလိုဆိုပါတယ္။
“သင္ဘယ္သူလဲ အေရးမႀကီးဘူး။ အေရးႀကီးတာက သင္ဘယ္သူနဲ႔ အတူေနေနသလဲ” ဆိုတာျဖစ္တယ္။

ၾကက္မ,ဝပ္လို႔ ႀကီးျပင္းခဲ့ရတဲ့ လင္းယုန္ဟာ သူ႔ကိုယ္သူၾကက္ပါဆိုၿပီး ပ်ံသန္းျခင္းအတတ္ကို လက္လႊတ္ခဲ့တယ္။ အေတာင္ျဖန္႔ၿပီး ေကာင္းကင္ျပာေပၚ သူဘယ္လို ပ်ံသန္းဦးမလဲ?

သိုးၾကားမွာ ႀကီးျပင္းခဲ့တဲ့ ေျမေခြးဟာ ၾကမ္းက်ဳတ္တဲ့စိတ္ေပ်ာက္ၿပီး သုိးကိုခ်စ္မိသြားခဲ့တယ္။ ျမက္ခင္းျပင္မွာ သူဘယ္လို႔ ဒုန္းစိုင္းၿပီး သားေကာင္ရွာေတာ့မလဲ?

အမွန္ေတာ့ သင္ဟာထူးကဲသူပါ။ ဒါေပမယ့္ သင့္ေဘးက အဆိုးျမင္သူေၾကာင့္ ေရွ႕သို႔တက္လွမ္းခ်င္တဲ့ သင့္ခြန္အားေတြ ဆုတ္ယုတ္ကုန္တယ္။ စိတ္ဓာတ္ေတြ ညံ့ဖ်င္းကုန္တယ္။

အပ်က္သေဘာေဆာင္သူေတြနဲ႔ ေဝးႏိုင္သမွ် ေဝးေဝးေနပါ။ ႏို႔မဟုတ္ရင္ သင့္စိတ္ကူးအိပ္မက္ေတြ အခိုးခံလိမ့္ရမယ္။ သင့္စိတ္ဓာတ္ေတြ ယိုယြင္းကုန္လိမ့္မယ္၊ တိုးတက္ခ်င္စိတ္ေတြ ကုန္ခမ္းသြားလိမ့္မယ္။

အျပဳသေဘာေဆာင္သူေတြက ေနမင္းႀကီးနဲ႔တူတယ္။ ဘယ္ေနရာေရာက္ေရာက္ အလင္းေရာင္ကို ေဆာင္ေပးတယ္။ အပ်က္သေဘာေဆာင္သူေတြက လမင္းနဲ႔တူတယ္။ လျပည့္၊ လကြယ္ အလင္းေပးတာေတာင္ မတူဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ႏုိင္းႏုိင္းစေန

#Unicode Version
တကယ်လက်တွေ့ဘဝမှာ ဘယ်သူနဲ့ သင်ပေါင်းသင်းနေတယ်ဆိုတာက အရမ်းကို အရေးပါပါတယ်။ အဲဒီဘယ်သူက သင်ကြီးပြင်းရာ လမ်းတစ်လျှောက်က သင့်အောင်မြင်မှု၊ ကျရှုံးမှုတွေကို ဆုံးဖြတ်ပေးပါလိမ့်မယ်။

အလုပ်ကြိုးစားသူနဲ့နေရင် သင်မပျင်းတတ်တော့ဘူး။
အကောင်းမြင်တတ်သူ၊ အပြုသဘောဆောင်သူနဲ့နေရင် သင်မထိုင်းမှိုင်း၊ အားမငယ်တတ်တော့ဘူး။
အသိပညာရှိသူနဲ့နေရင် သင်အသိပညာတိုးမယ်။
မြင့်မြတ်သူနဲ့နေရင် အထွတ်အထိပ်ကို သင်ရောက်မယ်။

စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။
“သင်ဘယ်သူလဲ အရေးမကြီးဘူး။ အရေးကြီးတာက သင်ဘယ်သူနဲ့ အတူနေနေသလဲ” ဆိုတာဖြစ်တယ်။

ကြက်မ,ဝပ်လို့ ကြီးပြင်းခဲ့ရတဲ့ လင်းယုန်ဟာ သူ့ကိုယ်သူကြက်ပါဆိုပြီး ပျံသန်းခြင်းအတတ်ကို လက်လွှတ်ခဲ့တယ်။ အတောင်ဖြန့်ပြီး ကောင်းကင်ပြာပေါ် သူဘယ်လို ပျံသန်းဦးမလဲ?

သိုးကြားမှာ ကြီးပြင်းခဲ့တဲ့ မြေခွေးဟာ ကြမ်းကျုတ်တဲ့စိတ်ပျောက်ပြီး သိုးကိုချစ်မိသွားခဲ့တယ်။ မြက်ခင်းပြင်မှာ သူဘယ်လို့ ဒုန်းစိုင်းပြီး သားကောင်ရှာတော့မလဲ?

အမှန်တော့ သင်ဟာထူးကဲသူပါ။ ဒါပေမယ့် သင့်ဘေးက အဆိုးမြင်သူကြောင့် ရှေ့သို့တက်လှမ်းချင်တဲ့ သင့်ခွန်အားတွေ ဆုတ်ယုတ်ကုန်တယ်။ စိတ်ဓာတ်တွေ ညံ့ဖျင်းကုန်တယ်။

အပျက်သဘောဆောင်သူတွေနဲ့ ဝေးနိုင်သမျှ ဝေးဝေးနေပါ။ နို့မဟုတ်ရင် သင့်စိတ်ကူးအိပ်မက်တွေ အခိုးခံလိမ့်ရမယ်။ သင့်စိတ်ဓာတ်တွေ ယိုယွင်းကုန်လိမ့်မယ်၊ တိုးတက်ချင်စိတ်တွေ ကုန်ခမ်းသွားလိမ့်မယ်။

အပြုသဘောဆောင်သူတွေက နေမင်းကြီးနဲ့တူတယ်။ ဘယ်နေရာရောက်ရောက် အလင်းရောင်ကို ဆောင်ပေးတယ်။ အပျက်သဘောဆောင်သူတွေက လမင်းနဲ့တူတယ်။ လပြည့်၊ လကွယ် အလင်းပေးတာတောင် မတူဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit:နိုင်းနိုင်းစနေ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top