Property Expo
×

ကြမ္းၿခံကုန္းၿမိဳ႕နယ္တြင္ အစ္မျဖစ္သူ၏ ခင္ပြန္းက သားမယားျပဳက်င့္ခဲ့သည္ဆိုသည့္အမႈကုိ
သက္ဆုိင္ရာက ႏုိဝင္ဘာ ၂ဝ ရက္တြင္ အမႈဖြင့္ စစ္ေဆးလ်က္ရွိသည္။

အဆုိပါေန႔ နံနက္ ၁ဝ နာရီခြဲအခ်ိန္ခန္႔တြင္ ကြမ္းျခံကုန္းၿမိဳ႕နယ္ေန အသက္ ၂၁ အရြယ္ အမ်ဳိးသမီးက
သက္ဆုိင္ရာသုိ႔ တုိင္ၾကားရာတြင္ တစ္အိမ္တည္းအတူေနထုိင္သည့္ အစ္မျဖစ္သူမွာ
ဇူလုိင္လအတြင္းက ညေန ၅ နာရီ အခ်ိန္တြင္ ထင္းေခြသြားခဲ့သည္။

အိမ္တြင္ အစ္မျဖစ္သူ ခင္ပြန္း ၫြန္႔ဝင္း ၃၉ ႏွစ္ က်န္ခဲ့ၿပီး အိပ္ခန္းထဲသုိ႔ အတင္းဆြဲေခၚသြားကာ
အလုိမတူဘဲ သားမယားအျဖစ္ ျပဳက်င့္ခဲ့ေၾကာင္း အဆုိပါကိစၥကုိ ျပန္ေျပာပါက ဓားျဖင့္ခုတ္သတ္မည္
ျဖစ္ေၾကာင္း ေျပာဆုိခဲ့ေသာေၾကာင့္ မည္သူကုိမွ် မေျပာပဲေနခဲ့သည္။ အစ္မျဖစ္သူ မရွိသည့္အခ်ိန္မ်ားတြင္
ၫြန္႔ဝင္းက သားမယားအျဖစ္ငါးရက္ခန္႔ ဆက္လက္ျပဳက်င့္ခဲ့သည္ဟုဆိုကာႏုိဝင္ဘာ ၁ဝ ရက္တြင္
တစ္ရြာတည္းေန အေဒၚအရင္းျဖစ္သူကုိ ေျပာျပကာ သက္ဆုိင္ရာသုိ႔တုိင္ၾကားခဲ့သည္။

ကြမ္းျခံကုန္း ၿမိဳ႕မရဲစခန္းက(ပ) ၂၁၅/၁၆ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၇၆ အရ အမႈဖြင့္
အေရးယူထားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmar Times

Unicode Version

ကွမ်းခြံကုန်းမြို့နယ်တွင် အစ်မဖြစ်သူ၏ ခင်ပွန်းက သားမယားပြုကျင့်ခဲ့သည်ဆိုသည့်အမှုကို
သက်ဆိုင်ရာက နိုဝင်ဘာ ၂ဝ ရက်တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

အဆိုပါနေ့ နံနက် ၁ဝ နာရီခွဲအချိန်ခန့်တွင် ကွမ်းခြံကုန်းမြို့နယ်နေ အသက် ၂၁ အရွယ် အမျိုးသမီးက
သက်ဆိုင်ရာသို့ တိုင်ကြားရာတွင် တစ်အိမ်တည်းအတူနေထိုင်သည့် အစ်မဖြစ်သူမှာ
ဇူလိုင်လအတွင်းက ညနေ ၅ နာရီ အချိန်တွင် ထင်းခွေသွားခဲ့သည်။

အိမ်တွင် အစ်မဖြစ်သူ ခင်ပွန်း ညွန့်ဝင်း ၃၉ နှစ် ကျန်ခဲ့ပြီး အိပ်ခန်းထဲသို့ အတင်းဆွဲခေါ်သွားကာ
အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း အဆိုပါကိစ္စကို ပြန်ပြောပါက ဓားဖြင့်ခုတ်သတ်မည်
ဖြစ်ကြောင်း ပြောဆိုခဲ့သောကြောင့် မည်သူကိုမျှ မပြောပဲနေခဲ့သည်။ အစ်မဖြစ်သူ မရှိသည့်အချိန်များတွင်
ညွန့်ဝင်းက သားမယားအဖြစ်ငါးရက်ခန့် ဆက်လက်ပြုကျင့်ခဲ့သည်ဟုဆိုကာနိုဝင်ဘာ ၁ဝ ရက်တွင်
တစ်ရွာတည်းနေ အဒေါ်အရင်းဖြစ်သူကို ပြောပြကာ သက်ဆိုင်ရာသို့တိုင်ကြားခဲ့သည်။

ကွမ်းခြံကုန်း မြို့မရဲစခန်းက(ပ) ၂၁၅/၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်
အရေးယူထားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:Myanmar Times
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top