Kantharyar Centre
×

  ေရာ္နယ္ဒုိႏွစ္ဂုိးသြင္း ယူေပးႏုိင္ခဲ့ေသာ္လည္း ဇယား ထိပ္ဆံုးတြင္ အမွတ္ျပည့္ရရန္ ပင္နယ္တီလြဲေခ်ာ္ခဲ့ေသာ စပုိ႔စ္ တင္းဂီဂြၽန္အသင္းကုိ ရီးရဲလ္အ သင္း ေက်းဇူးတင္ရဖြယ္ရိွသည္။


စေနညက ကစားခဲ့ေသာ လာလီဂါပြဲစဥ္မ်ားတြင္ အိမ္ရွင္ ရီးရဲလ္အသင္းသည္ ပြဲအစ ၅ မိနစ္၌ ရရိွေသာ ပင္နယ္တီကုိ စီေရာ္နယ္ဒုိက ဂုိးအျဖစ္ေျပာင္းလဲႏုိင္ခဲ့

ၿပီးေနာက္ ဧည့္သည္ဂီဂြၽန္အသင္းကို ဦးေဆာင္ကစားႏုိင္ခဲ့ သည္။ ရီးရဲလ္အသင္းအတြက္ အႏုိင္ေသခ်ာေစမည့္ ဒုတိယဦးေဆာင္ဂုိးကုိ စီေရာ္နယ္ဒုိက မိနစ္ ၂၀ အတြင္း ထပ္မံသြင္းယူေပးခဲ့

ေသာ္လည္း ပထမပုိင္းၿပီးရန္ ၁၀ မိနစ္အလိုတြင္ ဂီဂြၽန္အသင္းက ေခ်ပဂုိးျပန္လည္သြင္းယူႏုိင္ခဲ့ၿပီး ေမွ်ာ္လင့္ခ်က္ျပန္လည္ရွင္ သန္ခဲ့သည္။

ဒုတိယပုိင္းတြင္ ဂိုးထပ္မံ သြင္းယူႏုိင္ျခင္းမရိွေသာ ရီးရဲလ္ အသင္းအား ရင္ခုန္စိတ္လႈပ္ရွားေစမည့္ ပင္နယ္တီကုိ ဂီဂြၽန္က ဒုတိယပုိင္းမၿပီးမီ ရရိွခဲ့ေသာ္လည္း အခြင့္အေရးကို အသံုးမခ်ႏုိင္ခဲ့ ေသာေၾကာင့္ ရီးရဲလ္က ဘာစီလုိနာကုိ ခုနစ္မွတ္အထိျဖတ္ကာ ဇယားထိပ္ဆံုးတြင္ ဆက္လက္ရပ္တည္ခဲ့သည္။

ဆီဗီလာႏွင့္ ဗလင္စီယာတုိ႔ ပြဲတြင္ အိမ္ရွင္ ဆီဗီလာအသင္းက ၂-၁ ဂုိးျဖင့္ အႏုိင္ရရိွခဲ့ေသာ ေၾကာင့္ ရမွတ္ ၂၇ မွတ္ျဖင့္ တစ္ ပြဲေလ်ာ့ ဘာစီလိုနာအသင္းကို တစ္မွတ္အသာရရိွကာ ရီးရဲလ္ ေနာက္ ဒုတိယေနရာ ေရာက္ရိွခဲ့ သည္။ ဘာစီလုိနာအသင္းသည္တန လၤာေန႔နံနက္တြင္ ရီးရဲလ္ဆုိစီ ဒက္အသင္းကုိ အေ၀းကြင္းသုိ႔ သြားေရာက္ယွဥ္ၿပိဳင္ရမည္ျဖစ္ၿပီး ရီးရဲလ္အသင္းႏွင့္ အမွတ္ကြာဟခ်က္က်ဥ္းေျမာင္းေစရန္ မျဖစ္မေနအႏုိင္ရရိွရန္ ဖိအားရိွလာခဲ့ၿပီ ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

  ရော်နယ်ဒိုနှစ်ဂိုးသွင်း ယူပေးနိုင်ခဲ့သော်လည်း ဇယား ထိပ်ဆုံးတွင် အမှတ်ပြည့်ရရန် ပင်နယ်တီလွဲချော်ခဲ့သော စပို့စ် တင်းဂီဂျွန်အသင်းကို ရီးရဲလ်အ သင်း ကျေးဇူးတင်ရဖွယ်ရှိသည်။


စနေညက ကစားခဲ့သော လာလီဂါပွဲစဉ်များတွင် အိမ်ရှင် ရီးရဲလ်အသင်းသည် ပွဲအစ ၅ မိနစ်၌ ရရှိသော ပင်နယ်တီကို စီရော်နယ်ဒိုက ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့

ပြီးနောက် ဧည့်သည်ဂီဂျွန်အသင်းကို ဦးဆောင်ကစားနိုင်ခဲ့ သည်။ ရီးရဲလ်အသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဦးဆောင်ဂိုးကို စီရော်နယ်ဒိုက မိနစ် ၂၀ အတွင်း ထပ်မံသွင်းယူပေးခဲ့

သော်လည်း ပထမပိုင်းပြီးရန် ၁၀ မိနစ်အလိုတွင် ဂီဂျွန်အသင်းက ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပြီး မျှော်လင့်ချက်ပြန်လည်ရှင် သန်ခဲ့သည်။

ဒုတိယပိုင်းတွင် ဂိုးထပ်မံ သွင်းယူနိုင်ခြင်းမရှိသော ရီးရဲလ် အသင်းအား ရင်ခုန်စိတ်လှုပ်ရှားစေမည့် ပင်နယ်တီကို ဂီဂျွန်က ဒုတိယပိုင်းမပြီးမီ ရရှိခဲ့သော်လည်း အခွင့်အရေးကို အသုံးမချနိုင်ခဲ့ သောကြောင့် ရီးရဲလ်က ဘာစီလိုနာကို ခုနစ်မှတ်အထိဖြတ်ကာ ဇယားထိပ်ဆုံးတွင် ဆက်လက်ရပ်တည်ခဲ့သည်။

ဆီဗီလာနှင့် ဗလင်စီယာတို့ ပွဲတွင် အိမ်ရှင် ဆီဗီလာအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော ကြောင့် ရမှတ် ၂၇ မှတ်ဖြင့် တစ် ပွဲလျော့ ဘာစီလိုနာအသင်းကို တစ်မှတ်အသာရရှိကာ ရီးရဲလ် နောက် ဒုတိယနေရာ ရောက်ရှိခဲ့ သည်။ ဘာစီလိုနာအသင်းသည်တန င်္လာနေ့နံနက်တွင် ရီးရဲလ်ဆိုစီ ဒက်အသင်းကို အဝေးကွင်းသို့ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ရီးရဲလ်အသင်းနှင့် အမှတ်ကွာဟချက်ကျဉ်းမြောင်းစေရန် မဖြစ်မနေအနိုင်ရရှိရန် ဖိအားရှိလာခဲ့ပြီ ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top