Property Expo
×

 အ၀လြန္ျခင္းေၾကာင့္ myeloma ဟုေခၚေသာ ေသြးကင္ဆာ အမ်ိဳးအစားျဖစ္ပြားႏုိင္သည့္ အႏၲရာယ္ျမင့္မားေၾကာင္း National Cancer Institute ဂ်ာနယ္တြင္ ေဖာ္ျပထားေသာ ေလ့လာမႈတစ္ရပ္ က ေဖာ္ျပထားသည္။

စိန္႔လူး၀စ္ၿမိဳ႕ရိွ အေမရိကန္ေဆးတကၠသုိလ္မွ သုေတသီမ်ား၏ ေလ့လာမႈက ကုိယ္အေလးခ်ိန္ပုိမ်ားေနျခင္း (သုိ႔မဟုတ္) အ၀လြန္ ျဖစ္ျခင္းေၾကာင့္ ေသြးဆဲလ္မ်ားကင္ဆာျဖစ္ႏုိင္ေၾကာင္း ေဖာ္ျပထား သည္။


ပံုမွန္မဟုတ္ေသာ ဆဲလ္မ်ားက ပံုစံတူပ႐ုိတိန္းဓာတ္အမ်ား အျပားထုတ္လုပ္မႈေၾကာင့္ ေသြးကင္ဆာျဖစ္ပြားျခင္းျဖစ္ၿပီး ကနဦး အေျခအေနတြင္ ေရာဂါလကၡဏာမ်ား ျပသေလ့မရိွဘဲ စစ္ေဆး ေတြ႕ရိွျခင္းမရိွျဖစ္ေလ့ရိွသည္။

ကနဦးလကၡဏာမ်ားကို ေဖာ္ထုတ္သိရိွထားေသာ လူနာမ်ား သည္ က်န္းမာေရးႏွင့္ညီေသာ ကုိယ္အေလးခ်ိန္ကို ထိန္းထားျခင္း ျဖင့္ ေရာဂါမကြၽမ္းေအာင္ ကာကြယ္ႏိုင္မည္ဟု သုေတသီမ်ားက ေျပာသည္။

ယခုေလ့လာမႈတြင္ပါ၀င္ေသာ ေသြးကင္ဆာကနဦးအေျခအ ေနႏွင့္ ရင္ဆုိင္ေနရသူမ်ား၏ ၃၉ ဒသမ ၈ ရာခုိင္ႏႈန္းသည္ ကိုယ္အ ေလးခ်ိန္ပုိမ်ားေနသူမ်ားျဖစ္ၿပီး ၃၃ ဒသမ ၈ ရာခုိင္ႏႈန္းမွာ အ၀လြန္ေနသူမ်ားျဖစ္သည္။

သုေတသီမ်ားက ကုိယ္အေလးခ်ိန္ပုိမ်ားသူမ်ားအား ေလ့လာရာတြင္ ၎တို႔သည္ ေျခာက္ႏွစ္ခန္႔ၾကာၿပီးေနာက္ ေသြးကင္ဆာျဖစ္ ပြားလာေၾကာင္း ေလ့လာေတြ႕ရိွခဲ့သည္။ အ၀လြန္ျခင္းေၾကာင့္ ျဖစ္ေပၚလာႏုိင္ေသာ က်န္းမာေရးဆုိးက်ိဳးမ်ားကို ေလ့လာမႈမ်ားစြာက ေဖာ္ျပထားစဥ္ က်န္္းမာေရးႏွင့္ညီေသာ ကုိယ္အေလးခ်ိန္ထိန္းသိမ္းေရးအေရးႀကီးေၾကာင္း သုေတသီမ်ားကအႀကံျပဳထားသည္။ ယင္းေရာဂါသည္ စစ္ေဆးေဖာ္ထုတ္ရန္ ခက္ခဲၿပီး အာမခံႏုိင္ေသာ ကုသ နည္းလည္း မရိွေသာေၾကာင့္ ႀကိဳတင္ကာကြယ္ေသာနည္းလမ္းမွာ အေကာင္းဆံုးျဖစ္သည္ဟု သုေတသီမ်ားကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အဝလွန်ခြင်းကြောင့် myeloma ဟုခေါ်သော သွေးကင်ဆာ အမျိုးအစားဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားကြောင်း National Cancer Institute ဂျာနယ်တွင် ဖော်ပြထားသော လေ့လာမှုတစ်ရပ် က ဖော်ပြထားသည်။

စိန့်လူးဝစ်မြို့ရှိ အမေရိကန်ဆေးတက္ကသိုလ်မှ သုတေသီများ၏ လေ့လာမှုက ကိုယ်အလေးချိန်ပိုများနေခြင်း (သို့မဟုတ်) အဝလွန် ဖြစ်ခြင်းကြောင့် သွေးဆဲလ်များကင်ဆာဖြစ်နိုင်ကြောင်း ဖော်ပြထား သည်။


ပုံမှန်မဟုတ်သော ဆဲလ်များက ပုံစံတူပရိုတိန်းဓာတ်အများ အပြားထုတ်လုပ်မှုကြောင့် သွေးကင်ဆာဖြစ်ပွားခြင်းဖြစ်ပြီး ကနဦး အခြေအနေတွင် ရောဂါလက္ခဏာများ ပြသလေ့မရှိဘဲ စစ်ဆေး တွေ့ရှိခြင်းမရှိဖြစ်လေ့ရှိသည်။

ကနဦးလက္ခဏာများကို ဖော်ထုတ်သိရှိထားသော လူနာများ သည် ကျန်းမာရေးနှင့်ညီသော ကိုယ်အလေးချိန်ကို ထိန်းထားခြင်း ဖြင့် ရောဂါမကျွမ်းအောင် ကာကွယ်နိုင်မည်ဟု သုတေသီများက ပြောသည်။

ယခုလေ့လာမှုတွင်ပါဝင်သော သွေးကင်ဆာကနဦးအခြေအ နေနှင့် ရင်ဆိုင်နေရသူများ၏ ၃၉ ဒသမ ၈ ရာခိုင်နှုန်းသည် ကိုယ်အ လေးချိန်ပိုများနေသူများဖြစ်ပြီး ၃၃ ဒသမ ၈ ရာခိုင်နှုန်းမှာ အဝလွန်နေသူများဖြစ်သည်။

သုတေသီများက ကိုယ်အလေးချိန်ပိုများသူများအား လေ့လာရာတွင် ၎င်းတို့သည် ခြောက်နှစ်ခန့်ကြာပြီးနောက် သွေးကင်ဆာဖြစ် ပွားလာကြောင်း လေ့လာတွေ့ရှိခဲ့သည်။ အဝလွန်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးဆိုးကျိုးများကို လေ့လာမှုများစွာက ဖော်ပြထားစဉ် ကျန်းမာရေးနှင့်ညီသော ကိုယ်အလေးချိန်ထိန်းသိမ်းရေးအရေးကြီးကြောင်း သုတေသီများကအကြံပြုထားသည်။ ယင်းရောဂါသည် စစ်ဆေးဖော်ထုတ်ရန် ခက်ခဲပြီး အာမခံနိုင်သော ကုသ နည်းလည်း မရှိသောကြောင့် ကြိုတင်ကာကွယ်သောနည်းလမ်းမှာ အကောင်းဆုံးဖြစ်သည်ဟု သုတေသီများကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top