Kantharyar Centre
×

ခ်စ္သူေဟာင္းက ေသေစေလာက္တဲ့ ဓါးခ်က္ ၃၂ ခ်က္ထိုးခဲ့ေပမယ့့္ အသက္မေသခဲ့တဲ့ အမ်ိဳးသမီး မယ္လီဆာဒြန္းဟာ သူ႔အသက္ကိုကယ္ခဲ့တဲ့ အမ်ိဳးသားရဲ႕ လက္ထပ္ခြင့္ေတာင္းျခင္းကိုပါ ခံခဲ့ရပါတယ္။ မယ္လီဆာရဲ႕အျဖစ္က အံ့ၾသဆန္းၾကယ္ၿပီး သူမရဲ႕ဖူးစာဖက္နဲ႔ ေတြ႔ဆံုပံုကလည္း ထူးျခားခဲ့ပါတယ္။

ဖေလာ္ရီဒါမွာလုပ္ခဲ့တဲ့ ေဘ့စ္ေဘာၿပိဳင္ပြဲမွာ သူမအေနနဲ႔ ဒီလိုလက္ထပ္ခြင့္ေတာင္းျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။ ၂၀၁၂ ေအာက္တိုဘာလတုန္းက မယ္လီဆာက သူမရဲ႕ခ်စ္သူေဟာင္းနဲ႔ ျပႆနာျဖစ္ပြားခဲ့ၿပီး ဓါးနဲ႔ ၃၂ ခ်က္အထိုးခံခဲ့ရပါတယ္။ ေသြးအိုင္ထဲလဲေနတဲ့ သူမကိုေတြ႔ၿပီး ေနာင္တစ္ခ်ိန္မွာ သူမခ်စ္သူျဖစ္လာမယ့္ ကင္မရြန္းေဟးလ္က ကယ္ဆယ္ကာအေရးေပၚဌာနက ဖုန္းဆက္ေပးခဲ့တာျဖစ္ပါတယ္။ အဲဒီတုန္းက ကင္မရြန္းေဟးလ္ဟာ မယ္လီဆာရဲ႕နာမည္ကိုေတာင္ မသိေသးပဲ ပထမဆံုးေတြ႔ဖူးခဲ့တာ ျဖစ္ပါတယ္။ သူမကိုသတ္ဖို႔ ႀကံစည္ခဲ့တဲ့ ရည္းစားေဟာင္းကေတာ့ ပစ္မႈထင္ရွားလို႔ ေထာင္ဒဏ္တစ္သက္တစ္ကၽြန္းက်ခံခဲ့ရပါတယ္။

သူမဟာ ေဆးရံုမွာ ကုသမႈမ်ားစြာ ခံယူခဲ့ရၿပီး လမ္းျပန္ေလွ်ာက္ႏုိင္ဖို႔၊ စကားျပန္ေျပာႏုိင္ဖို႔ေတာင္ ဆရာဝန္ေတြက အာမ မခံႏုိင္တဲ့အထိ ဒဏ္ရာေတြက ဆိုးရြားခဲ့ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ သူမကို ေသြးအိုင္ထဲမွာ ကယ္တင္ခဲ့တဲ့ ကင္မရြန္းေဟးလ္ကလည္း ကယ္တင္ခဲ့ခ်ိန္တုန္းက မ်က္ႏွာကို ေသခ်ာမျမင္ခဲ့ရေပမယ့္ ေနာက္တႀကိမ္ျမင္ေတြ႔ရဖို႔ သူ႔ႏွလံုးသားက ေတာင္းဆိုခဲ့ေၾကာင္း ျပန္ေျပာျပပါတယ္။ ၂၀၁၂ ေအာက္တိုဘာလမွာ သူမတို႔ႏွစ္ဦး ဘုရားေၾကာင္းမွာ တုိက္ဆုိင္စြာ ျပန္လည္ဆံုေတြ႔ခဲ့ၿပီး အခုေတာ့ ခ်စ္သူေတြျဖစ္ကာ လက္ထပ္ဖို႔ ျပင္ေနၾကပါၿပီ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Planet Myanmar

#Unicode Version
ချစ်သူဟောင်းက သေစေလောက်တဲ့ ဓါးချက် ၃၂ ချက်ထိုးခဲ့ပေမယ့့် အသက်မသေခဲ့တဲ့ အမျိုးသမီး မယ်လီဆာဒွန်းဟာ သူ့အသက်ကိုကယ်ခဲ့တဲ့ အမျိုးသားရဲ့ လက်ထပ်ခွင့်တောင်းခြင်းကိုပါ ခံခဲ့ရပါတယ်။ မယ်လီဆာရဲ့အဖြစ်က အံ့သြဆန်းကြယ်ပြီး သူမရဲ့ဖူးစာဖက်နဲ့ တွေ့ဆုံပုံကလည်း ထူးခြားခဲ့ပါတယ်။


ဖလော်ရီဒါမှာလုပ်ခဲ့တဲ့ ဘေ့စ်ဘောပြိုင်ပွဲမှာ သူမအနေနဲ့ ဒီလိုလက်ထပ်ခွင့်တောင်းခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၂ အောက်တိုဘာလတုန်းက မယ်လီဆာက သူမရဲ့ချစ်သူဟောင်းနဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး ဓါးနဲ့ ၃၂ ချက်အထိုးခံခဲ့ရပါတယ်။ သွေးအိုင်ထဲလဲနေတဲ့ သူမကိုတွေ့ပြီး နောင်တစ်ချိန်မှာ သူမချစ်သူဖြစ်လာမယ့် ကင်မရွန်းဟေးလ်က ကယ်ဆယ်ကာအရေးပေါ်ဌာနက ဖုန်းဆက်ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက ကင်မရွန်းဟေးလ်ဟာ မယ်လီဆာရဲ့နာမည်ကိုတောင် မသိသေးပဲ ပထမဆုံးတွေ့ဖူးခဲ့တာ ဖြစ်ပါတယ်။ သူမကိုသတ်ဖို့ ကြံစည်ခဲ့တဲ့ ရည်းစားဟောင်းကတော့ ပစ်မှုထင်ရှားလို့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံခဲ့ရပါတယ်။


သူမဟာ ဆေးရုံမှာ ကုသမှုများစွာ ခံယူခဲ့ရပြီး လမ်းပြန်လျှောက်နိုင်ဖို့၊ စကားပြန်ပြောနိုင်ဖို့တောင် ဆရာဝန်တွေက အာမ မခံနိုင်တဲ့အထိ ဒဏ်ရာတွေက ဆိုးရွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူမကို သွေးအိုင်ထဲမှာ ကယ်တင်ခဲ့တဲ့ ကင်မရွန်းဟေးလ်ကလည်း ကယ်တင်ခဲ့ချိန်တုန်းက မျက်နှာကို သေချာမမြင်ခဲ့ရပေမယ့် နောက်တကြိမ်မြင်တွေ့ရဖို့ သူ့နှလုံးသားက တောင်းဆိုခဲ့ကြောင်း ပြန်ပြောပြပါတယ်။ ၂၀၁၂ အောက်တိုဘာလမှာ သူမတို့နှစ်ဦး ဘုရားကြောင်းမှာ တိုက်ဆိုင်စွာ ပြန်လည်ဆုံတွေ့ခဲ့ပြီး အခုတော့ ချစ်သူတွေဖြစ်ကာ လက်ထပ်ဖို့ ပြင်နေကြပါပြီ။


ဖိုးသူတော် (www.phothutaw.com)
Credit:Planet Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top