Property Expo
×

လက္ရွိမွာ မ်က္ႏွာသြယ္သြယ္နဲ႕ ကိုရီးယားမင္းသားစတိုင္ ေခ်ာလွပါတယ္လို႔ မိန္းကေလးပရိသတ္ေတြၾကားမွာ ေရပန္းစားေနတဲ့ ေဇရဲထက္ကေန သူ႕ရဲ႕မ်က္ႏွာအေၾကာင္းနဲ႕ ပတ္သတ္ၿပီး ယခုလိုေျပာၾကားခဲ့ပါတယ္။

" ဖက္ရွင္နဲ႕ပတ္သက္ၿပီး ေခတ္ေရစီးေၾကာင္းအတိုင္း ကြၽန္ေတာ္ကေနတယ္။ ဟိုးအရင္တုန္းက ဆိုရင္ မ်က္ႏွာ ၀ိုင္းဝိုင္းေလးေတြေခတ္စားတယ္။ မ်က္ႏွာအလွကို လျပည့္ဝန္းနဲ႕ႏွိုင္းတယ္။ အခုေခတ္ဆိုရင္ မ်က္ႏွာကို V-Shape နဲ႕ႏွိုင္းတယ္။ သ႐ုပ္ေဆာင္တဲ့ေနရာမွာ ကြၽန္ေတာ္က အရင္တုန္းက မ်က္ႏွာဝိုင္းဝိုင္းေလး နဲ႕သ႐ုပ္ေဆာင္တယ္။ အဲဒီအခ်ိန္မွာ ကာရိုက္တာေတြက ကြၽန္ေတာ့္အတြက္မၿငိဘူး။ လူဆိုးကို မ်က္ႏွာဝိုင္းဝိုင္းေလးနဲ႕ သ႐ုပ္ေဆာင္ရင္ ခ်စ္စရာေကာင္းေနမွာေပါ့။ မ်က္ႏွာဝိုင္းဝိုင္းနဲ႕ဆိုရင္ အမာခန္းေတြသ႐ုပ္ေဆာင္တဲ့ အခါဘယ္လိုမွ အမာမျဖစ္နိုင္ဘူး။ ခ်စ္စရာပဲေကာင္းေနတာ။ ကြၽန္ေတာ့္အေနနဲ႕မ်က္ႏွာကို ေဆးထိုးၿပီးခ်တယ္။ ကြၽန္ေတာ္ပရိသတ္ကို ညာၿပီးလုပ္ေနလို႔ရတယ္။ ပိုက္ဆံကိုဒီအတိုင္း သိမ္းယူေနလို႔ရတယ္။ ကြၽန္ေတာ္ မလုပ္ဘူး။ ဒီ ကာရိုက္တာကို အေကာင္းဆုံးျဖစ္ေအာင္ လုပ္ခ်င္တဲ့အတြက္ ပိုက္ဆုံအကုန္အက်ခံၿပီး မ်က္ႏွာကို ေဆးထိုးခ်တယ္။ HIV ကာရိုက္တာဆိုလည္း HIV ႐ုပ္ျဖစ္ေအာင္ ကြၽန္ေတာ္ဝိတ္ခ် တယ္။ ေဆးထိုးခ်တယ္။ ကြၽန္ေတာ့္ရဲ႕ အႏုပညာ႐ူးသြပ္မႈေပါ့။ ကြၽန္ေတာ့္ရဲ႕ အ႐ူးသြပ္လြန္မႈလားေတာ့မသိဘူး။ "

ဒါ့အျပင္ ၿပီးခဲ့တဲ့ဇာတ္ကားေတြမွာ မင္းသမီးေတြကို တခ်ိဳ႕ခႏၶာကိုယ္အစိတ္အပိုင္းေနရာေတြမွာ သိသိသာသာကိုင္တာမ်ိဳးေတြရွိတဲ့အခါ ေယာက်ာ္းေလးပရိသတ္ထုရဲ႕ အမ်ားဆုံးေဝဖန္ေျပာၾကားျခင္းခံခဲ့ရတဲ့ ေဇရဲထက္က ယခုလိုေျဖရွင္းခဲ့ပါတယ္။

" အဲဒီကိစၥေတြက Camera bound နဲ႕ဆိုင္တယ္။ လက္က ေအာက္ကဆိုရင္ ကင္မရာကလည္း ေအာက္ကပင့္ရိုက္လိုက္မယ္ဆိုရင္ ကိုင္သလိုျဖစ္သြားတယ္။ အဲဒါက ကင္မရာအယူအဆနဲ႕ဆိုင္သြားၿပီ။ ကင္မရာ မွားသြားတဲ့အတြက္ အဲလိုျဖစ္တယ္လို႔ထင္ရတာ။ အားလုံးက ကင္မရာအယူေၾကာင့္ျဖစ္တာ။အႏုပညာသမားအားလုံးကတစ္ေယာက္အေပၚတစ္ေယာက္ေမာင္ႏွမစိတ္ပဲ
ရွိတာ။ ဇာတ္လမ္းအေပၚ ဘယ္လိုအေကာင္း ဆုံးျဖစ္ေအာင္လုပ္မလဲဆိုတဲ့စိတ္ပဲရွိတယ္။ တစ္ေယာက္နဲ႕တစ္ေယာက္ၾကည့္တယ္ဆိုရင္ေတာင္မွာ တည့္ၾကည့္လို႔မရဘူး။ တည့္ၾကည့္မယ္ဆိုရင္ ကင္မရာႏွစ္လုံးက ရိုက္လို႔မရဘူး။ ေက်ာ္ၾကည့္ရတာ။ ေက်ာ္ၾကည့္ ရတာဆိုတာေတာင္မွ သူ႕ကိုၾကည့္ရတာမ်ိဳးမဟုတ္ဘဲ ေလဟာနယ္ထဲကိုၾကည့္ၿပီး အိုက္တင္ယူရတာ။ ကြၽန္ေတာ္တို႔အႏုပညာေမာင္ႏွမေတြမွာ အဲလိုစိတ္မ်ိဳးလုံးဝ မရွိဘူး။ ေဖ့စ္ဘြတ္မွာဆိုလည္း ကြၽန္ေတာ့္ကို ဘလိုင္းႀကီးလာတိုက္ခိုက္တဲ့သူေတြအမ်ားႀကီးရွိတယ္။ ကြၽန္ေတာ္ျပန္မေျဖရွင္းေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့ အတိတ္ဘဝတုန္းက ကြၽန္ေတာ္သူတို႔ကို အဲလိုတိုက္ခိုက္ခဲ့ဖူး လို႔ တိုက္ခိုက္ခံရတာလို႔ ပဲမွတ္ယူလိုက္တယ္။ လာသမွ်ကို ကြၽန္ေတာ္လက္ခံတယ္။ လာၾကပါ၊ ေျပာၾကပါ လို႔ပဲ ကြၽန္ေတာ္ေျပာခ်င္ပါတယ္။ "

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmarload

#Unicode Version
လက်ရှိမှာ မျက်နှာသွယ်သွယ်နဲ့ ကိုရီးယားမင်းသားစတိုင် ချောလှပါတယ်လို့ မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ဇေရဲထက်ကနေ သူ့ရဲ့မျက်နှာအကြောင်းနဲ့ ပတ်သတ်ပြီး ယခုလိုပြောကြားခဲ့ပါတယ်။

" ဖက်ရှင်နဲ့ပတ်သက်ပြီး ခေတ်ရေစီးကြောင်းအတိုင်း ကျွန်တော်ကနေတယ်။ ဟိုးအရင်တုန်းက ဆိုရင် မျက်နှာ ဝိုင်းဝိုင်းလေးတွေခေတ်စားတယ်။ မျက်နှာအလှကို လပြည့်ဝန်းနဲ့နှိုင်းတယ်။ အခုခေတ်ဆိုရင် မျက်နှာကို V-Shape နဲ့နှိုင်းတယ်။ သရုပ်ဆောင်တဲ့နေရာမှာ ကျွန်တော်က အရင်တုန်းက မျက်နှာဝိုင်းဝိုင်းလေး နဲ့သရုပ်ဆောင်တယ်။ အဲဒီအချိန်မှာ ကာရိုက်တာတွေက ကျွန်တော့်အတွက်မငြိဘူး။ လူဆိုးကို မျက်နှာဝိုင်းဝိုင်းလေးနဲ့ သရုပ်ဆောင်ရင် ချစ်စရာကောင်းနေမှာပေါ့။ မျက်နှာဝိုင်းဝိုင်းနဲ့ဆိုရင် အမာခန်းတွေသရုပ်ဆောင်တဲ့ အခါဘယ်လိုမှ အမာမဖြစ်နိုင်ဘူး။ ချစ်စရာပဲကောင်းနေတာ။ ကျွန်တော့်အနေနဲ့မျက်နှာကို ဆေးထိုးပြီးချတယ်။ ကျွန်တော်ပရိသတ်ကို ညာပြီးလုပ်နေလို့ရတယ်။ ပိုက်ဆံကိုဒီအတိုင်း သိမ်းယူနေလို့ရတယ်။ ကျွန်တော် မလုပ်ဘူး။ ဒီ ကာရိုက်တာကို အကောင်းဆုံးဖြစ်အောင် လုပ်ချင်တဲ့အတွက် ပိုက်ဆုံအကုန်အကျခံပြီး မျက်နှာကို ဆေးထိုးချတယ်။ HIV ကာရိုက်တာဆိုလည်း HIV ရုပ်ဖြစ်အောင် ကျွန်တော်ဝိတ်ချ တယ်။ ဆေးထိုးချတယ်။ ကျွန်တော့်ရဲ့ အနုပညာရူးသွပ်မှုပေါ့။ ကျွန်တော့်ရဲ့ အရူးသွပ်လွန်မှုလားတော့မသိဘူး။ "

ဒါ့အပြင် ပြီးခဲ့တဲ့ဇာတ်ကားတွေမှာ မင်းသမီးတွေကို တချို့ခန္ဓာကိုယ်အစိတ်အပိုင်းနေရာတွေမှာ သိသိသာသာကိုင်တာမျိုးတွေရှိတဲ့အခါ ယောကျာ်းလေးပရိသတ်ထုရဲ့ အများဆုံးဝေဖန်ပြောကြားခြင်းခံခဲ့ရတဲ့ ဇေရဲထက်က ယခုလိုဖြေရှင်းခဲ့ပါတယ်။

" အဲဒီကိစ္စတွေက Camera bound နဲ့ဆိုင်တယ်။ လက်က အောက်ကဆိုရင် ကင်မရာကလည်း အောက်ကပင့်ရိုက်လိုက်မယ်ဆိုရင် ကိုင်သလိုဖြစ်သွားတယ်။ အဲဒါက ကင်မရာအယူအဆနဲ့ဆိုင်သွားပြီ။ ကင်မရာ မှားသွားတဲ့အတွက် အဲလိုဖြစ်တယ်လို့ထင်ရတာ။ အားလုံးက ကင်မရာအယူကြောင့်ဖြစ်တာ။ အနုပညာသမားအားလုံးက တစ်ယောက်အပေါ် တစ်ယောက်မောင်နှမစိတ်ပဲရှိတာ။ ဇာတ်လမ်းအပေါ် ဘယ်လိုအကောင်း ဆုံးဖြစ်အောင်လုပ်မလဲဆိုတဲ့စိတ်ပဲရှိတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြည့်တယ်ဆိုရင်တောင်မှာ တည့်ကြည့်လို့မရဘူး။ တည့်ကြည့်မယ်ဆိုရင် ကင်မရာနှစ်လုံးက ရိုက်လို့မရဘူး။ ကျော်ကြည့်ရတာ။ ကျော်ကြည့် ရတာဆိုတာတောင်မှ သူ့ကိုကြည့်ရတာမျိုးမဟုတ်ဘဲ လေဟာနယ်ထဲကိုကြည့်ပြီး အိုက်တင်ယူရတာ။ ကျွန်တော်တို့အနုပညာမောင်နှမတွေမှာ အဲလိုစိတ်မျိုးလုံးဝ မရှိဘူး။ ဖေ့စ်ဘွတ်မှာဆိုလည်း ကျွန်တော့်ကို ဘလိုင်းကြီးလာတိုက်ခိုက်တဲ့သူတွေအများကြီးရှိတယ်။ ကျွန်တော်ပြန်မဖြေရှင်းတော့ဘူး။ ဘာလို့လဲဆိုတော့ အတိတ်ဘဝတုန်းက ကျွန်တော်သူတို့ကို အဲလိုတိုက်ခိုက်ခဲ့ဖူး လို့ တိုက်ခိုက်ခံရတာလို့ ပဲမှတ်ယူလိုက်တယ်။ လာသမျှကို ကျွန်တော်လက်ခံတယ်။ လာကြပါ၊ ပြောကြပါ လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ "


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmarload
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top