Property Expo
×

တန္ေဆာင္မုန္းလသည္ ျမန္မာ့ ၁၂လရာသီတြင္ ရွစ္လေျမာက္လျဖစ္သည္။ မုိးေလကင္းစင္၍ နကၡတ္တာရာစုံ ထြန္းပေသာ လလည္းျဖစ္သည္။
ပင္းယေခတ္ စာဆိုေတာ္ စတုရဂၤဗလအမတ္ႀကီးက ''သရဒံတု ကာလာနံ'' အခ်ိန္အခါေန႔တြင္ တန္ေဆာင္မုန္းလသည္ သာယာအလွပဆုံး အခ်ိန္အခါျဖစ္သည္ဟု ဖြဲ႕ဆုိခဲ့သည္။
သာမညဖလသုတ္ေတာ္ ေဟာၾကားေတာ္မူျခင္းကို အေၾကာင္းျပဳ၍ တန္ေဆာင္မုန္းလျပည့္ေန႔ကို သာမညဖလအခါေတာ္ေန႔ဟူ၍ သတ္မွတ္ခဲ့သည္။ ဗုဒၶဘာသာဝင္တုိ႔သည္ တန္ေဆာင္မုန္းလျပည့္ေန႔ အခါသမယတြင္ သာမညဖလတရားေတာ္ကုိ နာၾကားပူေဇာ္ေလ့ရွိၾကသည္။
ရာဇၿဂိဳဟ္ျပည့္ရွင္ အဇာတသတ္မင္းသည္ ျမတ္စြာဘုရားေဟာၾကားေတာ္မူေသာ သာမညဖလ သုတၱန္ေဒသနာေတာ္ကုိ ၾကားနာရသည့္အဆုံးတြင္ ရတနာသုံးပါးကုိ ကုိးကြယ္ဆည္းကပ္သည့္ ဥပါသကာအျဖစ္သုိ႔ ေရာက္ရွိေတာ္မူခဲ့သည္။
တန္ေဆာင္မုန္းလျပည့္ေန႔ က်င္းပေသာ ပြဲေတာ္တစ္ခုမွာ ကထိန္သကၤန္း ဆက္ကပ္လႉဒါန္းပြဲျဖစ္သည္။ ကထိန္ဟူသည္မွာ ''ကထိန''ဟူေသာ
ပါဠိေဝါဟာရကို ျပန္ဆုိထားျခင္းျဖစ္သည္။ အလုပ္အက်ဳိးေပး ၿမဲၿမဲခုိင္ခံ့ေသာအလုပ္၊ ဘုရားအစရွိေသာ ပညာရွိတုိ႔က ''ေကာင္း၏၊ ေကာင္း၏''ဟုခ်ီးက်ဴးၾသဘာ ေထာမနာျပဳရေသာ အလုပ္က်ဳိးကုိ ''ကထိန္''ဟု ေခၚသည္။
ကထိန္ပြဲေတာ္သည္ ေရွးဘုရင္လက္ထက္ အဆက္ဆက္ကပင္ ရွိခဲ့သည္။ ပဒုမုတၱရဘုရားရွင္တုိ႔၏ လက္ထက္၌ ကထိန္ခြင့္ျပဳခဲ့သည္ဟု ဗုဒၶစာေပမ်ား၌ ေတြ႕ရွိရသည္။
ကထိန္သကၤန္းအလွဴသည္ တစ္ႏွစ္တြင္ တစ္လ၊ တစ္လတြင္ တစ္ရက္သာျပဳရေသာ ကာလဒါနမ်ဳိးျဖစ္သည္။ ကထိန္သကၤန္းကပ္လွဴပြဲခြင့္ျပဳေသာကာလမွာ သီတင္းကြၽတ္လျပည့္ေက်ာ္ ၁ရက္ေန႔မွ တန္ေဆာင္မုန္းလျပည့္ေန႔အထိ ျဖစ္သည္။
တန္ေဆာင္မုန္းလျပည့္ေန႔ အ႐ုဏ္တက္ခ်ိန္ မသုိးသကၤန္းမ်ား ကပ္လွဴရန္အတြက္ ရက္လုပ္ ပူေဇာ္ပြဲမ်ား က်င္းပေလ့ရွိၿပီး ေန႔မကူး၊ ရက္မကူးဘဲ တစ္ရက္တည္း အၿပီးရက္လုပ္လွဴဒါန္းရေသာ သကၤန္းျဖစ္သျဖင့္ မသုိးသကၤန္းဟုလည္း ေခၚေဝၚၾကသည္။
ဘုရားရွင္သည္ အဇာတသတ္မင္းအား တန္ေဆာင္မုန္းလျပည့္ေန႔တြင္
သာမညဖလသုတၱန္တရားကုိ ေဟာၾကားေတာ္မူသည္။ ထုိ႔ေၾကာင့္ တန္ေဆာင္မုန္းလျပည့္ေန႔ကို ''သာမညဖလအခါေတာ္ေန႔''ဟု သတ္မွတ္ က်င္းပၾကသည္။ သာမညဖလ၏အဓိပၸာယ္မွာ ရဟန္းျပဳရျခင္း၏ အက်ဳိးပင္ျဖစ္သည္။သာမညဖလသုတ္ေတာ္သည္ ရဟန္းသံဃာေတာ္မ်ားအတြက္ ေၾကးမံုမွန္
ခ်ပႀ္ ကးီ တစခ္ ုပငျ္ ဖစသ္ ည။္ ကုိယ္က်င့္သီလ ရွိသည္မရွိသည္ကုိ ဤသုတျ္ ဖင့္
ထင္ဟပ္ေစႏုိင္သည္။အရွင္ေဒဝဒတ္အား ကိုးကြယ္ဆည္းကပ္ ၊ ဆရာတင္မႈမွားခဲ့ေသာ အဇာတသတ္မင္းသားသည္ ဖခင္ဘုရင္ ဗိမိၺသာရကို သတ္မိသည္အထိ အမွားႀကီးမွားခဲ့ရာ ဖခင္ၾကီးအား သတ္မိသည့္အခ်ိန္မွစ၍ ညတုိင္းအိပ္မေပ်ာ္ေသာေရာဂါ
ေဝဒနာစြဲကပ္ေတာ့သည္။ ထုိေဝဒနာကို ေပ်ာက္ကင္းေအာင္ မည္သည့္သမားေတာ္၊ မည္သည့္ေဆးစြမ္းေကာင္းကမွ်မကုသႏုိင္ေတာ့ေပ။တန္ေဆာင္မုန္းလျပည့္ညတစ္ညတြင္
အဇာတသတ္မင္းသည္ မွဴးမတ္ေပါင္းစံုညီစြာျဖင့္ညီလာခံသဘင္ ဆင္ယင္က်င္းပေနစဥ္ ဆီးႏွင္းျမဴတိမ္သူရိန္ မီးခိုးေမွာင္မ်ဳိး မသြန္းလျပည့္ဝန္းက ထြန္းလင္းသာယာေနသည္။ ၾကည္ႏူးသာယာဖြယ္ ေကာင္းလွသည ့္ တန္ေဆာင္မုန္းလၿပည့္ည၏ အလွကုိခံစားရင္းရင္တြင္းအပူမီးကုိၿငိမ္းေအးေစႏိုင္မည့္ နည္းလမ္းမ်ားရရွိရန္ ေတာင့္တမိေလသည္။ မွဴးႀကီး မတ္ႀကီးမ်ားအား မည္သူ႔ကို ခ်ဥ္းကပ္ရလွ်င္ ေကာင္းမည္နည္းဟု ေမးျမန္းတုိင္ပင္ရေတာ့သည္။
ပုရာဏကႆပအစရွိေသာ တိတိၴဆရာႀကီးမ်ားထံ ခ်ဥ္းကပ္သင့္ေၾကာင္း
မွဴးႀကီးမတ္ႀကီးတုိ႔၏ တင္ျပခ်က္ကို လက္မခံဘဲ ဆရာဇီဝကအား ေမးေတာ္မူ
သည္။ ဆရာဇီဝက၏ အႀကံေပးခ်က္အရ ဘုရားရွင္ထံခ်ဥ္းကပ္ဖို႔ရန္ ဆရာ
ဇီဝကကို စီစဥ္ေစသည္။ အဇာတသတ္မင္း ဘုရားရွင္ထံ ဖူးေျမာ္ရန္သြားေသာ
အခ်ိန္မွာ တန္ေဆာင္မုန္းလျပည့္ေန႔ ညခ်မ္းအခ်ိန္ျဖစ္သည္။ ရာဇၿဂိဳဟ္ၿမိဳ႕အနီး
ဇီဝကသရက္ဥယ်ာဥ္၌ သီတင္းသံုးေနေသာ ဘုရားေက်ာင္းေတာ္သို႔ သြားရာ
လမ္းခရီးတြင္ ညခ်မ္းခ်ိန္ျဖစ္ျခင္း၊ သစ္ရိပ္ဝါးရိပ္ေၾကာင့္ အေမွာင္က်ေနျခင္း
တုိ႔ေၾကာင့္ လုိက္ပါသူအားလံုး မီး႐ွဴးမီးတုိင္ ကိုယ္စီကိုင္၍ သြားၾကရသည္။
အဇာတသတ္ႏွင့္အျခံအရံမ်ား တန္ေဆာင္မုန္းလျပည့္ည၌ တန္ေဆာင္တုိင္
မီးထြန္းပြဲ က်င္းပၾကသကဲ့သို႔ ျဖစ္ေလသည္။
အဇာတသတ္မင္းသည္ ဘုရားရွင္ေဟာၾကားေသာ သာမညဖလ တရား
ေတာ္ကို နာၾကားရသျဖင့္ အိပ္မေပ်ာ္ေသာေရာဂါ လံုးဝေပ်ာက္ကင္းသြားေတာ့
သည္။ ရတနာသံုးပါးအေပၚ ႏွစ္ႏွစ္ကာကာ ယံုၾကည္သြားေလသည္။ ပုထုဇဥ္
တို႔တြင္ ရတနာသံုးပါးကို အၾကည္ညိဳဆံုးပုဂၢိဳလ္ အျဖစ္ ဧတဒဂ္ေပးျခင္းကိုပင္
ခံယူရရွိသည္္ ။အဇာတသတ္မငး္ သည ္ ပထမသဂါၤ ယနာတင ္ ဒကာအျဖစ္လည္းေကာင္း
ခံယူခဲ့သည္္ ။ဘုရားရွႈင္၏ ဓာတ္ေတာ္မ်ားကုိ စုေဆာငး္ သမိ း္ ဆညး္ ၍ ဓာတ္ေ တာ္
တိုက္ႀကီးကိုလည္း တည္ထားခဲ့သည။္ ဗုဒၶသာသနာႏွစ္ကုိလည္းအတိအက် သတ္မွတ္ေပးခဲ့သည္။
တန္ေဆာင္မုန္းလျပည့္ေန႔တြင္ ရွင္မာလဲပြဲကိုလည္း က်င္းပၾကသည္။
အရိေမေတၱယ် ဘုရားအေလာင္းနတ္သားက သီဟိုဠ္ကြၽန္းသား ရွင္မာလဲ
မေထရ္အား တန္ေဆာင္မုန္းလျပည့္ေန႔တိုင္း လူအေပါင္းတို႔အား ေဝႆႏၲရာ
ဇာတ္ေတာ္ကို ေဟာၾကားပါရန္ ေတာင္းပန္ေလွ်ာက္ထားသျဖင့္ ရွင္မာလဲက
ဂါထာတစ္ေထာင္ျဖင့္ တန္ဆာဆင္အပ္ေသာ ေဝႆႏၲရာဇာတ္ေတာ္ႀကီးကို
ေဟာေျပာသည္ကို အထိမ္းအမွတ္ျပဳ၍ ေဝႆႏၲရာဇာတ္ေတာ္ကိုေဟာေျပာျခင္း၊
ေလွာ္ကားေတာ္ပံုျပဳ၍ ေလွာ္ကားထက္တြင္ အသီးတစ္ေထာင္၊ အပြင့္
တစ္ေထာင္၊ ထမင္းထုပ္တစ္ေထာင္၊ ဆီမီးတစ္ေထာင္စသည္တင္ကာ လွဴဒါန္း
ျခင္းျဖင့္ ရွင္မာလဲပြဲကို ဆင္ယင္က်င္းပၾကသည္။
တန္ေဆာင္မုန္းလျပည့္ေန႔တြင္ ေဆးပင္အေပါင္းကို ေစာင့္ေသာ နတ္တို႔
သည္ မဲဇလီပင္ေစာင့္နတ္အား လာေရာက္ခစားၾကသည္။ ထို႔ေၾကာင့္မဲဇလီပင္
သည္ ေဆးေပါင္းခသည္။ ထိုအခ်ိန္မ်ဳိး၌ မဲဇလီဖူးကို စားသံုးခဲ့ေသာ္ အနာမ်ဳိး
၉၆ပါးကင္းၿပီး ဘုန္းႀကီး သက္ရွည္ႏိုင္သည္ဟု ေဆးက်မ္းတုိ႔တြင္ေဖာ္ျပပါ
ရွိသည္။ ထိုအဆိုအတိုင္း ေဘးကင္းရန္ကြာ က်န္းမာခ်မ္းသာရန္ မဲဇလီဖူးသုပ္
ကို စားသံုးၾကသည္။တန္ေဆာင္မုန္းလတြင္ တနေ္ ဆာင္တုိင္မီးထြန္းပဲြ၊ကထိန္ပဲြ၊မသိုးသကၤန္း
ရက္လုပ္ပြဲ၊ မဲဇလီဖူးသုပ္ေဝငွပြဲ၊ ရွင္မာလဲပြဲ၊ သာမညဖလ အခါေတာ္ေန႔
ပြဲမ်ား က်င္းပၾကေလသည္။တန္ေဆာင္မုန္းလသည္ ႐ိုးရာပြဲေတာ္အမ်ားဆံုးလဟု ဆိုႏိုင္သည္။
ေျခခင္းလက္ခင္းသာေသာ မိုးအေႏွာင္း ေဆာင္းအကူးကာလျဖစ္ျခင္း၊ အာဇဋာေကာင္းကင္ထက္တြင္ မိုးတိမ္မိုးရိပ္တို႔ကင္းစင္ျခင္း၊ ဆီးႏွင္းျမဴတိမ္ သူရိန္မီးခိုး ေမွာင္မ်ဳိးမသြန္းသည့္ လျပည့္ဝန္းအား သာယာၾကည္ႏူးစဖြယ္ ေတြ႕ျမင္ရျခင္း၊ ဗုဒၶဘာသာ ျမန္မာယဥ္ေက်းမႈပြဲေတာ္မ်ား ဆင္ယင္က်င္းပျခင္း
တို႔ေၾကာင့္ ျမန္မာတို႔၏ သာယာေပ်ာ္ရႊင္ဖြယ္ ေကာင္းေသာ လတစ္လပင္ျဖစ္ပါေၾကာင္း ၊ ျမန္မာလူမ်ိဳးသည္ ယဥ္ေက်းသိမ္ေမြ႕ေသာလူမ်ိဳး၊ ဘာသာေရးကို ေလးစားကိုင္းရႈိင္းတတ္ေသာ လူမ်ိဳး အျဖစ္ ကမာၻ႕အလယ္တြင္ ထင္ရွားရပ္တည္ေနႏိုင္ၾကသည္ မွာ မ်ားစြာဂုဏ္ယူရေပေတာ့သည္. .

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:ပန္းေတာင္းသန္းၾကြယ္

#Unicode Version
တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂လရာသီတွင် ရှစ်လမြောက်လဖြစ်သည်။ မိုးလေကင်းစင်၍ နက္ခတ်တာရာစုံ ထွန်းပသော လလည်းဖြစ်သည်။
ပင်းယခေတ် စာဆိုတော် စတုရင်္ဂဗလအမတ်ကြီးက ''သရဒံတု ကာလာနံ'' အချိန်အခါနေ့တွင် တန်ဆောင်မုန်းလသည် သာယာအလှပဆုံး အချိန်အခါဖြစ်သည်ဟု ဖွဲ့ဆိုခဲ့သည်။
သာမညဖလသုတ်တော် ဟောကြားတော်မူခြင်းကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့ဟူ၍ သတ်မှတ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင်တို့သည် တန်ဆောင်မုန်းလပြည့်နေ့ အခါသမယတွင် သာမညဖလတရားတော်ကို နာကြားပူဇော်လေ့ရှိကြသည်။
ရာဇဂြိုဟ်ပြည့်ရှင် အဇာတသတ်မင်းသည် မြတ်စွာဘုရားဟောကြားတော်မူသော သာမညဖလ သုတ္တန်ဒေသနာတော်ကို ကြားနာရသည့်အဆုံးတွင် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သည့် ဥပါသကာအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။
တန်ဆောင်မုန်းလပြည့်နေ့ ကျင်းပသော ပွဲတော်တစ်ခုမှာ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲဖြစ်သည်။ ကထိန်ဟူသည်မှာ ''ကထိန''ဟူသော
ပါဠိဝေါဟာရကို ပြန်ဆိုထားခြင်းဖြစ်သည်။ အလုပ်အကျိုးပေး မြဲမြဲခိုင်ခံ့သောအလုပ်၊ ဘုရားအစရှိသော ပညာရှိတို့က ''ကောင်း၏၊ ကောင်း၏''ဟုချီးကျူးသြဘာ ထောမနာပြုရသော အလုပ်ကျိုးကို ''ကထိန်''ဟု ခေါ်သည်။
ကထိန်ပွဲတော်သည် ရှေးဘုရင်လက်ထက် အဆက်ဆက်ကပင် ရှိခဲ့သည်။ ပဒုမုတ္တရဘုရားရှင်တို့၏ လက်ထက်၌ ကထိန်ခွင့်ပြုခဲ့သည်ဟု ဗုဒ္ဓစာပေများ၌ တွေ့ရှိရသည်။
ကထိန်သင်္ကန်းအလှူသည် တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက်သာပြုရသော ကာလဒါနမျိုးဖြစ်သည်။ ကထိန်သင်္ကန်းကပ်လှူပွဲခွင့်ပြုသောကာလမှာ သီတင်းကျွတ်လပြည့်ကျော် ၁ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ ဖြစ်သည်။
တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်တက်ချိန် မသိုးသင်္ကန်းများ ကပ်လှူရန်အတွက် ရက်လုပ် ပူဇော်ပွဲများ ကျင်းပလေ့ရှိပြီး နေ့မကူး၊ ရက်မကူးဘဲ တစ်ရက်တည်း အပြီးရက်လုပ်လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟုလည်း ခေါ်ဝေါ်ကြသည်။
ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင်
သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်။ ထို့ကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို ''သာမညဖလအခါတော်နေ့''ဟု သတ်မှတ် ကျင်းပကြသည်။ သာမညဖလ၏အဓိပ္ပာယ်မှာ ရဟန်းပြုရခြင်း၏ အကျိုးပင်ဖြစ်သည်။သာမညဖလသုတ်တော်သည် ရဟန်းသံဃာတော်များအတွက် ကြေးမုံမှန်
ချြပ် ကးီ တစခ် ုပြင် ဖစသ် ည။် ကိုယ်ကျင့်သီလ ရှိသည်မရှိသည်ကို ဤသုြတ် ဖင့်
ထင်ဟပ်စေနိုင်သည်။အရှင်ဒေဝဒတ်အား ကိုးကွယ်ဆည်းကပ် ၊ ဆရာတင်မှုမှားခဲ့သော အဇာတသတ်မင်းသားသည် ဖခင်ဘုရင် ဗိမ္ဗိသာရကို သတ်မိသည်အထိ အမှားကြီးမှားခဲ့ရာ ဖခင်ကြီးအား သတ်မိသည့်အချိန်မှစ၍ ညတိုင်းအိပ်မပျော်သောရောဂါ
ဝေဒနာစွဲကပ်တော့သည်။ ထိုဝေဒနာကို ပျောက်ကင်းအောင် မည်သည့်သမားတော်၊ မည်သည့်ဆေးစွမ်းကောင်းကမျှမကုသနိုင်တော့ပေ။တန်ဆောင်မုန်းလပြည့်ညတစ်ညတွင်

အဇာတသတ်မင်းသည် မှူးမတ်ပေါင်းစုံညီစွာဖြင့်ညီလာခံသဘင် ဆင်ယင်ကျင်းပနေစဉ် ဆီးနှင်းမြူတိမ်သူရိန် မီးခိုးမှောင်မျိုး မသွန်းလပြည့်ဝန်းက ထွန်းလင်းသာယာနေသည်။ ကြည်နူးသာယာဖွယ် ကောင်းလှသည့် တန်ဆောင်မုန်းလပြည့်ည၏ အလှကိုခံစားရင်းရင်တွင်းအပူမီးကိုငြိမ်းအေးစေနိုင်မည့် နည်းလမ်းများရရှိရန် တောင့်တမိလေသည်။ မှူးကြီး မတ်ကြီးများအား မည်သူ့ကို ချဉ်းကပ်ရလျှင် ကောင်းမည်နည်းဟု မေးမြန်းတိုင်ပင်ရတော့သည်။
ပုရာဏကဿပအစရှိသော တိတ္ထိဆရာကြီးများထံ ချဉ်းကပ်သင့်ကြောင်း
မှူးကြီးမတ်ကြီးတို့၏ တင်ပြချက်ကို လက်မခံဘဲ ဆရာဇီဝကအား မေးတော်မူ
သည်။ ဆရာဇီဝက၏ အကြံပေးချက်အရ ဘုရားရှင်ထံချဉ်းကပ်ဖို့ရန် ဆရာ
ဇီဝကကို စီစဉ်စေသည်။ အဇာတသတ်မင်း ဘုရားရှင်ထံ ဖူးမြော်ရန်သွားသော
အချိန်မှာ တန်ဆောင်မုန်းလပြည့်နေ့ ညချမ်းအချိန်ဖြစ်သည်။ ရာဇဂြိုဟ်မြို့အနီး
ဇီဝကသရက်ဥယျာဉ်၌ သီတင်းသုံးနေသော ဘုရားကျောင်းတော်သို့ သွားရာ
လမ်းခရီးတွင် ညချမ်းချိန်ဖြစ်ခြင်း၊ သစ်ရိပ်ဝါးရိပ်ကြောင့် အမှောင်ကျနေခြင်း
တို့ကြောင့် လိုက်ပါသူအားလုံး မီးရှူးမီးတိုင် ကိုယ်စီကိုင်၍ သွားကြရသည်။
အဇာတသတ်နှင့်အခြံအရံများ တန်ဆောင်မုန်းလပြည့်ည၌ တန်ဆောင်တိုင်
မီးထွန်းပွဲ ကျင်းပကြသကဲ့သို့ ဖြစ်လေသည်။
အဇာတသတ်မင်းသည် ဘုရားရှင်ဟောကြားသော သာမညဖလ တရား
တော်ကို နာကြားရသဖြင့် အိပ်မပျော်သောရောဂါ လုံးဝပျောက်ကင်းသွားတော့
သည်။ ရတနာသုံးပါးအပေါ် နှစ်နှစ်ကာကာ ယုံကြည်သွားလေသည်။ ပုထုဇဉ်
တို့တွင် ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ် အဖြစ် ဧတဒဂ်ပေးခြင်းကိုပင်
ခံယူရရှိသည် ။အဇာတသတ်မင်း သည ် ပထမသဂါၤ ယနာတင ် ဒကာအဖြစ်လည်းကောင်း
ခံယူခဲ့သည် ။ဘုရားရှှုင်၏ ဓာတ်တော်များကို စုဆောင်း သမိ ်း ဆည်း ၍ ဓာတ်ေ တာ်
တိုက်ကြီးကိုလည်း တည်ထားခဲ့သည။် ဗုဒ္ဓသာသနာနှစ်ကိုလည်းအတိအကျ သတ်မှတ်ပေးခဲ့သည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ရှင်မာလဲပွဲကိုလည်း ကျင်းပကြသည်။
အရိမေတ္တေယျ ဘုရားအလောင်းနတ်သားက သီဟိုဠ်ကျွန်းသား ရှင်မာလဲ
မထေရ်အား တန်ဆောင်မုန်းလပြည့်နေ့တိုင်း လူအပေါင်းတို့အား ဝေဿန္တရာ
ဇာတ်တော်ကို ဟောကြားပါရန် တောင်းပန်လျှောက်ထားသဖြင့် ရှင်မာလဲက
ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို
ဟောပြောသည်ကို အထိမ်းအမှတ်ပြု၍ ဝေဿန္တရာဇာတ်တော်ကိုဟောပြောခြင်း၊
လှော်ကားတော်ပုံပြု၍ လှော်ကားထက်တွင် အသီးတစ်ထောင်၊ အပွင့်
တစ်ထောင်၊ ထမင်းထုပ်တစ်ထောင်၊ ဆီမီးတစ်ထောင်စသည်တင်ကာ လှူဒါန်း
ခြင်းဖြင့် ရှင်မာလဲပွဲကို ဆင်ယင်ကျင်းပကြသည်။
တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးပင်အပေါင်းကို စောင့်သော နတ်တို့
သည် မဲဇလီပင်စောင့်နတ်အား လာရောက်ခစားကြသည်။ ထို့ကြောင့်မဲဇလီပင်
သည် ဆေးပေါင်းခသည်။ ထိုအချိန်မျိုး၌ မဲဇလီဖူးကို စားသုံးခဲ့သော် အနာမျိုး
၉၆ပါးကင်းပြီး ဘုန်းကြီး သက်ရှည်နိုင်သည်ဟု ဆေးကျမ်းတို့တွင်ဖော်ပြပါ
ရှိသည်။ ထိုအဆိုအတိုင်း ဘေးကင်းရန်ကွာ ကျန်းမာချမ်းသာရန် မဲဇလီဖူးသုပ်
ကို စားသုံးကြသည်။တန်ဆောင်မုန်းလတွင် တနေ် ဆာင်တိုင်မီးထွန်းပွဲ၊ကထိန်ပွဲ၊မသိုးသင်္ကန်း
ရက်လုပ်ပွဲ၊ မဲဇလီဖူးသုပ်ဝေငှပွဲ၊ ရှင်မာလဲပွဲ၊ သာမညဖလ အခါတော်နေ့
ပွဲများ ကျင်းပကြလေသည်။တန်ဆောင်မုန်းလသည် ရိုးရာပွဲတော်အများဆုံးလဟု ဆိုနိုင်သည်။
ခြေခင်းလက်ခင်းသာသော မိုးအနှောင်း ဆောင်းအကူးကာလဖြစ်ခြင်း၊ အာဇဋာကောင်းကင်ထက်တွင် မိုးတိမ်မိုးရိပ်တို့ကင်းစင်ခြင်း၊ ဆီးနှင်းမြူတိမ် သူရိန်မီးခိုး မှောင်မျိုးမသွန်းသည့် လပြည့်ဝန်းအား သာယာကြည်နူးစဖွယ် တွေ့မြင်ရခြင်း၊ ဗုဒ္ဓဘာသာ မြန်မာယဉ်ကျေးမှုပွဲတော်များ ဆင်ယင်ကျင်းပခြင်း
တို့ကြောင့် မြန်မာတို့၏ သာယာပျော်ရွှင်ဖွယ် ကောင်းသော လတစ်လပင်ဖြစ်ပါကြောင်း ၊ မြန်မာလူမျိုးသည် ယဉ်ကျေးသိမ်မွေ့သောလူမျိုး၊ ဘာသာရေးကို လေးစားကိုင်းရှိုင်းတတ်သော လူမျိုး အဖြစ် ကမ္ဘာ့အလယ်တွင် ထင်ရှားရပ်တည်နေနိုင်ကြသည် မှာ များစွာဂုဏ်ယူရပေတော့သည်. .



 ဖိုးသူတော် (www.phothutaw.com)
Credit:ပန်းတောင်းသန်းကြွယ်
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top