Property Expo
×

ကၽြန္ေတာ္ ဘယ္ေရာက္ေနတာလဲ….??? အေမွာင္ထုက ကၽြန္ေတာ့္မ်က္၀န္းထဲကို စိုးမိုးထားသည္။ လူတစ္ကိုယ္လံုး ေလထဲေျမာက္ေနသလို ခံစားရၿပီး သစ္ရြက္တစ္ရြက္ကဲ့သို႕ ေပါ့ပါးေနသလို ခံစား ရသည္။ ကၽြန္ေတာ္ အားယူၿပီး မ်က္လံုးဖြင့္ဖို႕ ၾကိဳးစားလိုက္ၿပီး ေဘးပတ္၀န္းက်င္ကို ေ၀့ၾကည့္လိုက္ သည္။ ဟင္….။ လူေတြ အမ်ားၾကီး ပါလား…။ ဘာလို႕ အိမ္ကို လူေတြ ဒီေလာက္အမ်ားၾကီး လာေနရ တာလဲ…။ ၿပီးေတာ့ သူတို႕အားလံုး မ်က္၀န္းမွာ မ်က္ရည္စေတြနဲ႕ ၀မ္းနည္းတဲ့ အရိပ္အေယာင္ေတြနဲ႕…။

” အေမေရ…..အေမ……..”

ကၽြန္ေတာ္ ေၾကာက္လန္႕ တၾကား အာေခါင္ျခစ္ၿပီး ေအာ္ဟစ္ လိုက္သည္။

လူေတြ တစ္ေယာက္မွ ကၽြန္ေတာ့္ေအာ္သံကို မၾကား..။ ကၽြန္ေတာ္ အံ့ၾသစြာျဖင့္ အေမ့ကို မ်က္စိေ၀့ၿပီး ပတ္ရွာလိုက္သည္။ ေတြ႕ပါၿပီ…။ အို…။ အေမ…ငိုေနပါလား…။ ဘာလုိ႕ ငိုေနရတာလဲ အေမရယ္…..။ ကၽြန္ေတာ္ အေမ့အနားသို႕ သြားေရာက္ ႏွစ္သိမ့္ေပးရန္ အိပ္ေနရာမွ အားယူ ထထိုင္လိုက္သည္။ ထူးဆန္းသည္မွာ ကၽြန္ေတာ္ ထထိုင္လိုက္စဥ္ ကၽြန္ေတာ့္ရဲ႕ ခႏၶာကိုယ္မွာ ကၽြန္ေတာ္နဲ႕ အတူ ပါမလာခဲ့..။ အိပ္ေနလ်က္အတိုင္း ပဲ ရွိေနဆဲျဖစ္သည္။ ကၽြန္ေတာ္ အံ့ၾသလြန္းၿပီး ျပန္အိပ္ခ်လိုက္သည္။ ၿပီးေတာ့.. ကၽြန္ေတာ့္ ခႏၶာကိုယ္ကို အတူလိုက္ပါႏိုင္ဖို႕ ေမွ်ာ္လင့္ၿပီး ျပန္ထထိုင္လိုက္ သည္။ ကၽြန္ေတာ့္ ခႏၶာကိုယ္ကေတာ့ အိပ္ယာေပၚမွာ အိပ္လ်က္သား ရွိလ်က္….။

“အားးးးး”

ကၽြန္ေတာ္ ေၾကာက္လန္႕တၾကား ေအာ္ဟစ္မိလုိက္သည္….။ ငါဘာျဖစ္သြားတာလဲ..။ ငါဟာ အိပ္မက္တစ္ခု မက္ေနတာလား.….??? ဒါမွမဟုတ္… ငါေသဆံုး သြားခဲ့ျပီလားး??? အေတြးေပါင္းစံုတုိ႕ က ကၽြန္ေတာ့္ ေခါင္းထဲတိုး၀င္လာသည္။ ကၽြန္ေတာ္ စိတ္တည္ျငိမ္ေအာင္ ၾကိဳးစားလိုက္ၿပီး ေနာက္ဆံုး မွတ္မိသမွ်ေသာ ေခါင္းထဲက မွတ္ဥာဏ္တို႕ကို ၾကိဳးစားၿပီး ျပန္လည္ တူးေဖာ္ဆြလိုက္သည္။ ငါ ေနာက္ဆံုး ဘာလုပ္ေနတာလဲ…??? ဘာလုပ္ခဲ့တာလဲ…? အလို…။ ငါ မွတ္မိၿပီ…။ ငါ…ငါ….. ေရ နစ္…ေနတာပဲ… ဟုတ္တယ္…. ငါ … အရက္ေသာက္ၿပီး ေရကူးရင္း ေရ နစ္ေနတာ…..။

ကၽြန္ေတာ္ အိပ္ယာေပၚက ကၽြန္ေတာ့္ ခႏၶာကိုယ္ကို ေသခ်ာေအာင္ ျပန္ၾကည့္လုိက္သည္။ ေဖာင္းကားေနေသာ ဗိုက္…၊ ျဖဴဖတ္ေနေသာ ကၽြန္ေတာ့္ အသားအေရ…။ ပြေရာင္းေနေသာ ေျခထိပ္ လက္ထိပ္…။ ေသခ်ာ ပါၿပီ…။ ကၽြန္ေတာ္ ေရနစ္ၿပီး ေသဆံုးခဲ့ပါၿပီ..။ ဒါဆို…အခု…… ကၽြန္ေတာ္ဟာ… လြင့္ေမ်ာ ေနတဲ့ ၀ိဥာဥ္ တစ္ေကာင္ေပါ့…။

ကၽြန္ေတာ္ အေမ့အနားကို သြားထိုင္လိုက္သည္။ အေမကေတာ့ အေတာ့္ကို ငိုထားရလို႕ထင္သည္။ မ်က္လံုးေတြမို႕ၿပီး..မ်က္လံုးေတြ နီရဲေနသည္။ အေမငိုေနတာ ၾကည့္ေတာ့ ကၽြန္ေတာ္လည္း အေတာ္ ၀မ္းနည္းၿပီး အေမ့နားမွာ ထိုင္ငိုမိသည္။ ကၽြန္ေတာ့္ အေမ့ကို ထိကုိင္ဖို႕ ၾကိဳးစားလိုက္သည္။ မီးခို႕ေငြ႕ကို ဖမ္းဆုပ္ရသလို ေလကိုသာ ဖမ္းဆုပ္မိလုိက္သည္။ ကၽြန္ေတာ္ “အေမ…” လို႕ ေခၚလိုက္သည္။ အေမ မၾကား..။ ကၽြန္ေတာ့္ ၀မ္းနည္းစိတ္တို႕ အထြတ္ အထိပ္ေရာက္လာၿပီး ေၾကာက္စိတ္ အထီးက်န္စိတ္ေတြ ၀င္ေရာက္လာသည္။ အေမ ဒီေလာက္ အတန္တန္ တားေနတဲ့ၾကားကေန မူးမူးနဲ႕ အတင္း ေရကူးထြက္ခဲ့တဲ့ ကၽြန္ေတာ္ အခုေတာ့ … အခုေတာ့.. အေမ့စကား နားမေထာင္ခဲ့လို႕ … အေမနဲ႕ ဘ၀ျခားေနတဲ့ သားအျဖစ္ကို အေမ မေတြ႕ႏိုင္ေတာ့ ပါဘူးေလ…။

ဒီေန႕…. အိမ္မွာ ရက္လည္မယ့္ေန႕……။ ကၽြန္ေတာ္ ေနမထိ ထိုင္မသာ ျဖစ္ေနသည္။ ကၽြန္ေတာ္ လူ႕ဘ၀တုန္းက ဘာသာေရး ကိုင္းရႈိင္းသူတစ္ေယာက္ မဟုတ္ပဲ မူးရူးေနေပမယ့္ ဒီေန႕လို ရက္လည္ ေန႕မ်ိဳးမွာ မိသားစုက ေပးေ၀တဲ့ ကုသိုလ္ အဘိုး၀ါဂ ကို သာဓုေခၚရင္ ေကာင္းရာ ဘံုဘ၀ကို ေရာက္ရွိမယ္လို႕ ေတာ့ နားစြန္ နားဖ်ား ၾကားဖူးထားသည္။ ဒါေၾကာင့္ ကၽြန္ေတာ္ ေနာက္ဘ၀ ေကာင္းရာ မြန္ရာ ဘံုဘ၀ကို ေရာက္ႏိုင္ရန္ သာဓု ေခၚဖို႕ ျပင္ထားလိုက္သည္။ တစ္နည္းအားျဖင့္ေတာ့.. ဒီေန႕ဟာ ကၽြန္ေတာ့္ရဲ႕ လူ႕ျပည္မွာ ေနရမယ့္ ေနာက္ဆံုးရက္ ျဖစ္လာမွာ ေလ..။

ဘုန္းၾကီးေတြ ငါးပါးသီလေပး တရားေဟာၿပီး ေနာက္ဆံုး အမွ်ေ၀တဲ့ အခ်ိန္ေရာက္လာပါၿပီ…။ အေမက ေရစက္ခြက္ေလးကိုင္ရင္း…

“သားေလးေရ…. ျပဳခဲ့သမွ် ေကာင္းမႈေတြ အတြက္… အမွ်…. အမွ်…. အမွ်… ယူလွည့္ပါကြယ္….”

ကၽြန္ေတာ္ အားရ၀မ္းသာ သာဓုေခၚဖို႕ ၾကိဳးစားလိုက္သည္။ သို႕ေသာ္… ပါးစပ္က ဘာသံမွ ထြက္မလာ……

“သားေရ… အမွ်….. အမွ်….အမွ်…..”

ကၽြန္ေတာ္ ထပ္ၾကိဳးစားသည္။ ဘာသံမွ ထြက္မလာ..။

“အားးးးးးးးးးးးးးးးးး”

ကၽြန္ေတာ္ ေၾကာက္လန္႕တၾကားေအာ္ဟစ္လိုက္သည္။ ကၽြန္ေတာ့္မွာ သာဓုေခၚဖို႕ ေနာက္ဆံုး အခြင့္အေရး တစ္ခုသာ ရွိေတာ့သည္။

“အားလံုး ၾကားၾကားသမွ်…… အမွ်…. အမွ်….. အမွ်……ယူေတာ့ မူၾကပါကုန္ေလာ့….”

ကၽြန္ေတာ္ ရွိသမွ်အားႏွင့္ ပါးစပ္ထဲက သာဓု တစ္လံုးထြက္လာဖို႕ အေရး ၾကိဳးစားသည္။ သို႕ေသာ္.. အခ်ည္းႏွီးပင္… ကၽြန္ေတာ့္ အသံတို႕ လည္ေခ်ာင္း၀မွာတင္ ေပ်ာက္ဆံုးသြားခဲ့သည္။ ကၽြန္ေတာ္ သိလိုက္ပါၿပီ..။ ကၽြန္ေတာ္ ျပဳခဲ့ေသာ အကုသိုလ္ကံတို႕သည္ ကၽြန္ေတာ့္ကို သာဓုေခၚဖို႕ အခြင့္အေရး မေပးခဲ့..။ ကၽြန္ေတာ့္ မ်က္၀န္းမွ မ်က္ရည္တို႕ စီးက်လာသည္။ ေနာင္တတရားတို႕သည္ ကၽြန္ေတာ့္ ဆီကို အခါလြန္မွသာ ေရာက္ရွိခဲ့ေလၿပီ..။

မီးသျဂိဳလ္စက္ထဲမွာ တစ္ေရႊ႕ေရႊ႕ ေလာင္ကၽြမ္းေနေသာ ကၽြန္ေတာ့္ ခႏၶာကိုယ္ကိုၾကည့္ရင္း… သင္းခ်ိဳင္းမွ အိမ္သို႕ အသီးသီး ျပန္ကုန္ၾကၿပီျဖစ္ေသာ မိသားစု ၀င္မ်ားနဲ႕ လူေတြကို ၾကည့္ရင္း… ကၽြန္ေတာ္ ၀မ္းနည္းလာသလို ခံစားရသည္။ ကၽြန္ေတာ္ သူတို႕နဲ႕အတူ ျပန္လိုက္သြားဖို႕ ၾကိဳးစားသည္။ သို႕ေသာ္… ကၽြန္ေတာ္ လိုက္လို႕ မရ… ကၽြန္ေတာ့္ ခႏၶာကိုယ္ မီးသျဂိဳလ္စက္ထဲမွာ ေလာင္ကၽြမ္းသြားျပီးကတည္းက ကၽြန္ေတာ္ လူသားေတြအနားကို ကပ္လို႕မရေတာ့…။ လူေတြနား ကပ္လိုက္တာနဲ႕ မီးနဲ႕ျမိွက္လုိက္သလို အေတာ့္ကို ပူေလာင္လွသည္။ ေၾသာ္…. လူ႕ဘ၀က ျပဳလုပ္ခဲ့တဲ့ အကုသိုလ္ေတြ မကုန္မေရႊ႕… သာဓုဆိုတာ ပါးစပ္ကေန မထြက္ႏိုင္ခ်င္း အခ်ိန္ထိေတာ့… ဒီဘံုဘ၀မွာ ၀ဠ္ေၾကြးေတြကို ေက်ေအာင္ ျပန္လည္ ေပးဆပ္ရေတာ့မွာေပါ့ေလ… ဟု ေတြး ရင္းနဲ႕သာ………။

မွတ္ခ်က္ ။ ။ ရ သ စာေပ တစ္ခုအေနႏွင့္သာ ဖတ္ရႈ႕ေပးပါခင္ဗ်ာ..။ ေက်းဇူးတင္ပါတယ္..။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေအာင္ထြန္းဦး

#Unicode Version
ကျွန်တော် ဘယ်ရောက်နေတာလဲ….??? အမှောင်ထုက ကျွန်တော့်မျက်ဝန်းထဲကို စိုးမိုးထားသည်။ လူတစ်ကိုယ်လုံး လေထဲမြောက်နေသလို ခံစားရပြီး သစ်ရွက်တစ်ရွက်ကဲ့သို့ ပေါ့ပါးနေသလို ခံစား ရသည်။ ကျွန်တော် အားယူပြီး မျက်လုံးဖွင့်ဖို့ ကြိုးစားလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက် သည်။ ဟင်….။ လူတွေ အများကြီး ပါလား…။ ဘာလို့ အိမ်ကို လူတွေ ဒီလောက်အများကြီး လာနေရ တာလဲ…။ ပြီးတော့ သူတို့အားလုံး မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ ဝမ်းနည်းတဲ့ အရိပ်အယောင်တွေနဲ့…။

” အမေရေ…..အမေ……..”

ကျွန်တော် ကြောက်လန့် တကြား အာခေါင်ခြစ်ပြီး အော်ဟစ် လိုက်သည်။

လူတွေ တစ်ယောက်မှ ကျွန်တော့်အော်သံကို မကြား..။ ကျွန်တော် အံ့သြစွာဖြင့် အမေ့ကို မျက်စိဝေ့ပြီး ပတ်ရှာလိုက်သည်။ တွေ့ပါပြီ…။ အို…။ အမေ…ငိုနေပါလား…။ ဘာလို့ ငိုနေရတာလဲ အမေရယ်…..။ ကျွန်တော် အမေ့အနားသို့ သွားရောက် နှစ်သိမ့်ပေးရန် အိပ်နေရာမှ အားယူ ထထိုင်လိုက်သည်။ ထူးဆန်းသည်မှာ ကျွန်တော် ထထိုင်လိုက်စဉ် ကျွန်တော့်ရဲ့ ခန္ဓာကိုယ်မှာ ကျွန်တော်နဲ့ အတူ ပါမလာခဲ့..။ အိပ်နေလျက်အတိုင်း ပဲ ရှိနေဆဲဖြစ်သည်။ ကျွန်တော် အံ့သြလွန်းပြီး ပြန်အိပ်ချလိုက်သည်။ ပြီးတော့.. ကျွန်တော့် ခန္ဓာကိုယ်ကို အတူလိုက်ပါနိုင်ဖို့ မျှော်လင့်ပြီး ပြန်ထထိုင်လိုက် သည်။ ကျွန်တော့် ခန္ဓာကိုယ်ကတော့ အိပ်ယာပေါ်မှာ အိပ်လျက်သား ရှိလျက်….။

“အားးးးး”

ကျွန်တော် ကြောက်လန့်တကြား အော်ဟစ်မိလိုက်သည်….။ ငါဘာဖြစ်သွားတာလဲ..။ ငါဟာ အိပ်မက်တစ်ခု မက်နေတာလား.….??? ဒါမှမဟုတ်… ငါသေဆုံး သွားခဲ့ပြီလားး??? အတွေးပေါင်းစုံတို့ က ကျွန်တော့် ခေါင်းထဲတိုးဝင်လာသည်။ ကျွန်တော် စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး နောက်ဆုံး မှတ်မိသမျှသော ခေါင်းထဲက မှတ်ဉာဏ်တို့ကို ကြိုးစားပြီး ပြန်လည် တူးဖော်ဆွလိုက်သည်။ ငါ နောက်ဆုံး ဘာလုပ်နေတာလဲ…??? ဘာလုပ်ခဲ့တာလဲ…? အလို…။ ငါ မှတ်မိပြီ…။ ငါ…ငါ….. ရေ နစ်…နေတာပဲ… ဟုတ်တယ်…. ငါ … အရက်သောက်ပြီး ရေကူးရင်း ရေ နစ်နေတာ…..။

ကျွန်တော် အိပ်ယာပေါ်က ကျွန်တော့် ခန္ဓာကိုယ်ကို သေချာအောင် ပြန်ကြည့်လိုက်သည်။ ဖောင်းကားနေသော ဗိုက်…၊ ဖြူဖတ်နေသော ကျွန်တော့် အသားအရေ…။ ပွရောင်းနေသော ခြေထိပ် လက်ထိပ်…။ သေချာ ပါပြီ…။ ကျွန်တော် ရေနစ်ပြီး သေဆုံးခဲ့ပါပြီ..။ ဒါဆို…အခု…… ကျွန်တော်ဟာ… လွင့်မျော နေတဲ့ ဝိဉာဉ် တစ်ကောင်ပေါ့…။

ကျွန်တော် အမေ့အနားကို သွားထိုင်လိုက်သည်။ အမေကတော့ အတော့်ကို ငိုထားရလို့ထင်သည်။ မျက်လုံးတွေမို့ပြီး..မျက်လုံးတွေ နီရဲနေသည်။ အမေငိုနေတာ ကြည့်တော့ ကျွန်တော်လည်း အတော် ဝမ်းနည်းပြီး အမေ့နားမှာ ထိုင်ငိုမိသည်။ ကျွန်တော့် အမေ့ကို ထိကိုင်ဖို့ ကြိုးစားလိုက်သည်။ မီးခို့ငွေ့ကို ဖမ်းဆုပ်ရသလို လေကိုသာ ဖမ်းဆုပ်မိလိုက်သည်။ ကျွန်တော် “အမေ…” လို့ ခေါ်လိုက်သည်။ အမေ မကြား..။ ကျွန်တော့် ဝမ်းနည်းစိတ်တို့ အထွတ် အထိပ်ရောက်လာပြီး ကြောက်စိတ် အထီးကျန်စိတ်တွေ ဝင်ရောက်လာသည်။ အမေ ဒီလောက် အတန်တန် တားနေတဲ့ကြားကနေ မူးမူးနဲ့ အတင်း ရေကူးထွက်ခဲ့တဲ့ ကျွန်တော် အခုတော့ … အခုတော့.. အမေ့စကား နားမထောင်ခဲ့လို့ … အမေနဲ့ ဘဝခြားနေတဲ့ သားအဖြစ်ကို အမေ မတွေ့နိုင်တော့ ပါဘူးလေ…။

ဒီနေ့…. အိမ်မှာ ရက်လည်မယ့်နေ့……။ ကျွန်တော် နေမထိ ထိုင်မသာ ဖြစ်နေသည်။ ကျွန်တော် လူ့ဘဝတုန်းက ဘာသာရေး ကိုင်းရှိုင်းသူတစ်ယောက် မဟုတ်ပဲ မူးရူးနေပေမယ့် ဒီနေ့လို ရက်လည် နေ့မျိုးမှာ မိသားစုက ပေးဝေတဲ့ ကုသိုလ် အဘိုးဝါဂ ကို သာဓုခေါ်ရင် ကောင်းရာ ဘုံဘဝကို ရောက်ရှိမယ်လို့ တော့ နားစွန် နားဖျား ကြားဖူးထားသည်။ ဒါကြောင့် ကျွန်တော် နောက်ဘ၀ ကောင်းရာ မွန်ရာ ဘုံဘဝကို ရောက်နိုင်ရန် သာဓု ခေါ်ဖို့ ပြင်ထားလိုက်သည်။ တစ်နည်းအားဖြင့်တော့.. ဒီနေ့ဟာ ကျွန်တော့်ရဲ့ လူ့ပြည်မှာ နေရမယ့် နောက်ဆုံးရက် ဖြစ်လာမှာ လေ..။

ဘုန်းကြီးတွေ ငါးပါးသီလပေး တရားဟောပြီး နောက်ဆုံး အမျှဝေတဲ့ အချိန်ရောက်လာပါပြီ…။ အမေက ရေစက်ခွက်လေးကိုင်ရင်း…

“သားလေးရေ…. ပြုခဲ့သမျှ ကောင်းမှုတွေ အတွက်… အမျှ…. အမျှ…. အမျှ… ယူလှည့်ပါကွယ်….”

ကျွန်တော် အားရဝမ်းသာ သာဓုခေါ်ဖို့ ကြိုးစားလိုက်သည်။ သို့သော်… ပါးစပ်က ဘာသံမှ ထွက်မလာ……

“သားရေ… အမျှ….. အမျှ….အမျှ…..”

ကျွန်တော် ထပ်ကြိုးစားသည်။ ဘာသံမှ ထွက်မလာ..။

“အားးးးးးးးးးးးးးးးးး”

ကျွန်တော် ကြောက်လန့်တကြားအော်ဟစ်လိုက်သည်။ ကျွန်တော့်မှာ သာဓုခေါ်ဖို့ နောက်ဆုံး အခွင့်အရေး တစ်ခုသာ ရှိတော့သည်။

“အားလုံး ကြားကြားသမျှ…… အမျှ…. အမျှ….. အမျှ……ယူတော့ မူကြပါကုန်လော့….”

ကျွန်တော် ရှိသမျှအားနှင့် ပါးစပ်ထဲက သာဓု တစ်လုံးထွက်လာဖို့ အရေး ကြိုးစားသည်။ သို့သော်.. အချည်းနှီးပင်… ကျွန်တော့် အသံတို့ လည်ချောင်းဝမှာတင် ပျောက်ဆုံးသွားခဲ့သည်။ ကျွန်တော် သိလိုက်ပါပြီ..။ ကျွန်တော် ပြုခဲ့သော အကုသိုလ်ကံတို့သည် ကျွန်တော့်ကို သာဓုခေါ်ဖို့ အခွင့်အရေး မပေးခဲ့..။ ကျွန်တော့် မျက်ဝန်းမှ မျက်ရည်တို့ စီးကျလာသည်။ နောင်တတရားတို့သည် ကျွန်တော့် ဆီကို အခါလွန်မှသာ ရောက်ရှိခဲ့လေပြီ..။

မီးသဂြိုလ်စက်ထဲမှာ တစ်ရွှေ့ရွှေ့ လောင်ကျွမ်းနေသော ကျွန်တော့် ခန္ဓာကိုယ်ကိုကြည့်ရင်း… သင်းချိုင်းမှ အိမ်သို့ အသီးသီး ပြန်ကုန်ကြပြီဖြစ်သော မိသားစု ဝင်များနဲ့ လူတွေကို ကြည့်ရင်း… ကျွန်တော် ဝမ်းနည်းလာသလို ခံစားရသည်။ ကျွန်တော် သူတို့နဲ့အတူ ပြန်လိုက်သွားဖို့ ကြိုးစားသည်။ သို့သော်… ကျွန်တော် လိုက်လို့ မရ… ကျွန်တော့် ခန္ဓာကိုယ် မီးသဂြိုလ်စက်ထဲမှာ လောင်ကျွမ်းသွားပြီးကတည်းက ကျွန်တော် လူသားတွေအနားကို ကပ်လို့မရတော့…။ လူတွေနား ကပ်လိုက်တာနဲ့ မီးနဲ့မြှိက်လိုက်သလို အတော့်ကို ပူလောင်လှသည်။ သြော်…. လူ့ဘဝက ပြုလုပ်ခဲ့တဲ့ အကုသိုလ်တွေ မကုန်မရွှေ့… သာဓုဆိုတာ ပါးစပ်ကနေ မထွက်နိုင်ချင်း အချိန်ထိတော့… ဒီဘုံဘဝမှာ ဝဠ်ကြွေးတွေကို ကျေအောင် ပြန်လည် ပေးဆပ်ရတော့မှာပေါ့လေ… ဟု တွေး ရင်းနဲ့သာ………။

မှတ်ချက် ။ ။ ရ သ စာပေ တစ်ခုအနေနှင့်သာ ဖတ်ရှု့ပေးပါခင်ဗျာ..။ ကျေးဇူးတင်ပါတယ်..။


ဖိုးသူတော် (www.phothutaw.com)
Credit: အောင်ထွန်းဦး
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top