Property Expo
×

ဘယ္လ္ဂ်ီယံႏုိင္ငံသားဇနီးေမာင္ႏွံႏွစ္ဦး ေမ့က်န္ခဲ့ေသာ ပစၥည္းကို ျပန္လည္ေပးအပ္ခဲ့ သည့္ သံုးဘီးယာဥ္ေမာင္းအား မံုရြာၿမိဳ႕ ပုဂၢလိက ေမာ္ေတာ္ယာဥ္ မ်ား စနစ္တက်ေျပးဆဲြႏုိင္ေရး ေကာ္မတီ (မစက)က ဂုဏ္ျပဳခဲ့ ေၾကာင္း သတင္းရရွိသည္။

ႏုိ၀င္ဘာ ၂၉ ရက္ နံနက္က မံုရြာၿမိဳ႕ ထန္းေတာရပ္ကြက္ ျမ သႏၲာမၪၨဴေက်ာင္းတိုက္တြင္ က်င္း ပေသာ မံုရြာၿမိဳ႕ ပုဂၢလိက ေမာ္ ေတာ္ယာဥ္မ်ား စနစ္တက်ေျပးဆဲြ ႏုိင္ေရး ေကာ္မတီ (မစက)၏ စတုတၳအႀကိမ္ေျမာက္ ႏွစ္ပတ္ လည္အစည္းအေ၀းအ ခမ္းအနား ၌ သံုးဘီးယာဥ္ေမာင္းအား ဂုဏ္ ျပဳခ်ီးျမႇင့္ခဲ့ျခင္းျဖစ္သည္။

  ‘‘ဘယ္လ္ဂ်ီယံႏုိင္ငံသား ဇနီးေမာင္ႏွံႏွစ္ဦး ေမ့က်န္ခဲ့တဲ့ ပစၥည္းေတြကို ႐ိုးသားစြာ ျပန္ လည္ေပးအပ္ခဲ့တဲ့ သံုးဘီးယာဥ္ ေမာင္း ဦးခင္ေမာင္ေအးကို ဂုဏ္ ျပဳလက္ေဆာင္နဲ႔ ေငြငါးေသာင္း ဂုဏ္ျပဳခ်ီးျမႇင့္ခဲ့ပါတယ္။ က်န္တဲ့ ယာဥ္ေမာင္းေတြလည္း ႐ိုး႐ိုးသား သားနဲ႔ စံနမူနာယူႏုိင္ေစဖို႔ မစက ႏွစ္ပတ္လည္  အခမ္းအနားမွာ ထည့္သြင္းဂုဏ္ျပဳခဲ့တာျဖစ္ပါ တယ္’’ဟု မံုရြာၿမိဳ႕ ပုဂၢလိက ေမာ္ ေတာ္ယာဥ္မ်ား စနစ္တက်ေျပးဆဲြ ႏုိင္ေရးေကာ္မတီဥကၠ႒ ဦးမ်ိဳးမင္း က ေျပာသည္။

ဘယ္လ္ဂ်ီယံႏုိင္ငံသား ဇနီး ေမာင္ႏွံသည္ ႏုိ၀င္ဘာ ၁၇ ရက္ မြန္းလဲြက မံုရြာၿမိဳ႕ ႐ံုးႀကီးရပ္ ကြက္၊ ေရႊေတာင္တန္းဟုိတယ္မွ ဗုိလ္ခ်ဳပ္ေၾကး႐ုပ္သို႔ ေျခလ်င္သြား ခဲ့ၿပီး ဗုိလ္ခ်ဳပ္ေၾကး႐ုပ္မွ ကား ေလး၀င္းသို႔ သံုးဘီးယာဥ္ျဖင့္ လုိက္ပါလာၿပီးေနာက္ မံုရြာကား ေလး၀င္းအေရာက္တြင္ ယာဥ္ေပၚမွဆင္းစဥ္ ၎တို႔၏ ခရီးေဆာင္အိတ္ ေမ့က်န္ခဲ့ျခင္းျဖစ္သည္။

  ဘယ္လ္ဂ်ီယံႏုိင္ငံသား Mr.Jad Despallied ႏွင့္ ဇနီးျဖစ္ သူ Mrs.Anm Cdeckelbenox တိ႔ုႏွစ္ဦး၏ ေမ့က်န္ခဲ့ေသာ ခရီး ေဆာင္အိတ္အတြင္းမွ ျမန္မာေငြ တစ္သန္းသံုးေသာင္းက်ပ္၊ ယူ႐ို ၁၀၊ ဆမ္ေဆာင္း ဖုန္းတစ္လံုး၊ အမ်ိဳးသမီး ပတ္စ္ပုိ႔စ္စာအုပ္တစ္ အုပ္၊ မ်က္မွန္အိတ္တစ္ခု၊အျပည္ ျပည္ဆုိင္ရာ ႏိုင္ငံတကာေငြထုတ္ ကတ္တစ္ခုႏွင့္ အိတ္အနက္တစ္ လံုးတို႔ကုိ ႏုိ၀င္ဘာ ၁၈ ရက္ နံနက္က မံုရြာၿမိဳ႕ စက္မႈဇုန္ရပ္ ကြက္ နယ္ေျမ (၆)၊ ျမကန္သာရပ္ ကြက္ေန သံုးဘီးယာဥ္ပိုင္ရွင္ ဦးခင္ေမာင္ေအးႏွင့္ သမီး မဟန္ နီထြန္းတို႔က သက္ဆုိင္ရာတာ၀န္ ရွိသူမ်ားေရွ႕တြင္ ျပန္လည္ေပး အပ္ခဲ့ျခင္းျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ဘယ်လ်ဂျီယံနိုင်ငံသားဇနီးမောင်နှံနှစ်ဦး မေ့ကျန်ခဲ့သော ပစ္စည်းကို ပြန်လည်ပေးအပ်ခဲ့ သည့် သုံးဘီးယာဉ်မောင်းအား မုံရွာမြို့ ပုဂ္ဂလိက မော်တော်ယာဉ် များ စနစ်တကျပြေးဆွဲနိုင်ရေး ကော်မတီ (မစက)က ဂုဏ်ပြုခဲ့ ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၂၉ ရက် နံနက်က မုံရွာမြို့ ထန်းတောရပ်ကွက် မြ သန္တာမဉ္ဇူကျောင်းတိုက်တွင် ကျင်း ပသော မုံရွာမြို့ ပုဂ္ဂလိက မော် တော်ယာဉ်များ စနစ်တကျပြေးဆွဲ နိုင်ရေး ကော်မတီ (မစက)၏ စတုတ္ထအကြိမ်မြောက် နှစ်ပတ် လည်အစည်းအဝေးအ ခမ်းအနား ၌ သုံးဘီးယာဉ်မောင်းအား ဂုဏ် ပြုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

  ‘‘ဘယ်လ်ဂျီယံနိုင်ငံသား ဇနီးမောင်နှံနှစ်ဦး မေ့ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ရိုးသားစွာ ပြန် လည်ပေးအပ်ခဲ့တဲ့ သုံးဘီးယာဉ် မောင်း ဦးခင်မောင်အေးကို ဂုဏ် ပြုလက်ဆောင်နဲ့ ငွေငါးသောင်း ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။ ကျန်တဲ့ ယာဉ်မောင်းတွေလည်း ရိုးရိုးသား သားနဲ့ စံနမူနာယူနိုင်စေဖို့ မစက နှစ်ပတ်လည်  အခမ်းအနားမှာ ထည့်သွင်းဂုဏ်ပြုခဲ့တာဖြစ်ပါ တယ်’’ဟု မုံရွာမြို့ ပုဂ္ဂလိက မော် တော်ယာဉ်များ စနစ်တကျပြေးဆွဲ နိုင်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း က ပြောသည်။

ဘယ်လ်ဂျီယံနိုင်ငံသား ဇနီး မောင်နှံသည် နိုဝင်ဘာ ၁၇ ရက် မွန်းလွဲက မုံရွာမြို့ ရုံးကြီးရပ် ကွက်၊ ရွှေတောင်တန်းဟိုတယ်မှ ဗိုလ်ချုပ်ကြေးရုပ်သို့ ခြေလျင်သွား ခဲ့ပြီး ဗိုလ်ချုပ်ကြေးရုပ်မှ ကား လေးဝင်းသို့ သုံးဘီးယာဉ်ဖြင့် လိုက်ပါလာပြီးနောက် မုံရွာကား လေးဝင်းအရောက်တွင် ယာဉ်ပေါ်မှဆင်းစဉ် ၎င်းတို့၏ ခရီးဆောင်အိတ် မေ့ကျန်ခဲ့ခြင်းဖြစ်သည်။

  ဘယ်လ်ဂျီယံနိုင်ငံသား Mr.Jad Despallied နှင့် ဇနီးဖြစ် သူ Mrs.Anm Cdeckelbenox တိ့ုနှစ်ဦး၏ မေ့ကျန်ခဲ့သော ခရီး ဆောင်အိတ်အတွင်းမှ မြန်မာငွေ တစ်သန်းသုံးသောင်းကျပ်၊ ယူရို ၁၀၊ ဆမ်ဆောင်း ဖုန်းတစ်လုံး၊ အမျိုးသမီး ပတ်စ်ပို့စ်စာအုပ်တစ် အုပ်၊ မျက်မှန်အိတ်တစ်ခု၊အပြည် ပြည်ဆိုင်ရာ နိုင်ငံတကာငွေထုတ် ကတ်တစ်ခုနှင့် အိတ်အနက်တစ် လုံးတို့ကို နိုဝင်ဘာ ၁၈ ရက် နံနက်က မုံရွာမြို့ စက်မှုဇုန်ရပ် ကွက် နယ်မြေ (၆)၊ မြကန်သာရပ် ကွက်နေ သုံးဘီးယာဉ်ပိုင်ရှင် ဦးခင်မောင်အေးနှင့် သမီး မဟန် နီထွန်းတို့က သက်ဆိုင်ရာတာဝန် ရှိသူများရှေ့တွင် ပြန်လည်ပေး အပ်ခဲ့ခြင်းဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top