Kantharyar Centre
×

သင့္မွာရွိေနတဲ့လက္သည္းေတြဟာ သင့္ရဲ႕က်န္းမာေရးအေၾကာင္းကို တစ္နည္းတစ္ဖံုနဲ႔ေျပာျပေနပါတယ္။ လက္သည္းေတြ အေရာင္ပံုမွန္မဟုတ္တာ ၊ က်ိဳးလြယ္ပဲ့လြယ္တာေတြဟာဆုိရင္ေတာ့ သင့္မွာျဖစ္ေပၚေနတဲ့ က်န္းမာေရးျပႆနာေတြရဲ႕ လကၡဏာေတြလည္းျဖစ္ပါတယ္။

လက္သည္းမ်ား အေရာင္ ေဖ်ာ့ေနရင္ေတာ့ ေသြးအားနည္းတာေတြ ၊ ႏွလံုးေသြး အုိင္လို႔ အလုပ္မလုပ္ႏုိင္တာ (Congestive Heart Failure)၊ အသည္းေရာဂါနဲ႔ အာဟာရ မျပည့္၀မႈတို႔ရဲ႕ လကၡဏာ ျဖစ္ႏုိင္ပါတယ္။

လက္သည္းေတြက ျဖဴေနၿပီး လက္သည္း၏ ႏႈတ္ခမ္းသားေတြ အေရာင္ရင့္ေနရင္ေတာ့ အသည္း ေရာဂါ လကၡဏာတစ္ခုျဖစ္တဲ့ အသည္းေရာင္ျခင္း ျဖစ္ႏုိင္ပါတယ္။

လက္သည္းေတြဝါေစတဲ့ အျဖစ္မ်ားဆံုး အေၾကာင္းကေတာ့ လက္သည္းမိႈ စြဲတာပါပဲ။ အျခား အျဖစ္နည္းတဲ့ လက္သည္း၀ါ ေစတဲ့အေၾကာင္းေတြ ကေတာ့ သိုင္းရြိဳက္ ေရာဂါ၊ အဆုတ္နဲ႔ ဆီးခ်ိဳေရာဂါေတြ ျဖစ္ပါတယ္။

လက္သည္းေတြ ျပာေနရင္ ခႏၶာကုိယ္မွာ ေအာက္ဆီဂ်င္လံုလံုေလာက္ေလာက္မရဘူးဆုိတဲ့ လကၡဏာပဲ ျဖစ္ပါတယ္။ ေနာက္ၿပီး ဒီလကၡဏာဟာ နမိုးနီးယားလိုမ်ိဳး အဆုတ္ေရာဂါနဲ႔ ႏွလံုးေရာဂါေတြနဲ႔လည္း ဆက္စပ္ ႏုိင္ပါတယ္။

လက္သည္းေတြေပၚမွာ လိႈင္းမ်ား ထေနတာ ဒါမွမဟုတ္ အခ်ိဳင့္ငယ္ေတြ ေပၚေနတာေတြျဖစ္ေနရင္ေတာ့  အဆစ္ေရာင္ ေရာဂါရဲ႕ေရွ႕ေျပးလကၡဏာ ျဖစ္ႏုိင္ပါတယ္။ ဒါ့အျပင္ လက္သည္းအေရာင္ေတြ ေလ်ာ့လာၿပီး လက္သည္း ေအာက္ေျခအသားနီညိဳေရာင္ကို ပိုၿပီး ထင္ထင္ရွားရွား ျမင္လာရရင္လည္း ဒီလိုေရာဂါေတြရဲ႕ လကၡဏာျဖစ္ႏုိင္ပါတယ္။

လက္သည္းမ်ားကြဲျခင္း၊ က်ိဳး ျခင္းဟာဆုိရင္ေတာ့ ေရာဂါတစ္ခုခုနဲ႔ ဆက္စပ္ ေနႏုိင္ပါတယ္။ (ဒါေပမယ့္ လက္သည္းက်ိဳး လြယ္တာနဲ႔ လက္သည္း ၀ါတာေတြ တြဲျဖစ္လာရင္ေတာ့ လက္သည္း မႈိစြဲျခင္းေၾကာင့္ ပိုျဖစ္ ႏုိင္ပါတယ္)။

လက္သည္းပတ္လည္မွာရွိေနတဲ့အသားေတြေရာင္တာဟာ ႂကြက္သားေရာဂါ ျပႆနာေတြေၾကာင့္
 ျဖစ္ႏုိင္ပါတယ္။

လက္သည္း ေအာက္ေျခမွာ အနက္စင္းေတြေပၚေနရင္ေတာ့ အျမန္ဆံုး စစ္ေဆးသင့္ပါတယ္။ အဲဒါက အေရျပား ကင္ဆာရဲ႕လကၡဏာ တစ္ခု ျဖစ္ႏုိင္ပါတယ္။

လက္သည္းေတြကိုက္တတ္တဲ့အက်င့္ကေတာ့  စိတ္ပူပန္မႈရဲ႕ လကၡဏာ တစ္ခု ျဖစ္ႏုိင္ၿပီး ဒီအက်င့္ကို မေဖ်ာက္ႏုိင္ရင္ေတာ့ ဆရာ၀န္နဲ႔ ေဆြးေႏြး သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
သင့်မှာရှိနေတဲ့လက်သည်းတွေဟာ သင့်ရဲ့ကျန်းမာရေးအကြောင်းကို တစ်နည်းတစ်ဖုံနဲ့ပြောပြနေပါတယ်။ လက်သည်းတွေ အရောင်ပုံမှန်မဟုတ်တာ ၊ ကျိုးလွယ်ပဲ့လွယ်တာတွေဟာဆိုရင်တော့ သင့်မှာဖြစ်ပေါ်နေတဲ့ ကျန်းမာရေးပြဿနာတွေရဲ့ လက္ခဏာတွေလည်းဖြစ်ပါတယ်။

လက်သည်းများ အရောင် ဖျော့နေရင်တော့ သွေးအားနည်းတာတွေ ၊ နှလုံးသွေး အိုင်လို့ အလုပ်မလုပ်နိုင်တာ (Congestive Heart Failure)၊ အသည်းရောဂါနဲ့ အာဟာရ မပြည့်ဝမှုတို့ရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။

လက်သည်းတွေက ဖြူနေပြီး လက်သည်း၏ နှုတ်ခမ်းသားတွေ အရောင်ရင့်နေရင်တော့ အသည်း ရောဂါ လက္ခဏာတစ်ခုဖြစ်တဲ့ အသည်းရောင်ခြင်း ဖြစ်နိုင်ပါတယ်။

လက်သည်းတွေဝါစေတဲ့ အဖြစ်များဆုံး အကြောင်းကတော့ လက်သည်းမှို စွဲတာပါပဲ။ အခြား အဖြစ်နည်းတဲ့ လက်သည်းဝါ စေတဲ့အကြောင်းတွေ ကတော့ သိုင်းရွိုက် ရောဂါ၊ အဆုတ်နဲ့ ဆီးချိုရောဂါတွေ ဖြစ်ပါတယ်။

လက်သည်းတွေ ပြာနေရင် ခန္ဓာကိုယ်မှာ အောက်ဆီဂျင်လုံလုံလောက်လောက်မရဘူးဆိုတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ နောက်ပြီး ဒီလက္ခဏာဟာ နမိုးနီးယားလိုမျိုး အဆုတ်ရောဂါနဲ့ နှလုံးရောဂါတွေနဲ့လည်း ဆက်စပ် နိုင်ပါတယ်။

လက်သည်းတွေပေါ်မှာ လှိုင်းများ ထနေတာ ဒါမှမဟုတ် အချိုင့်ငယ်တွေ ပေါ်နေတာတွေဖြစ်နေရင်တော့  အဆစ်ရောင် ရောဂါရဲ့ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် လက်သည်းအရောင်တွေ လျော့လာပြီး လက်သည်း အောက်ခြေအသားနီညိုရောင်ကို ပိုပြီး ထင်ထင်ရှားရှား မြင်လာရရင်လည်း ဒီလိုရောဂါတွေရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။

လက်သည်းများကွဲခြင်း၊ ကျိုး ခြင်းဟာဆိုရင်တော့ ရောဂါတစ်ခုခုနဲ့ ဆက်စပ် နေနိုင်ပါတယ်။ (ဒါပေမယ့် လက်သည်းကျိုး လွယ်တာနဲ့ လက်သည်း ဝါတာတွေ တွဲဖြစ်လာရင်တော့ လက်သည်း မှိုစွဲခြင်းကြောင့် ပိုဖြစ် နိုင်ပါတယ်)။

လက်သည်းပတ်လည်မှာရှိနေတဲ့ အသားတွေရောင်တာဟာ ကြွက်သားရောဂါ ပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။

လက်သည်း အောက်ခြေမှာ အနက်စင်းတွေပေါ်နေရင်တော့ အမြန်ဆုံး စစ်ဆေးသင့်ပါတယ်။ အဲဒါက အရေပြား ကင်ဆာရဲ့လက္ခဏာ တစ်ခု ဖြစ်နိုင်ပါတယ်။

လက်သည်းတွေကိုက်တတ်တဲ့အကျင့်ကတော့  စိတ်ပူပန်မှုရဲ့ လက္ခဏာ တစ်ခု ဖြစ်နိုင်ပြီး ဒီအကျင့်ကို မဖျောက်နိုင်ရင်တော့ ဆရာဝန်နဲ့ ဆွေးနွေး သင့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top