Property Expo
×

မံုရြာၿမိဳ႕ မံုရြာေတာင္ရပ္ကြက္ ျပည္ေထာင္စုလမ္းႏွင့္ ထန္းေတာအင္းျဖတ္လမ္းဆံုတြင္ မီးရထားႏွင့္ ေျခာက္ဘီးကုန္တင္ ယာဥ္တိုက္မိ၍ ကုန္တင္ယာဥ္ ေနာက္လိုက္ အမ်ဳိးသားေသဆံုးခဲ့ ေၾကာင္း မံုရြာၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ သတင္းရရွိသည္။

ႏို၀င္ဘာ ၁၆ ရက္ နံနက္ ၉ နာရီ ၅၀ မိနစ္က ပခုကၠဴမွ မံုရြာၿမိဳ႕သို႔ ေမာင္းႏွင္လာေသာ ရထား ႏွင့္ ျပည္ေထာင္စုလမ္းမွ ထန္း ေတာအင္းျဖတ္လမ္းသို႔ ရထား လမ္းျဖတ္ကူးသည့္ ေျခာက္ဘီး ကုန္တင္ယာဥ္တို႔ တိုက္မိသျဖင့္ ကုန္တင္ယာဥ္ေပၚ လိုက္ပါလာ ေသာ အသက္ (၂၅) ႏွစ္အရြယ္ ယာဥ္ေနာက္လိုက္ အမ်ဳိးသားေသ ဆံုးခဲ့ျခင္းျဖစ္သည္။

‘‘ကုန္တင္ယာဥ္ေမာင္းကို မံုရြာမီးရထားဘူတာ ဒု႐ုံပိုင္ႀကီးကတရားလိုလုပ္ၿပီး ရထားဥပေဒနဲ႔ အမႈဖြင့္ထားတယ္။ ယာဥ္မဆင္မ ျခင္ေမာင္းႏွင္လို႔ လူေသဆံုးသြား တဲ့အတြက္ ယာဥ္ထိန္းရဲကလည္း ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၄- က အရ အမႈဖြင့္ထားပါတယ္’’ဟု  ၎က ေျပာသည္။

ရထားႏွင့္ ကုန္တင္ယာဥ္ တိုက္မိမႈေၾကာင့္ ကုန္တင္ယာဥ္ ေခါင္းခန္းေၾကမြပ်က္စီးခဲ့ၿပီး ယာဥ္ေပၚလုိက္ပါေသာ ဒီပဲယင္းၿမိဳ႕နယ္ လိပ္သဲခုတ္ေက်းရြာေန အသက္ (၂၅) ႏွစ္အရြယ္ ယာဥ္ေနာက္ လိုက္ အမ်ဳိးသားတစ္ဦးတြင္ ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ မံုရြာျပည္သူ႕ ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္စဥ္ ေသဆံုးသြားခဲ့ျခင္း ျဖစ္သည္။

 ယာဥ္တိုက္မႈေၾကာင့္ ရ ထားစက္ေခါင္းရွိ ဘာဖာလိုက္ (မီးလံုး) ကြဲ၊ ေဘးလမ္းေလွ်ာက္လက္ ကိုင္တန္းယိုင္သြားသျဖင့္ ကာလ တန္ဖိုး က်ပ္ငါးေသာင္းခန္႔ဆံုး႐ႈံး ခဲ့ၿပီး ယာဥ္မဆင္မျခင္ေမာင္းႏွင္ ေသာ အမ်ဳိးသားအား (ပ) ၁၅၃၃/၂၀၁၆၊ ရထားပို႔ေဆာင္ေရးဥပေဒ ပုဒ္မ-၈၅ ႏွင့္ ယာဥ္ (ပ) ၁၁၇/ ၂၀၁၆၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ - ၃၀၄ အရ အမႈဖြင့္ထားသည္။

‘‘အခုယာဥ္တိုက္မႈျဖစ္ပြား တဲ့ေနရာက တရားမ၀င္ကားျဖတ္ ကူးလမ္းပါ။ အရင္ကတည္းက ေမာင္းလက္တံမရွိပါဘူး။ မံုရြာၿမိဳ႕မွာဒီႏွစ္အတြင္း ရထားနဲ႔ ကားတိုက္မႈျဖစ္ပြားတာ ႏွစ္ႀကိမ္ပဲရွိပါတယ္’’ ဟု မံုရြာဘူတာ႐ုံမွ ဒု႐ုံပိုင္ႀကီးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7day daily

#Unicode Version

မုံရွာမြို့ မုံရွာတောင်ရပ် ကွက် ပြည်ထောင်စုလမ်းနှင့် ထန်းတောအင်းဖြတ်လမ်းဆုံတွင် မီးရထားနှင့် ခြောက်ဘီးကုန်တင် ယာဉ်တိုက်မိ၍ ကုန်တင်ယာဉ် နောက်လိုက် အမျိုးသားသေဆုံးခဲ့ ကြောင်း မုံရွာမြို့ မြို့မရဲစခန်းမှ သတင်းရရှိသည်။

နိုဝင်ဘာ ၁၆ ရက် နံနက် ၉ နာရီ ၅၀ မိနစ်က ပခုက္ကူမှ မုံရွာမြို့သို့ မောင်းနှင်လာသော ရထား နှင့် ပြည်ထောင်စုလမ်းမှ ထန်း တောအင်းဖြတ်လမ်းသို့ ရထား လမ်းဖြတ်ကူးသည့် ခြောက်ဘီး ကုန်တင်ယာဉ်တို့ တိုက်မိသဖြင့် ကုန်တင်ယာဉ်ပေါ် လိုက်ပါလာ သော အသက် (၂၅) နှစ်အရွယ် ယာဉ်နောက်လိုက် အမျိုးသားသေ ဆုံးခဲ့ခြင်းဖြစ်သည်။

‘‘ကုန်တင်ယာဉ်မောင်းကို မုံရွာမီးရထားဘူတာ ဒုရုံပိုင်ကြီးကတရားလိုလုပ်ပြီး ရထားဥပဒေနဲ့ အမှုဖွင့်ထားတယ်။ ယာဉ်မဆင်မ ခြင်မောင်းနှင်လို့ လူသေဆုံးသွား တဲ့အတွက် ယာဉ်ထိန်းရဲကလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄- က အရ အမှုဖွင့်ထားပါတယ်’’ဟု  ၎င်းက ပြောသည်။

ရထားနှင့် ကုန်တင်ယာဉ် တိုက်မိမှုကြောင့် ကုန်တင်ယာဉ် ခေါင်းခန်းကြေမွပျက်စီးခဲ့ပြီး ယာဉ်ပေါ်လိုက်ပါသော ဒီပဲယင်းမြို့နယ် လိပ်သဲခုတ်ကျေးရွာနေ အသက် (၂၅) နှစ်အရွယ် ယာဉ်နောက် လိုက် အမျိုးသားတစ်ဦးတွင် ဒဏ်ရာများရရှိခဲ့သဖြင့် မုံရွာပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

 ယာဉ်တိုက်မှုကြောင့် ရ ထားစက်ခေါင်းရှိ ဘာဖာလိုက် (မီးလုံး) ကွဲ၊ ဘေးလမ်းလျှောက်လက် ကိုင်တန်းယိုင်သွားသဖြင့် ကာလ တန်ဖိုး ကျပ်ငါးသောင်းခန့်ဆုံးရှုံး ခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင် သော အမျိုးသားအား (ပ) ၁၅၃၃/၂၀၁၆၊ ရထားပို့ဆောင်ရေးဥပဒေ ပုဒ်မ-၈၅ နှင့် ယာဉ် (ပ) ၁၁၇/ ၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၀၄ အရ အမှုဖွင့်ထားသည်။

‘‘အခုယာဉ်တိုက်မှုဖြစ်ပွား တဲ့နေရာက တရားမဝင်ကားဖြတ် ကူးလမ်းပါ။ အရင်ကတည်းက မောင်းလက်တံမရှိပါဘူး။ မုံရွာမြို့မှာဒီနှစ်အတွင်း ရထားနဲ့ ကားတိုက်မှုဖြစ်ပွားတာ နှစ်ကြိမ်ပဲရှိပါတယ်’’ ဟု မုံရွာဘူတာရုံမှ ဒုရုံပိုင်ကြီးက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top