Property Expo
×

လည္စလုတ္ဆုိတာ လူ႔ခႏၶာကုိယ္ရွိ လည္ေခ်ာင္း အလယ္ေနရာမွာ ေဖာင္းေနတဲ့ အရာျဖစ္ၿပီး အ႐ုိးႏုေတြနဲ႔ ဖြဲ႕စည္းထားပါတယ္။ ဒီေနရာကုိ သုိင္း႐ိြဳက္အ႐ုိးႏုလုိ႔ ေခၚပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သုိင္း႐ိြဳက္ဂလင္းရဲ႕ ထိပ္တည့္တည့္မွာ ရွိေနတာေၾကာင့္ပါ။ လည္စလုတ္ကုိ ေဆးပညာ အေခၚအရ Prominentia Laryngea လုိ႔ ေခၚႏုိင္ေပမယ့္ အရပ္အေခၚအရေတာ့ Adam's Apple (အာဒမ္ရဲ႕ ပန္းသီး)ပဲ ျဖစ္ပါတယ္။ ခရစ္ယာန္တုိ႔ရဲ႕ အယူအရ ကမာၻ့လူသားအစ အာဒမ္နဲ႔ ဧဝတုိ႔ ႏွစ္ေယာက္မွာ ေယာက္်ားျဖစ္သူ အာဒမ္ဟာ မစားေကာင္းတဲ့ အသီးျဖစ္တဲ့ ပန္းသီးကုိ စားခဲ့မိၿပီး က်ိန္စာသင့္ခဲ့တဲ့ အျဖစ္အပ်က္ကုိ ရည္ၫႊန္းကာ အမ်ဳိးသားေတြရဲ႕ လည္ပင္းမွာ ဖုထြက္ေနတဲ့ လည္စလုတ္ကုိ Adam's Apple လုိ႔ ေခၚခဲ့ၾကတာ ျဖစ္ပါတယ္။

တကယ္ေတာ့ လည္စလုတ္ဟာ အမ်ဳိးသားေတြမွာပဲ ရွိတာမဟုတ္ပါဘူး။ အမ်ဳိးသမီးေတြမွာလည္း ရွိပါတယ္။ အမ်ဳိးသမီးေတြမွာ မသိသာလုိ႔ဘဲ ျဖစ္ပါတယ္။ လည္စလုတ္ အရြယ္အစားဟာ လူပ်ဳိေဖာ္၊ အပ်ဳိေဖာ္ မဝင္ခင္ အခ်ိန္အထိ ေယာက္်ားေလးနဲ႔ မိန္းကေလးေတြမွာ အတူတူပဲ ျဖစ္ပါတယ္။ လူပ်ဳိေဖာ္ဝင္ခ်ိန္ ေရာက္တဲ့အခါ တက္စတုိစတီ႐ုန္း ေဟာ္မုန္းေတြ မ်ားလာတာေၾကာင့္ ေယာက္်ားေလးေတြမွာ သိသာထင္ရွားစြာ ႀကီးထြားလာတာပဲ ျဖစ္ပါတယ္။

တခ်ဳိ႕အမ်ဳိးသမီးေတြမွာ လည္စလုတ္ႀကီးေတြ ႀကီးေနတာကုိ ေတြ႕ရမွာပါ။ ဒါေပမဲ့ ေနာက္ဆံုးေပၚ ေဆးပညာနည္းေတြ၊ ေခတ္ေပၚ ပလတ္စတစ္ ဆာဂ်ရီနည္းေတြနဲ႔ ျပဳျပင္လုိ႔ ရေနၿပီမုိ႔ ပူစရာ မလုိေတာ့ပါဘူး။ လည္စလုတ္အရြယ္ ေသးငယ္ေအာင္ ေလႁပြန္ရိတ္နည္း (Trachea Shave) လုိ႔ ေခၚတဲ့ ခဲြစိတ္ျပဳျပင္နည္းေတြ ရွိပါတယ္။ နာမည္က မုတ္ဆိတ္ရိတ္သလုိ လြယ္ကူပံု ေပါက္ေနေပမယ့္ မုတ္ဆိတ္ရိတ္သလုိ လမ္းေဘး ဆံသဆုိင္မွာ လုပ္လုိ႔ေတာ့ မရပါဘူး။ ခြဲစိတ္ခန္းထဲမွာ ေသခ်ာလုပ္ရမွာပါ။ လည္ေခ်ာင္းမွာ အနည္းငယ္ ခဲြၿပီးေတာ့မွ ထင္ရွားေနတဲ့ အ႐ုိးႏုကုိ ျဖတ္ပစ္ရတာပဲ ျဖစ္ပါတယ္။ ဒီခဲြစိတ္နည္းဟာ အမ်ဳိးသားကေန အမ်ဳိးသမီးဘဝ ေျပာင္းခ်င္သူေတြ အၾကား အလုပ္အမ်ားဆံုး ခဲြစိတ္ ျပဳျပင္နည္း တစ္ခုပဲ ျဖစ္ပါတယ္။

(ဗဟုသုတအေနျဖင့္ ေ၀မွ်ေပးလုိက္ပါသည္။)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Today Myanmar

#Unicode Version
လည်စလုတ်ဆိုတာ လူ့ခန္ဓာကိုယ်ရှိ လည်ချောင်း အလယ်နေရာမှာ ဖောင်းနေတဲ့ အရာဖြစ်ပြီး အရိုးနုတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီနေရာကို သိုင်းရွိုက်အရိုးနုလို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သိုင်းရွိုက်ဂလင်းရဲ့ ထိပ်တည့်တည့်မှာ ရှိနေတာကြောင့်ပါ။ လည်စလုတ်ကို ဆေးပညာ အခေါ်အရ Prominentia Laryngea လို့ ခေါ်နိုင်ပေမယ့် အရပ်အခေါ်အရတော့ Adam's Apple (အာဒမ်ရဲ့ ပန်းသီး)ပဲ ဖြစ်ပါတယ်။ ခရစ်ယာန်တို့ရဲ့ အယူအရ ကမ္ဘာ့လူသားအစ အာဒမ်နဲ့ ဧဝတို့ နှစ်ယောက်မှာ ယောက်ျားဖြစ်သူ အာဒမ်ဟာ မစားကောင်းတဲ့ အသီးဖြစ်တဲ့ ပန်းသီးကို စားခဲ့မိပြီး ကျိန်စာသင့်ခဲ့တဲ့ အဖြစ်အပျက်ကို ရည်ညွှန်းကာ အမျိုးသားတွေရဲ့ လည်ပင်းမှာ ဖုထွက်နေတဲ့ လည်စလုတ်ကို Adam's Apple လို့ ခေါ်ခဲ့ကြတာ ဖြစ်ပါတယ်။

တကယ်တော့ လည်စလုတ်ဟာ အမျိုးသားတွေမှာပဲ ရှိတာမဟုတ်ပါဘူး။ အမျိုးသမီးတွေမှာလည်း ရှိပါတယ်။ အမျိုးသမီးတွေမှာ မသိသာလို့ဘဲ ဖြစ်ပါတယ်။ လည်စလုတ် အရွယ်အစားဟာ လူပျိုဖော်၊ အပျိုဖော် မဝင်ခင် အချိန်အထိ ယောက်ျားလေးနဲ့ မိန်းကလေးတွေမှာ အတူတူပဲ ဖြစ်ပါတယ်။ လူပျိုဖော်ဝင်ချိန် ရောက်တဲ့အခါ တက်စတိုစတီရုန်း ဟော်မုန်းတွေ များလာတာကြောင့် ယောက်ျားလေးတွေမှာ သိသာထင်ရှားစွာ ကြီးထွားလာတာပဲ ဖြစ်ပါတယ်။

တချို့အမျိုးသမီးတွေမှာ လည်စလုတ်ကြီးတွေ ကြီးနေတာကို တွေ့ရမှာပါ။ ဒါပေမဲ့ နောက်ဆုံးပေါ် ဆေးပညာနည်းတွေ၊ ခေတ်ပေါ် ပလတ်စတစ် ဆာဂျရီနည်းတွေနဲ့ ပြုပြင်လို့ ရနေပြီမို့ ပူစရာ မလိုတော့ပါဘူး။ လည်စလုတ်အရွယ် သေးငယ်အောင် လေပြွန်ရိတ်နည်း (Trachea Shave) လို့ ခေါ်တဲ့ ခွဲစိတ်ပြုပြင်နည်းတွေ ရှိပါတယ်။ နာမည်က မုတ်ဆိတ်ရိတ်သလို လွယ်ကူပုံ ပေါက်နေပေမယ့် မုတ်ဆိတ်ရိတ်သလို လမ်းဘေး ဆံသဆိုင်မှာ လုပ်လို့တော့ မရပါဘူး။ ခွဲစိတ်ခန်းထဲမှာ သေချာလုပ်ရမှာပါ။ လည်ချောင်းမှာ အနည်းငယ် ခွဲပြီးတော့မှ ထင်ရှားနေတဲ့ အရိုးနုကို ဖြတ်ပစ်ရတာပဲ ဖြစ်ပါတယ်။ ဒီခွဲစိတ်နည်းဟာ အမျိုးသားကနေ အမျိုးသမီးဘဝ ပြောင်းချင်သူတွေ အကြား အလုပ်အများဆုံး ခွဲစိတ် ပြုပြင်နည်း တစ်ခုပဲ ဖြစ်ပါတယ်။

(ဗဟုသုတအနေဖြင့် ဝေမျှပေးလိုက်ပါသည်။)


ဖိုးသူတော် (www.phothutaw.com)
Credit:Today Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top