Property Expo
×

 ေတာင္ႀကီးၿမိဳ႕၏ (၆၉) ႀကိမ္ေျမာက္ ၿမိဳ႕လံုးကၽြတ္ မဟာဘံုကထိန္ပဲြေတာ္ကုိ ႏုိ၀င္ဘာ ၁၃ ရက္ နံနက္က စတင္၍ ၿမိဳ႕တြင္းသုိ႔ စီတန္းလွည့္လည္ခဲ့ ၾကသည္။

မဟာဘံုကထိန္ ပေဒသာ ပင္ တစ္ေထာင္ေက်ာ္ျဖင့္ မိန္းလမ္းတစ္ေလွ်ာက္ စီတန္းလွည့္ လည္ခဲ့ကာ ပေဒသာပင္မ်ားကို ၿမိဳ႕လယ္ ဓမၼာ႐ံုတြင္ လက္ခံေပးခဲ့ သည္။

ကထိန္ပေဒသာပင္မ်ား စီ တန္းလွည့္လည္၍ ၿမိဳ႕လံုးကၽြတ္ ဘံုကထိန္ပဲြဆင္ႏႊဲျခင္းသည္ ေရွး ႐ိုးရာ ဓေလ့ထံုးတမ္းစဥ္လာတစ္ ခုျဖစ္ၿပီး ‘တစ္မူးရွိလို႔ တစ္ပဲလွဴ ဒို႔ ရွမ္းေတာင္သူ တူႏုိင္႐ိုးလား’ဟူ သည့္ စကားပံုေပၚေပါက္သည္ အထိ ေစတနာသဒၶါတရား အား ေကာင္းသူမ်ား ျဖစ္သည္ဟုေတာင္ႀကီး ေဒသခံအခ်ိဳ႕က ေျပာ သည္။

ပေဒသာပင္မ်ား လွည့္လည္ ရာတြင္ ရွမ္း၊ ပအို၀္း၊ ဓႏု၊ ေတာင္ ႐ိုး၊ အင္းသားအစရွိသည့္ ေဒသခံ တိုင္းရင္းသားမ်ား စုေပါင္းပါ၀င္ ၍ စီတန္းလွည့္လည္ခဲ့သည္။

ၿမိဳ႕လယ္ ဓမၼာ႐ံုတြင္ လက္ခံ ေပးထားသည့္ ပေဒသာပင္ႏွင့္ လွဴဖြယ္ပစၥည္းမ်ားကို ေတာင္ႀကီး ၿမိဳ႕ရွိ ဘုန္းေတာ္ႀကီးေက်ာင္း ၃၃ ေက်ာင္းသုိ႔ ခဲြေ၀လွဴဒါန္းမည္ျဖစ္ သည္။

လက္ခံထားသည့္ ပေဒသာ ပင္ လွဴဖြယ္ပစၥည္းမ်ားကို ကထိန္ မခင္းရေသးသည့္ ဘုန္းေတာ္ႀကီး ေက်ာင္းသို႔ ၆၀ ရာခုိင္ႏႈန္း၊ က ထိန္ခင္းထားသည့္ ဘုန္းေတာ္ ႀကီးေက်ာင္းသို႔ ၄၀ ရာခုိင္ႏႈန္း ျပန္လည္လွဴဒါန္းမည္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

  တောင်ကြီးမြို့၏ (၆၉) ကြိမ်မြောက် မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော်ကို နိုဝင်ဘာ ၁၃ ရက် နံနက်က စတင်၍ မြို့တွင်းသို့ စီတန်းလှည့်လည်ခဲ့ ကြသည်။

မဟာဘုံကထိန် ပဒေသာ ပင် တစ်ထောင်ကျော်ဖြင့် မိန်းလမ်းတစ်လျှောက် စီတန်းလှည့် လည်ခဲ့ကာ ပဒေသာပင်များကို မြို့လယ် ဓမ္မာရုံတွင် လက်ခံပေးခဲ့ သည်။

ကထိန်ပဒေသာပင်များ စီ တန်းလှည့်လည်၍ မြို့လုံးကျွတ် ဘုံကထိန်ပွဲဆင်နွှဲခြင်းသည် ရှေး ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာတစ် ခုဖြစ်ပြီး ‘တစ်မူးရှိလို့ တစ်ပဲလှူ ဒို့ ရှမ်းတောင်သူ တူနိုင်ရိုးလား’ဟူ သည့် စကားပုံပေါ်ပေါက်သည် အထိ စေတနာသဒ္ဓါတရား အား ကောင်းသူများ ဖြစ်သည်ဟုတောင်ကြီး ဒေသခံအချို့က ပြော သည်။

ပဒေသာပင်များ လှည့်လည် ရာတွင် ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင် ရိုး၊ အင်းသားအစရှိသည့် ဒေသခံ တိုင်းရင်းသားများ စုပေါင်းပါဝင် ၍ စီတန်းလှည့်လည်ခဲ့သည်။

မြို့လယ် ဓမ္မာရုံတွင် လက်ခံ ပေးထားသည့် ပဒေသာပင်နှင့် လှူဖွယ်ပစ္စည်းများကို တောင်ကြီး မြို့ရှိ ဘုန်းတော်ကြီးကျောင်း ၃၃ ကျောင်းသို့ ခွဲဝေလှူဒါန်းမည်ဖြစ် သည်။

လက်ခံထားသည့် ပဒေသာ ပင် လှူဖွယ်ပစ္စည်းများကို ကထိန် မခင်းရသေးသည့် ဘုန်းတော်ကြီး ကျောင်းသို့ ၆၀ ရာခိုင်နှုန်း၊ က ထိန်ခင်းထားသည့် ဘုန်းတော် ကြီးကျောင်းသို့ ၄၀ ရာခိုင်နှုန်း ပြန်လည်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top