Property Expo
×

သူမ၏ ႐ုပ္အေလာင္းကို အေအးခံ သိမ္းဆည္းထားေပးရန္ ဆယ္ေက်ာ္သက္ မိန္းကေလးငယ္ တစ္ဦး၏ ဆႏၵကို ၿဗိတိန္တရား႐ံုး တစ္ခုက ခြင့္ျပဳေပးလိုက္ေၾကာင္း သိရသည္။ ယင္းသည္ ၿဗိတိန္၏ တရားစီရင္ေရး က႑တြင္ သမိုင္းဝင္ အေျပာင္းအလဲ တစ္ခုလည္း ျဖစ္လာသည္။

လန္ဒန္ၿမိဳ႕အနီးတြင္ ေနထုိင္သည့္ အသက္ ၁၄ ႏွစ္အရြယ္ မိန္းကေလးသည္ ရွားပါးသည့္ ကင္ဆာေရာဂါ တစ္ခုေၾကာင့္ အျပင္းအထန္ နာမက်န္း ျဖစ္ေနခ်ိန္တြင္ ယခုလို ေတာင္းဆိုခဲ့ျခင္း ျဖစ္သည္။ မိန္းကေလးက သူမေသဆံုးသြားခ်ိန္တြင္ အေလာင္းကို လြန္လြန္ကဲကဲ အေအးခံကာ ထိန္းသိမ္းထားေစလုိေၾကာင္း၊ သို႔မွသာ တစ္ခ်ိန္ခ်ိန္တြင္ သူမ လူ႔ဘဝသို႔ ျပန္လာခ်ိန္တြင္ ထိုခႏၶာကိုယ္ျဖင့္ အသက္ရွင္ ရပ္တည္ႏုိင္မည္ဟု ယံုၾကည္ေၾကာင္း စာေရးသား ေတာင္းဆိုထားခဲ့သည္။

ေအာက္တိုဘာလတြင္မူ မိန္းကေလး ကြယ္လြန္ခဲ့သည္။ သူမ၏ မိခင္က သမီး၏ ဆႏၵကို ျဖည့္ဆည္းေပးရန္ တရားေရးအရ တိုက္ပြဲဝင္ခဲ့ၿပီး ဖခင္ျဖစ္သူကမူ ထိုကိစၥကို မေထာက္ခံခဲ့ေခ်။ အဆံုးသတ္တြင္မူ ၿဗိတိန္ တရား႐ံုးခ်ဳပ္က မိန္းကေလး၏မိခင္သည္သမီးျဖစ္သူ၏ ေနာက္ဆံုးဆႏၵကို ျဖစ္ေျမာက္ေအာင္
 ျဖည့္ဆည္းရန္ ရပိုင္ခြင့္ ရွိထုိက္ေၾကာင္း ဆံုးျဖတ္ခဲ့သည္။

ယခုအခါ မိသားစုသည္ မိန္းကေလး၏ အေလာင္းကို အေမရိကန္သို႔ သယ္ေဆာင္ကာ အေအးခံ ထိန္းသိမ္းသြားရန္ စီစဉ္ေနၿပီ ျဖစ္သည္။ သတင္းမ်ားက အမည္ေဖာ္ျပျခင္း မရွိသည့္ မိန္းကေလး၏ မိသားစုသည္ ႐ုပ္အေလာင္းကို Cryonicsေခၚ အေအးလြန္ ထိန္းသိမ္းမႈ နည္းပညာျဖင့္ မပ်က္မစီးေအာင္ ထိန္းသိမ္းသြားမည္ ျဖစ္သည္။

Cryonics နည္းပညာသည္ ႐ုပ္ခႏၶာ တစ္ခုလံုးကို ယိုယြင္းပ်က္စီးသြားမႈ မရွိေအာင္ ထိန္းသိမ္းထားျခင္းျဖစ္ၿပီး တစ္ခ်ိန္ခ်ိန္တြင္ အသက္ျပန္သြင္းႏုိင္မည္၊ သို႔မဟုတ္ ေရာဂါအတြက္ ကုထံုး ရွာေဖြႏုိင္မည္ဟု ယံုၾကည္ခ်က္မ်ိဳးအတြက္ အသံုးျပဳေလ့ ရွိသည္။ မိန္းကေလး၏ အေလာင္းကို အႏုတ္ ၁၃၀ ဒီဂရီ ဆဲလ္ဆီးရပ္စ္ေအာက္ အပူခ်ိန္တြင္ ထိန္းသိမ္းထားရန္အတြက္ စတာလင္ေပါင္ ၃၇၀၀၀ မွ် ကုန္က်ႏုိင္ေၾကာင္းလည္း သိရသည္။

မိန္းကေလးက မကြယ္လြန္မီတြင္ တရားသူႀကီးမ်ားထံ လိပ္မူရည္ရြယ္၍ စာေရးခဲ့ၿပီး သူမအေနျဖင့္ အသက္ရွည္ရွည္ ေနထိုင္ခြင့္ရရန္ ေမွ်ာ္လင့္မိေၾကာင္း၊ သူမ၏ ႐ုပ္ခႏၶာကို ေျမေအာက္တြင္ ျမႇဳပ္ႏွံမႈမ်ိဳး မျဖစ္ေစလိုေၾကာင္း ေဖာ္ျပထားသည္။ “Cryonics နည္းလမ္းနဲ႔ ကၽြန္မရဲ႕ အေလာင္းကို ထိန္းသိမ္းထားတဲ့အခါ တစ္ေန႔ေန႔မွာ ကၽြန္မေရာဂါကို ကုသလာႏုိင္ရင္ ျပန္အသက္ရွင္ ႏိုးထလာဖို႔
 ေမွ်ာ္လင့္ပါတယ္။ ႏွစ္ေပါင္းရာနဲ႔ခ်ီ ၾကာခဲ့မယ္ ဆိုရင္ေတာင္ ကၽြန္မ လက္မေလွ်ာ့ခ်င္ပါဘူး”ဟု သူမက ဆိုသည္။

တရားေရး ဆံုးျဖတ္ခ်က္ ခံယူရာ၌ တရားသူႀကီး ပီတာဂ်က္ဆင္က ဆယ္ေက်ာ္သက္ ကေလးမေလး အေနျဖင့္ သူမ၏ ဒုကၡဆိုးကို ျဖစ္ႏုိင္ေျခ အရွိဆံုး စိတ္ကူးျဖင့္ ႐ုန္းကန္ ေဖာက္ထြက္ရန္ ႀကိဳးစားခဲ့ျခင္းဟု ခံစားမိေၾကာင္း ေျပာၾကားခဲ့သည္။ တရားသူႀကီးသည္ မိန္းကေလး မကြယ္လြန္မီတြင္ ေဆး႐ံုသို႔ သြားေရာက္ေတြ႕ဆံုခဲ့ေသးသည္။

တရား႐ံုးတြင္ အၿပီးသတ္ ဆံုးျဖတ္ခ်က္ ခ်မွတ္ရာ၌ ဂ်က္ဆင္က “Cryonics နည္းလမ္းကို သံုးတာဟာ မွားသလား၊ မွန္သလားဆိုတာက မဆံုးျဖတ္လိုပါဘူး။ ဒီကိစၥဟာ မိဘေတြနဲ႔ သူတို႔ရဲ႕ ကြယ္လြန္သူ သမီးနဲ႔ အဓိက သက္ဆိုင္ပါတယ္”ဟု ေျပာၾကားခဲ့သည္။ Cryonics နည္းလမ္းသည္ ေဆးပညာ နယ္ပယ္တြင္ အျငင္းပြားစရာ အေျခအေနမ်ားကို ဖန္တီးေနသည့္ လုပ္ငန္းစဉ္ တစ္ခုလည္း ျဖစ္သည္။

လူ႔ခႏၶာကိုယ္ကို အလြန္ေအးခဲေသာ အပူခ်ိန္မ်ိဳးတြင္ မပ်က္မယြင္း ထိန္းသိမ္းထားသည့္ အဆိုပါ ဝန္ေဆာင္မႈမ်ိဳးမွာ အေမရိကန္ႏွင့္ ႐ုရွားတို႔တြင္ ရွိေနေသာ္လည္း ၿဗိတိန္တြင္ တည္ေဆာက္မထားဟု သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 သူမ၏ ရုပ်အလောင်းကို အအေးခံ သိမ်းဆည်းထားပေးရန် ဆယ်ကျော်သက် မိန်းကလေးငယ် တစ်ဦး၏ ဆန္ဒကို ဗြိတိန်တရားရုံး တစ်ခုက ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။ ယင်းသည် ဗြိတိန်၏ တရားစီရင်ရေး ကဏ္ဍတွင် သမိုင်းဝင် အပြောင်းအလဲ တစ်ခုလည်း ဖြစ်လာသည်။

လန်ဒန်မြို့အနီးတွင် နေထိုင်သည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးသည် ရှားပါးသည့် ကင်ဆာရောဂါ တစ်ခုကြောင့် အပြင်းအထန် နာမကျန်း ဖြစ်နေချိန်တွင် ယခုလို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ မိန်းကလေးက သူမသေဆုံးသွားချိန်တွင် အလောင်းကို လွန်လွန်ကဲကဲ အအေးခံကာ ထိန်းသိမ်းထားစေလိုကြောင်း၊ သို့မှသာ တစ်ချိန်ချိန်တွင် သူမ လူ့ဘဝသို့ ပြန်လာချိန်တွင် ထိုခန္ဓာကိုယ်ဖြင့် အသက်ရှင် ရပ်တည်နိုင်မည်ဟု ယုံကြည်ကြောင်း စာရေးသား တောင်းဆိုထားခဲ့သည်။

အောက်တိုဘာလတွင်မူ မိန်းကလေး ကွယ်လွန်ခဲ့သည်။ သူမ၏ မိခင်က သမီး၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် တရားရေးအရ တိုက်ပွဲဝင်ခဲ့ပြီး ဖခင်ဖြစ်သူကမူ ထိုကိစ္စကို မထောက်ခံခဲ့ချေ။ အဆုံးသတ်တွင်မူ ဗြိတိန် တရားရုံးချုပ်က မိန်းကလေး၏ မိခင်သည် သမီးဖြစ်သူ၏ နောက်ဆုံးဆန္ဒကို ဖြစ်မြောက်အောင် ဖြည့်ဆည်းရန် ရပိုင်ခွင့် ရှိထိုက်ကြောင်း ဆုံးဖြတ်ခဲ့သည်။

ယခုအခါ မိသားစုသည် မိန်းကလေး၏ အလောင်းကို အမေရိကန်သို့ သယ်ဆောင်ကာ အအေးခံ ထိန်းသိမ်းသွားရန် စီစဉ်နေပြီ ဖြစ်သည်။ သတင်းများက အမည်ဖော်ပြခြင်း မရှိသည့် မိန်းကလေး၏ မိသားစုသည် ရုပ်အလောင်းကို Cryonicsခေါ် အအေးလွန် ထိန်းသိမ်းမှု နည်းပညာဖြင့် မပျက်မစီးအောင် ထိန်းသိမ်းသွားမည် ဖြစ်သည်။

Cryonics နည်းပညာသည် ရုပ်ခန္ဓာ တစ်ခုလုံးကို ယိုယွင်းပျက်စီးသွားမှု မရှိအောင် ထိန်းသိမ်းထားခြင်းဖြစ်ပြီး တစ်ချိန်ချိန်တွင် အသက်ပြန်သွင်းနိုင်မည်၊ သို့မဟုတ် ရောဂါအတွက် ကုထုံး ရှာဖွေနိုင်မည်ဟု ယုံကြည်ချက်မျိုးအတွက် အသုံးပြုလေ့ ရှိသည်။ မိန်းကလေး၏ အလောင်းကို အနုတ် ၁၃၀ ဒီဂရီ ဆဲလ်ဆီးရပ်စ်အောက် အပူချိန်တွင် ထိန်းသိမ်းထားရန်အတွက် စတာလင်ပေါင် ၃၇၀၀၀ မျှ ကုန်ကျနိုင်ကြောင်းလည်း သိရသည်။

မိန်းကလေးက မကွယ်လွန်မီတွင် တရားသူကြီးများထံ လိပ်မူရည်ရွယ်၍ စာရေးခဲ့ပြီး သူမအနေဖြင့် အသက်ရှည်ရှည် နေထိုင်ခွင့်ရရန် မျှော်လင့်မိကြောင်း၊ သူမ၏ ရုပ်ခန္ဓာကို မြေအောက်တွင် မြှုပ်နှံမှုမျိုး မဖြစ်စေလိုကြောင်း ဖော်ပြထားသည်။ “Cryonics နည်းလမ်းနဲ့ ကျွန်မရဲ့ အလောင်းကို ထိန်းသိမ်းထားတဲ့အခါ တစ်နေ့နေ့မှာ ကျွန်မရောဂါကို ကုသလာနိုင်ရင် ပြန်အသက်ရှင် နိုးထလာဖို့ မျှော်လင့်ပါတယ်။ နှစ်ပေါင်းရာနဲ့ချီ ကြာခဲ့မယ် ဆိုရင်တောင် ကျွန်မ လက်မလျှော့ချင်ပါဘူး”ဟု သူမက ဆိုသည်။

တရားရေး ဆုံးဖြတ်ချက် ခံယူရာ၌ တရားသူကြီး ပီတာဂျက်ဆင်က ဆယ်ကျော်သက် ကလေးမလေး အနေဖြင့် သူမ၏ ဒုက္ခဆိုးကို ဖြစ်နိုင်ခြေ အရှိဆုံး စိတ်ကူးဖြင့် ရုန်းကန် ဖောက်ထွက်ရန် ကြိုးစားခဲ့ခြင်းဟု ခံစားမိကြောင်း ပြောကြားခဲ့သည်။ တရားသူကြီးသည် မိန်းကလေး မကွယ်လွန်မီတွင် ဆေးရုံသို့ သွားရောက်တွေ့ဆုံခဲ့သေးသည်။

တရားရုံးတွင် အပြီးသတ် ဆုံးဖြတ်ချက် ချမှတ်ရာ၌ ဂျက်ဆင်က “Cryonics နည်းလမ်းကို သုံးတာဟာ မှားသလား၊ မှန်သလားဆိုတာက မဆုံးဖြတ်လိုပါဘူး။ ဒီကိစ္စဟာ မိဘတွေနဲ့ သူတို့ရဲ့ ကွယ်လွန်သူ သမီးနဲ့ အဓိက သက်ဆိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။ Cryonics နည်းလမ်းသည် ဆေးပညာ နယ်ပယ်တွင် အငြင်းပွားစရာ အခြေအနေများကို ဖန်တီးနေသည့် လုပ်ငန်းစဉ် တစ်ခုလည်း ဖြစ်သည်။

လူ့ခန္ဓာကိုယ်ကို အလွန်အေးခဲသော အပူချိန်မျိုးတွင် မပျက်မယွင်း ထိန်းသိမ်းထားသည့် အဆိုပါ ဝန်ဆောင်မှုမျိုးမှာ အမေရိကန်နှင့် ရုရှားတို့တွင် ရှိနေသော်လည်း ဗြိတိန်တွင် တည်ဆောက်မထားဟု သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top