Property Expo
×

ကယ္လုိရီပမာနစားတာေတြကို ေလွ်ာ့ခ်တာဟာ က်န္းမာေရးနဲ႔ ညီညြတ္ၿပီး လူေတြကုိ အဝလြန္သူေတြမဟုတ္တဲ့လူေတြရဲ႕ ခႏၶာကုိယ္မွာ အခ်ိန္ရွည္ၾကာစြာျဖစ္တတ္တဲ့ အက်ိဳးသက္ေရာက္မႈေတြကုိ ေလွ်ာ့ခ်ေပးႏုိင္တယ္လုိ႔ ေလ့လာခ်က္အသစ္တစ္ခုအရ သိရပါတယ္။

ဒီေလ့လာခ်က္အရ ကင္ဆာ၊ ေလးဘက္နာ၊ ႏွလံုးေရာဂါ စတဲ့ ေရာဂါေတြေၾကာင့္ ျဖစ္ေပၚလာတဲ့ ခႏၶာကုိယ္နာက်င္ ေရာင္ရမ္းမႈေတြဟာ သူတုိ႔ရဲ႕ ကယ္လုိရီပမာဏကုိ ေလွ်ာ့ခ်လုိက္တာနဲ႔ ျဖစ္ေပၚႏုိင္ေျခေတြ ေလ်ာ့က်သြားတယ္လုိ႔ Tufts တကၠသုိလ္ သုေတသီေတြရဲ႕ ႏွစ္ႏွစ္ၾကာ ေလ့လာခ်က္တစ္ရပ္က ဆုိခဲ့တာပါ။

၂၀၁၀ခုႏွစ္တုန္းက အထက္ပါေဝဒနာေတြ ရွိတဲ့ လူဆယ္ေယာက္မွာ လူ ၇ေယာက္ဟာ ဒီလုိအစားအေသာက္ေတြကုိ ထိန္းညွိျခင္းမရွိလုိ႔ ေသဆံုးခဲ့ရတာျဖစ္ပါတယ္။ ေနာက္ပုိင္းမွာေတာ့ ပရုိတိန္း၊ ဗီတာမင္ တုိ႔ရဲ႕ အဆင့္အတန္းကုိထိန္းညွိလုိက္ရာမွာ ျဖစ္ႏုိင္ေျခေတြ ေလ်ာ့ပါးသြားၿပီး တုိးတက္မႈေတြကုိ ေတြ႕ရတာျဖစ္ပါတယ္။

ေလ့လာခ်က္အရ သုေတသီေတြအေနနဲ႔ လူအေယာက္ ၂၂၀ကုိ သာမန္အစားေရွာင္တဲ့အုပ္စုနဲ႔ အစားအေသာက္ေတြ (ကယ္လုိရီ) ကုိ ၂၅ရာခုိင္ႏႈန္းအထိ ေလွ်ာ့ခ်တဲ့အုပ္စုဆုိၿပီး ႏွစ္စုခဲြစမ္းသပ္ရာမွာ ဒုတိယအုပ္စုဟာ အခုလုိေရာင္ရမ္းနာက်င္တာေတြကုိ ကာကြယ္ေပးႏုိင္တဲ့အဆင့္ေရာက္ရွိခဲ့တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thithtoolwin

Unicode Version

ကယ်လိုရီပမာနစားတာတွေကို လျှော့ချတာဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး လူတွေကို အဝလွန်သူတွေမဟုတ်တဲ့လူတွေရဲ့ ခန္ဓာကိုယ်မှာ အချိန်ရှည်ကြာစွာဖြစ်တတ်တဲ့ အကျိုးသက်ရောက်မှုတွေကို လျှော့ချပေးနိုင်တယ်လို့ လေ့လာချက်အသစ်တစ်ခုအရ သိရပါတယ်။

ဒီလေ့လာချက်အရ ကင်ဆာ၊ လေးဘက်နာ၊ နှလုံးရောဂါ စတဲ့ ရောဂါတွေကြောင့် ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်နာကျင် ရောင်ရမ်းမှုတွေဟာ သူတို့ရဲ့ ကယ်လိုရီပမာဏကို လျှော့ချလိုက်တာနဲ့ ဖြစ်ပေါ်နိုင်ခြေတွေ လျော့ကျသွားတယ်လို့ Tufts တက္ကသိုလ် သုတေသီတွေရဲ့ နှစ်နှစ်ကြာ လေ့လာချက်တစ်ရပ်က ဆိုခဲ့တာပါ။

၂၀၁၀ခုနှစ်တုန်းက အထက်ပါဝေဒနာတွေ ရှိတဲ့ လူဆယ်ယောက်မှာ လူ ၇ယောက်ဟာ ဒီလိုအစားအသောက်တွေကို ထိန်းညှိခြင်းမရှိလို့ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ပရိုတိန်း၊ ဗီတာမင် တို့ရဲ့ အဆင့်အတန်းကိုထိန်းညှိလိုက်ရာမှာ ဖြစ်နိုင်ခြေတွေ လျော့ပါးသွားပြီး တိုးတက်မှုတွေကို တွေ့ရတာဖြစ်ပါတယ်။

လေ့လာချက်အရ သုတေသီတွေအနေနဲ့ လူအယောက် ၂၂၀ကို သာမန်အစားရှောင်တဲ့အုပ်စုနဲ့ အစားအသောက်တွေ (ကယ်လိုရီ) ကို ၂၅ရာခိုင်နှုန်းအထိ လျှော့ချတဲ့အုပ်စုဆိုပြီး နှစ်စုခွဲစမ်းသပ်ရာမှာ ဒုတိယအုပ်စုဟာ အခုလိုရောင်ရမ်းနာကျင်တာတွေကို ကာကွယ်ပေးနိုင်တဲ့အဆင့်ရောက်ရှိခဲ့တာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top