Kantharyar Centre
×

 သီခ်င္းသံုးပုဒ္သာပါဝင္မည့္ Mini Album ကို ႏိုဝင္ဘာ ၃ ရက္တြင္ က်ေရာက္မည့္ ေမြးေန႔အမွတ္တရ အျဖစ္ ျဖန္႔ခ်ိမည္ဟု ေဝလက ေျပာသည္။

‘‘သီခ်င္းသံုးပုဒ္စလံုးက အ ခ်စ္အေၾကာင္းေတြမပါဘူး။ ဘဝ နဲ႔ ပတ္သက္တာေတြ၊ ကိုယ္ေပး ခ်င္တဲ့ မက္ေဆ့ခ်္က အျပဳသေဘာေဆာင္တာေလးေတြကို ေရြးၿပီး လုပ္တဲ့သေဘာပါ’’ဟု ယင္းအေခြ စီစဥ္ျဖစ္သည့္ အေၾကာင္း
ေဝလက ေျပာသည္။

အဆိုပါ သီခ်င္းအေခြတြင္ ၎ကိုယ္တုိင္ ေရးစပ္ထားေသာ ေဆး၊ လမ္းေဘးမွာရွိသည္ႏွင့္ ခုတင္ အမွတ္ ၁၈ စသည့္ သီခ်င္း သံုးပုဒ္ပါဝင္မည္ျဖစ္ၿပီး ‘ခုတင္ အမွတ္ ၁၈’ဟု အမည္ေပးထား ကာ ႏိုဝင္ဘာ ၃ ရက္တြင္ ေအာ္ဒီ ယိုစီဒီႏွင့္ Myanmar Music Storeတုိ႔ကလည္း အြန္လုိင္း၌ ျဖန္႔ခ်ိ မည္ဟု ၎က ဆုိသည္။

‘‘ေဆးဆိုတဲ့ သီခ်င္းက အ သည္းကြဲေနတဲ့ သူငယ္ခ်င္းကို ႏွစ္ သိမ့္တဲ့ပံုစံမ်ိဳး။ ‘လမ္းေဘးမွာရွိ သည္’ဆုိလည္း လမ္းေဘးမွာ ကြၽန္ေတာ္တုိ႔ ေတြ႕ေနက်အရာေလး တစ္ခုကို အဲဒီေနရာက ဝင္ေရး ထားခဲ့တာ။ တုိင္တည္သီခ်င္းကေတာ့ လူနာတစ္ေယာက္ အေၾကာင္းေပါ့။ ေသဆံုးခါနီးလူနာ တစ္ေယာက္ သူေနာင္တရတဲ့အ ေၾကာင္းကို ေရးထားတာ’’ဟု ခုတင္အမွတ္(၁၈)အေခြတြင္ ပါဝင္မည့္ သီခ်င္းမ်ားအေၾကာင္း ေဝလက ေျပာသည္။

အေၾကာင္းအရာႏွင့္ လိုက္ ဖက္သည့္ သီခ်င္းပုံစံမ်ား ဖန္တီး ထားျခင္းျဖစ္ၿပီး ယခင္ပံုစံမ်ားႏွင့္ မ်ားစြာကြဲျပားမႈမရွိဘဲ ၿငိမ့္ၿငိမ့္ ေညာင္းေညာင္း   ခံစားႏိုင္မည့္ သီခ်င္းမ်ားျဖစ္သည္ဟု ၎က ဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 သီချင်းသုံးပုဒ်သာပါဝင်မည့် Mini Album ကို နိုဝင်ဘာ ၃ ရက်တွင် ကျရောက်မည့် မွေးနေ့အမှတ်တရ အဖြစ် ဖြန့်ချိမည်ဟု ဝေလက ပြောသည်။


‘‘သီချင်းသုံးပုဒ်စလုံးက အ ချစ်အကြောင်းတွေမပါဘူး။ ဘဝ နဲ့ ပတ်သက်တာတွေ၊ ကိုယ်ပေး ချင်တဲ့ မက်ဆေ့ချ်က အပြုသဘောဆောင်တာလေးတွေကို ရွေးပြီး လုပ်တဲ့သဘောပါ’’ဟု ယင်းအခွေ စီစဉ်ဖြစ်သည့် အကြောင်း
ဝေလက ပြောသည်။

အဆိုပါ သီချင်းအခွေတွင် ၎င်းကိုယ်တိုင် ရေးစပ်ထားသော ဆေး၊ လမ်းဘေးမှာရှိသည်နှင့် ခုတင် အမှတ် ၁၈ စသည့် သီချင်း သုံးပုဒ်ပါဝင်မည်ဖြစ်ပြီး ‘ခုတင် အမှတ် ၁၈’ဟု အမည်ပေးထား ကာ နိုဝင်ဘာ ၃ ရက်တွင် အော်ဒီ ယိုစီဒီနှင့် Myanmar Music Storeတို့ကလည်း အွန်လိုင်း၌ ဖြန့်ချိ မည်ဟု ၎င်းက ဆိုသည်။

‘‘ဆေးဆိုတဲ့ သီချင်းက အ သည်းကွဲနေတဲ့ သူငယ်ချင်းကို နှစ် သိမ့်တဲ့ပုံစံမျိုး။ ‘လမ်းဘေးမှာရှိ သည်’ဆိုလည်း လမ်းဘေးမှာ ကျွန်တော်တို့ တွေ့နေကျအရာလေး တစ်ခုကို အဲဒီနေရာက ဝင်ရေး ထားခဲ့တာ။ တိုင်တည်သီချင်းကတော့ လူနာတစ်ယောက် အကြောင်းပေါ့။ သေဆုံးခါနီးလူနာ တစ်ယောက် သူနောင်တရတဲ့အ ကြောင်းကို ရေးထားတာ’’ဟု ခုတင်အမှတ်(၁၈)အခွေတွင် ပါဝင်မည့် သီချင်းများအကြောင်း ဝေလက ပြောသည်။

အကြောင်းအရာနှင့် လိုက် ဖက်သည့် သီချင်းပုံစံများ ဖန်တီး ထားခြင်းဖြစ်ပြီး ယခင်ပုံစံများနှင့် များစွာကွဲပြားမှုမရှိဘဲ ငြိမ့်ငြိမ့် ညောင်းညောင်း   ခံစားနိုင်မည့် သီချင်းများဖြစ်သည်ဟု ၎င်းက ဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top