Property Expo
×

ရန္ကုန္တုိင္းေဒသႀကီး မဂၤလာ ေတာင္ၫြန္႔ၿမိဳ႕နယ္ရွိ ၾကက္၊ ဘဲ ေစ်းကို လံုၿခံဳေရးႏွင့္ မႈခင္းက်ဆင္း ေရးအတြက္ စီစီတီဗီကင္မရာအ လံုး ၁၇၀ ေက်ာ္ တပ္ဆင္မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

အဆိုပါ ၾကက္၊ ဘဲေစ်းသည္  ရပ္ကြက္ႏွင့္ နီးစပ္ၿပီး လူစိမ္းဝင္ ေရာက္မႈမ်ားစြာရွိေနျခင္းေၾကာင့္ ရပ္ကြက္အတြက္ လံုၿခံဳေရးႏွင့္ အနံ႔အသက္ဆိုးရြားမႈမ်ား ရွိေနသည္ဆိုသည့္ တုိင္ၾကားခ်က္အခ်ိဳ႕ရွိေနသျဖင့္ မဂၤလာေတာင္ၫြန္႔ၿမိဳ႕နယ္ က လႊတ္ေတာ္ကိုယ္စားလွယ္မ်ား သြားေရာက္ေလ့လာခဲ့ၾကသည္။

ထုိသုိ႔ ေလ့လာေဆြးေႏြးမႈျပဳ လုပ္ခဲ့စဥ္ ယင္းေစ်းတာဝန္ရွိသူမ်ားက လံုၿခံဳေရးအပိုင္း ေဆာင္ရြက္မည့္အစီအစဥ္ကို ထည့္သြင္း ေျပာၾကားခဲ့ေၾကာင္း တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္ေအာင္က ေျပာသည္။

‘‘ေစ်းတာဝန္ရွိသူေတြ ေျပာတာကေတာ့ စီစီတီီဗီကင္မရာ ၁၇၃ လံုးတပ္မယ္တဲ့။ ကြၽန္ေတာ္ကမ်ားလွခ်ည္လားဆိုေတာ့ ေစ်းက လူအဝင္၊ အထြက္႐ႈပ္ေထြးသလို ေစ်းကလူေတြနဲ႔ အျပင္လူေတြေရာေထြးမႈေစာင့္ၾကည့္ႏိုင္ဖို႔ အတြက္ပါ စီစဥ္တာလို႔ ေျပာတယ္။ ဆိုင္တုိင္းနီးပါးမွာလည္း တပ္ၾကမယ္။ ဒါကို ေစ်းသူေစ်းသားေတြ ကိုယ္ထူကိုယ္ထ လုပ္ၾကမွာလို႔ ေျပာတယ္’’ဟု ၎က ေျပာၾကားသည္။

စီစီတီဗီတပ္ဆင္မႈကို လာမည့္ တစ္လအတြင္း လုပ္ေဆာင္မည္ဟု ၾကားသိရေၾကာင္း ၎က ဆက္လက္ေျပာၾကားသည္။

အဆိုပါေစ်းသည္ဆိုင္ခန္း ေပါင္းတစ္ရာေက်ာ္ရွိၿပီး နံနက္အေစာပိုင္းမွ ညအထိ ရန္ကုန္ၿမိဳ႕သို႔ ၾကက္သား၊ ဘဲသားအဓိကျဖန္႔ျဖဴး ေပးေနသည့္ ေစ်းႀကီးျဖစ္ကာ လူအဝင္၊ အထြက္ ႐ႈပ္ေထြးေလ့ရွိေၾကာင္း ပတ္ဝန္းက်င္ရွိ ေနထုိင္သူမ်ားက ေျပာသည္။

‘‘ယာဥ္လမ္းေၾကာပိတ္မႈျဖစ္ တာမ်ိဳးကိုေတာ့ ဒီလမ္းကိုျဖတ္တဲ့ ကားသမားတိုင္းႀကံဳရတာ။ လူအဝင္အထြက္႐ႈပ္လို႔ ပတ္ဝန္းက်င္ မလံုၿခံဳမႈနဲ႔ အနံ႔အသက္ဆုိးရြားတာ မ်ိဳးကိုေတာ့ အဲဒီပတ္ဝန္းက်င္မွာ ေနၾကသူေတြ ေန႔စဥ္ခံေနရတဲ့ဒုကၡ ေပါ့’’ဟု မဂၤလာေတာင္ၫြန္႔ၿမိဳ႕ နယ္ ပုသိမ္ၫြန္႔ရပ္ကြက္တြင္ ေနထုိင္သူတစ္ဦးက ေျပာသည္။

ထို႔အျပင္ ယင္းေစ်းသို႔လာ ေရာက္သူအခ်ိဳ႕ႏွင့္ ပတ္ဝန္းက်င္တြင္ ေနထုိင္သူမ်ား ခိုက္ရန္ျဖစ္မႈျဖစ္စဥ္မ်ားရွိခဲ့ဖူးျခင္းေၾကာင့္ လံုၿခံဳေရးပိုင္း ေထာက္ျပမႈမ်ားရွိခဲ့ေၾကာင္း ၎က ေျပာသည္။

အနံ႔အသက္ဆုိးရြားမႈမ်ားႏွင့္ ပတ္သက္၍ ပတ္ဝန္းက်င္က လက္မခံႏိုင္ေၾကာင္း ကန္႔ကြက္ တိုင္ၾကားမႈအခ်ိဳ႕ရွိခဲ့ကာ ေစ်းေျပာင္း ေရႊ႕ေပးရန္ လိုလားသူမ်ားပင္ရွိေၾကာင္း သတင္းရရွိသည္။

‘‘ေစ်းေျပာင္းဖို႔၊ ေရႊ႕ဖို႔အတြက္ကို ကြၽန္ေတာ္တို႔က သြားေဆြးေႏြးတာ မဟုတ္ဘူး။ တိုင္ၾကားမႈတခ်ိဳ႕ရွိတာေၾကာင့္ ေျမျပင္သြားေရာက္ ေလ့လာၾကည့္တဲ့သေဘာပါပဲ။ အခုလို ကာလမွာ ေရႊ႕ေျပာင္းဖို႔ဆိုတာ အစိုးရအတြက္ေရာ အေျခအေန အေၾကာင္းတ ရားေတြအရပါ ၾကည့္ရင္ ခက္ခဲပါတယ္။ ေအာက္ေျခအဆင့္မွာတင္ ႏွစ္ဖက္ ဘယ္လိုေျပလည္ေအာင္ ေျဖရွင္းမလဲဆိုတဲ့အေျဖ ကြၽန္ေတာ္တို႔ ဆက္ရွာသြားမွာပါ’’ ဟု ဦးရန္ေအာင္က ေျပာသည္။

လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက အဆိုပါေစ်းသို႔ သြားေရာက္ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ရာ ေစ်းသူေစ်းသားမ်ားဘက္ကလည္း ပတ္ဝန္းက်င္ကို ထိခိုက္မႈနည္းေစမည့္ စည္းကမ္းခ်က္အခ်ိဳ႕ကို လိုက္နာေဆာင္ရြက္ရန္ သေဘာတူရန္ ျပန္လည္္ေဆြးေႏြးခဲ့ၾကေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ ကြက်၊ ဘဲ ဈေးကို လုံခြုံရေးနှင့် မှုခင်းကျဆင်း ရေးအတွက် စီစီတီဗီကင်မရာအ လုံး ၁၇၀ ကျော် တပ်ဆင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ကြက်၊ ဘဲဈေးသည်  ရပ်ကွက်နှင့် နီးစပ်ပြီး လူစိမ်းဝင် ရောက်မှုများစွာရှိနေခြင်းကြောင့် ရပ်ကွက်အတွက် လုံခြုံရေးနှင့် အနံ့အသက်ဆိုးရွားမှုများ ရှိနေသည်ဆိုသည့် တိုင်ကြားချက်အချို့ရှိနေသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ် က လွှတ်တော်ကိုယ်စားလှယ်များ သွားရောက်လေ့လာခဲ့ကြသည်။

ထိုသို့ လေ့လာဆွေးနွေးမှုပြု လုပ်ခဲ့စဉ် ယင်းဈေးတာဝန်ရှိသူများက လုံခြုံရေးအပိုင်း ဆောင်ရွက်မည့်အစီအစဉ်ကို ထည့်သွင်း ပြောကြားခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ပြောသည်။

‘‘ဈေးတာဝန်ရှိသူတွေ ပြောတာကတော့ စီစီတီဗီကင်မရာ ၁၇၃ လုံးတပ်မယ်တဲ့။ ကျွန်တော်ကများလှချည်လားဆိုတော့ ဈေးက လူအဝင်၊ အထွက်ရှုပ်ထွေးသလို ဈေးကလူတွေနဲ့ အပြင်လူတွေရောထွေးမှုစောင့်ကြည့်နိုင်ဖို့ အတွက်ပါ စီစဉ်တာလို့ ပြောတယ်။ ဆိုင်တိုင်းနီးပါးမှာလည်း တပ်ကြမယ်။ ဒါကို ဈေးသူဈေးသားတွေ ကိုယ်ထူကိုယ်ထ လုပ်ကြမှာလို့ ပြောတယ်’’ဟု ၎င်းက ပြောကြားသည်။

စီစီတီဗီတပ်ဆင်မှုကို လာမည့် တစ်လအတွင်း လုပ်ဆောင်မည်ဟု ကြားသိရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါဈေးသည်ဆိုင်ခန်း ပေါင်းတစ်ရာကျော်ရှိပြီး နံနက်အစောပိုင်းမှ ညအထိ ရန်ကုန်မြို့သို့ ကြက်သား၊ ဘဲသားအဓိကဖြန့်ဖြူး ပေးနေသည့် ဈေးကြီးဖြစ်ကာ လူအဝင်၊ အထွက် ရှုပ်ထွေးလေ့ရှိကြောင်း ပတ်ဝန်းကျင်ရှိ နေထိုင်သူများက ပြောသည်။

‘‘ယာဉ်လမ်းကြောပိတ်မှုဖြစ် တာမျိုးကိုတော့ ဒီလမ်းကိုဖြတ်တဲ့ ကားသမားတိုင်းကြုံရတာ။ လူအဝင်အထွက်ရှုပ်လို့ ပတ်ဝန်းကျင် မလုံခြုံမှုနဲ့ အနံ့အသက်ဆိုးရွားတာ မျိုးကိုတော့ အဲဒီပတ်ဝန်းကျင်မှာ နေကြသူတွေ နေ့စဉ်ခံနေရတဲ့ဒုက္ခ ပေါ့’’ဟု မင်္ဂလာတောင်ညွန့်မြို့ နယ် ပုသိမ်ညွန့်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ထို့အပြင် ယင်းဈေးသို့လာ ရောက်သူအချို့နှင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများ ခိုက်ရန်ဖြစ်မှုဖြစ်စဉ်များရှိခဲ့ဖူးခြင်းကြောင့် လုံခြုံရေးပိုင်း ထောက်ပြမှုများရှိခဲ့ကြောင်း ၎င်းက ပြောသည်။

အနံ့အသက်ဆိုးရွားမှုများနှင့် ပတ်သက်၍ ပတ်ဝန်းကျင်က လက်မခံနိုင်ကြောင်း ကန့်ကွက် တိုင်ကြားမှုအချို့ရှိခဲ့ကာ ဈေးပြောင်း ရွှေ့ပေးရန် လိုလားသူများပင်ရှိကြောင်း သတင်းရရှိသည်။

‘‘ဈေးပြောင်းဖို့၊ ရွှေ့ဖို့အတွက်ကို ကျွန်တော်တို့က သွားဆွေးနွေးတာ မဟုတ်ဘူး။ တိုင်ကြားမှုတချို့ရှိတာကြောင့် မြေပြင်သွားရောက် လေ့လာကြည့်တဲ့သဘောပါပဲ။ အခုလို ကာလမှာ ရွှေ့ပြောင်းဖို့ဆိုတာ အစိုးရအတွက်ရော အခြေအနေ အကြောင်းတ ရားတွေအရပါ ကြည့်ရင် ခက်ခဲပါတယ်။ အောက်ခြေအဆင့်မှာတင် နှစ်ဖက် ဘယ်လိုပြေလည်အောင် ဖြေရှင်းမလဲဆိုတဲ့အဖြေ ကျွန်တော်တို့ ဆက်ရှာသွားမှာပါ’’ ဟု ဦးရန်အောင်က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များက အဆိုပါဈေးသို့ သွားရောက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ဈေးသူဈေးသားများဘက်ကလည်း ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေမည့် စည်းကမ်းချက်အချို့ကို လိုက်နာဆောင်ရွက်ရန် သဘောတူရန် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top