Kantharyar Centre
×






Credit:7Day Daily

Unicode Version

ဒေးဗစ်ဘက်ခမ်း၏ သားကြီး ဘရွတ်ကလင်းဘက်ခမ်းနှင့် သူ၏အချစ်ဦး သရုပ်ဆောင်ချယ်လိုဂရေ့စ်မိုရက်ဇ်တို့ တည်ငြိမ်စွာလမ်းခွဲခြင်းအပေါ် ဒေးဗစ်ဘက်ခမ်းက   ချီးမွမ်းခဲ့ သည်။

အသက် (၁၇)နှစ်အရွယ် ဘရွတ်ကလင်းဘက်ခမ်းနှင့် (၁၉)နှစ်အရွယ် ချယ်လိုဂရေ့စ် မိုရက်ဇ်တို့သည် မတည်ငြိမ်သော ချစ်သူ သက်တမ်း ၂နှစ်တွင် လမ်း ခွဲခဲ့ပြီး ဘရွတ်ကလင်းသည် ၎င်းတို့နှစ်ဦး ဇာတ်လမ်းပြီးဆုံးမှု ကို လူသိရှင်ကြား ထုတ်ဖော်ပြော ရန် ဝေဝါးခဲ့သည်။

ဖခင်ဖြစ်သူ အငြိမ်းစား ဘောလုံးသမား အသက် (၄၁)နှစ် အရွယ် ဒေးဗစ်ဘက်ခမ်းသည် အေးအေးတည်ငြိမ်စွာ နေထိုင်ရန် သားဖြစ်သူ၏ ဆုံးဖြတ်ချက်မှန် ကန်သည်နှင့် လိမ္မာပါးနပ်သော အမျိုးသားငယ်တစ်ဦး ဖြစ်လာ သည်ကို သက်သေပြသည်ဟု ယုံကြည်ခဲ့သည်။

ဒေးဗစ်ဘက်ခမ်းသည် ဇနီးဗစ်တိုးရီးယားနှင့် ကလေး လေးဦး မွေးဖွားခဲ့သည်။ ၎င်း သည် သားကြီးဖြစ်သူနှင့် အချစ်ရေးကိစ္စများ ဆွေးနွေးရန် သဘောကျ ခဲ့သော်လည်း (၅) နှစ်အရွယ် အငယ်ဆုံးသမီးဟာပါ အရွယ် ရောက်လာမည်ကို စိုးရိမ်နေပုံရ သည်။

‘‘ဟာပါ တစ်ယောက် ယောက်နဲ့ ချိန်းတွေ့တယ်ဆိုတာ ကျွန်တော့်စိတ်ထဲမှာ စဉ်းတောင် မစဉ်းစားမိပါဘူး’’ဟု ဒေးဗစ် ဘက်ခမ်းက ရယ်လျက်ပြော သည်။ဒေးဗစ်ဘက်ခမ်းနှင့် ဗစ် တိုးရီးယားတို့သည် ၁၉၉၉ တွင် လက်ထပ်ခဲ့ပြီး    ထိုနှစ်မှာပင် ဘရွတ်ကလင်းကို   မွေးဖွားခဲ့ သည်။    


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily




 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top