Property Expo
×

ကဖင္းဓာတ္ပါ၀င္ေသာ အစားအေသာက္မ်ား

        ေကာ္ဖီ၊ လက္ဖက္ရည္၊ ကိုကာကိုလာ၊ ေခ်ာကလက္နဲ႔ အားျဖည့္အခ်ိဳရည္ေတြမွာ ကဖင္းဓာတ္ ပါ၀င္ပါတယ္။ ကဖင္းဓာတ္ အလြန္အကၽြံမွီ၀ဲမိရင္ ကိုယ္၀န္ပ်က္က်ႏိုင္ေခ်ရွိပါတယ္။ ဒါ့ေၾကာင့္ ကိုယ္၀န္ေဆာင္စဥ္မွာ တစ္ေန႔ကို ေကာ္ဖီတစ္ခြက္ (ကဖင္းဓာတ္ 200 mg) သာ ေသာက္သံုးသင့္ပါတယ္။



ငါးအစိမ္း၊ မက်က္တက်က္ အသားငါး

        မခ်က္မျပဳတ္ဘဲ စားရတဲ့အသားေတြနဲ႔ မက်က္တက်က္ခ်က္ထားတဲ့ အသား၊ ပင္လယ္စာ စတာေတြဟာ ကိုယ္၀န္ေဆာင္စဥ္မွာ လံုး၀ေရွာင္ရွားသင့္တဲ့ အစားအစာေတြပါ။ အဲဒီအစားအစာေတြမွာ Toxoplasma နဲ႔အျခားေသာ ဘက္တီးရီးယားပိုးေတြရွိေနႏိုင္တာေၾကာင့္ အစာအဆိပ္သင့္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္၀န္ေဆာင္စဥ္ ကာလတေလွ်ာက္လံုး ငါးနဲ႔ပင္လယ္စာေတြကို က်က္ေအာင္ေသခ်ာစြာ ခ်က္ျပဳတ္ၿပီးမွ စားရမယ္လို႔ FDA က အၾကံျပဳထားပါတယ္။



အကင္မ်ားႏွင့္ က်ပ္တိုက္ထားေသာအသားမ်ား

        အကင္မ်ား၊ က်ပ္တိုက္ထားေသာအသားမ်ား၊ ေရခဲေသတၱာထဲမွာ အၾကာႀကီးသိမ္းဆည္းထားတဲ့ ပင္လယ္စာမ်ားမွာ အစာအဆိပ္သင့္တာကို ျဖစ္ေစတဲ့ Listeria ပိုးမႊားမ်ားေပါက္ဖြားေနႏိုင္ပါတယ္။ ဒါေၾကာင့္ လတ္ဆတ္ၿပီး ေသေသခ်ာခ်ာခ်က္ျပဳတ္ထားေသာ အသားငါးေတြကိုသာ စားသင့္ပါတယ္။



အရက္

        ကိုယ္၀န္ေဆာင္ခ်ိန္မွာ အရက္ေသာက္တာေၾကာင့္ သေႏၶသားေပၚမွာ ျပင္းထန္ဆိုးရြားတဲ့ ထိခိုက္မႈမ်ား ရွိလာပါတယ္။ အရက္အလြန္အကၽြံေသာက္တာကို မဆိုထားႏွင့္၊ နည္းနည္းေလာက္ေသာက္တာနဲ႔တင္ သေႏၶသားအတြက္ အႏၱရာယ္ျဖစ္ေစႏိုင္ပါတယ္။



ေအးခဲထားေသာ အသားစဥ္းေကာမ်ား

        ေရခဲေသတၱာထဲမွာ အၾကာႀကီးသိမ္းထားတဲ့ အသားစဥ္းေကာမ်ားဟာ ပုပ္သိုးလြယ္ၿပီး Listeria ဘက္တီးရီးယားပိုးေတြ ေပါက္ဖြားႏိုင္ျခင္းေၾကာင့္ သေႏၶသားအတြက္ အႏၱရာယ္ရွိပါတယ္။



မာက်ဴရီဓာတ္ပါေသာငါးမ်ား

          မာက်ဴရီဓာတ္ဟာ သေႏၶသားရဲ႕ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ ဒါေၾကာင့္ Omega 3 ပါ၀င္ၿပီး မာက်ဴရီဓာတ္နည္းပါးေသာ ဆာဒင္းငါးနဲ႔ တူနာငါးမ်ားကိုသာ ေရြးခ်ယ္စားသံုးပါ။



အသင့္စားသံုးႏိုင္ေသာ ဒိန္ခဲအေပ်ာ့

        ဒိန္ခဲအမာေတြကို ေသခ်ာက်က္ေအာင္ က်ဳိထားတဲ့ႏြားႏို႔နဲ႔ျပဳလုပ္ေလ့ရွိေပမယ့္ ဒိန္ခဲအေပ်ာ့ကုိေတာ့ ႏြားႏို႔အစိမ္းနဲ႔သာျပဳလုပ္ထားပါတယ္။ ဒါေၾကာင့္ Ecoli နဲ႔ အျခားပိုးမႊားမ်ားရွိေနႏိုင္ၿပီး အစာအဆိပ္သင့္႐ံုသာမက ကိုယ္၀န္ပ်က္က်တဲ့အထိ ျဖစ္ႏိုင္တာေၾကာင့္ သတိျပဳစားသံုးသင့္ပါတယ္။

 စားႂကြင္းစားက်န္မ်ား

        စားေသာက္ဆိုင္မွာ စားလို႔က်န္တဲ့အစားအစာမ်ားကို အိမ္သို႔ျပန္သယ္မလာပါနဲ႔။ ကားရဲ႕ အပူခ်ိန္ေၾကာင့္ ထုတ္ပိုးထားေသာအစားအစာမ်ားမွာ ဘက္တီးရီးယား ပိုးမႊားမ်ားေပါက္ဖြားႏႈန္းကို အားေပးပါတယ္။



ကြတ္ကီးမုန္႔ျပဳလုပ္ရန္အတြက္ ျပင္ဆင္ထားေသာ ဂ်ဳံၾကမ္း

        ဒါကေတာ့ ကြတ္တီးလုပ္ရတာကို ၀ါသနာပါတဲ့ ကိုယ္၀န္ေဆာင္မိခင္မ်ား အထူးသတိျပဳ သင့္တဲ့အခ်က္ပါ။ ကြတ္ကီးျပဳလုပ္ေနရင္းနဲ႔ ျပင္ဆင္ထားတဲ့ဂ်ဳံၾကမ္းကို ပါးစပ္ထဲထည့္မိေလ့ရွိပါတယ္။ အဲဒီဂ်ဳံၾကမ္းမွာ ၾကက္ဥစိမ္းပါတာေၾကာင့္ ဘက္တီးရီးယားပိုးမႊားမ်ားလည္း ပါ၀င္ေနပါတယ္။ ဒါေၾကာင့္ ကြတ္ကီးျပဳလုပ္ေနစဥ္မွာ ဂ်ဳံမႈန္႔ကို မျမည္းမိေအာင္ ဂရုစိုက္ပါ။



အိမ္တြင္ျပဳလုပ္ေသာေဆာ့စ္မ်ား

        ၾကက္ဥစိမ္းမ်ားပါ၀င္တဲ့ အိမ္လုပ္ေဆာ့စ္မ်ားအစား ပိုးသတ္ထားေသာ ၾကက္ဥျဖင့္ျပဳလုပ္ထားေသာ က်န္းမာေရးႏွင့္ညီညြတ္သည့္ ေဆာ့စ္မ်ားကိုသာေရြးခ်ယ္ေပးပါ။



ၾကက္ေကာင္လံုးအစာသြပ္

        အစာသြပ္ထားတဲ့ ၾကက္သား သို႔မဟုတ္ ၾကက္ဆင္သားဟာ အရသာရွိလွေသာ္လည္း ေသခ်ာ ခ်က္ျပဳတ္ၿပီးမွ စားသင့္ပါတယ္။ အသားမွထြက္လာေသာအရည္ႏွင့္ သြပ္ထားေသာအစာမ်ားေၾကာင့္ ဘက္တီးရီးယား ပိုးမႊားမ်ား ေပါက္ဖြားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အပူခ်ိန္ 180 ဒီဂရီမွာထားၿပီး ခ်က္ျပဳတ္ထားတဲ့ ၾကက္ေကာင္လံုး အစာသြပ္ကိုသာ ေရြးခ်ယ္စားသံုးပါ။



ဟင္းသီးဟင္းရြက္အစိမ္းမ်ား

        ပဲပင္ေပါက္၊ မုန္လာဥစတာေတြကို အစိမ္းမစားပါနဲ႔။ ၎တို႔မွာရွိတဲ့ ဘက္တီးရီးယား ပိုးမႊားေတြက ေရျဖင့္ေဆးေၾကာ႐ံုနဲ႔ မဖယ္ရွားႏိုင္ပါဘူး။ ဒါေၾကာင့္ ေသခ်ာေၾကာ္ေလွာ္ ခ်က္ျပဳတ္ၿပီးမွသာ စားသံုးသင့္ပါတယ္။



ၾကက္ဥစိမ္းျဖင့္ ျပဳလုပ္ထားေသာ သားေရစာမ်ား

        ပူတင္းစတဲ့ သေရစာမ်ားလုပ္တဲ့အခါ ၾကက္ဥ၊ ဘဲဥအစိမ္းမ်ားကိုသာ သံုးေလ့ရွိတာေၾကာင့္ Salmonella ပိုးေတြပါ သြားတတ္ပါတယ္။ ဒါေၾကာင့္ ပူတင္းလုပ္တဲ့အခါမွာ ေသခ်ာ ပိုးသတ္ထားတဲ့ ႏြားႏို႔နဲ႔ၾကက္ဥတို႔ကိုသံုးၿပီး အပူခ်ိန္ 160 ဒီဂရီထိ ေပါင္းသင့္ပါတယ္။



ေသေသခ်ာခ်ာ မက်ဳိထားေသာႏြားႏို႔

        ေသခ်ာမက်ဳိထားေသာႏြားႏို႔မ်ားတြင္ Listeria နဲ႔ Ecoli တို႔ ပါ၀င္တာေၾကာင့္ အစာအဆိပ္သင့္တာအျပင္ ကိုယ္၀န္ပ်က္က်သည္အထိ ျပင္းထန္ႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:drmyanmar

Unicode Version

ကဖင်းဓာတ်ပါဝင်သော အစားအသောက်များ

        ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကာကိုလာ၊ ချောကလက်နဲ့ အားဖြည့်အချိုရည်တွေမှာ ကဖင်းဓာတ် ပါဝင်ပါတယ်။ ကဖင်းဓာတ် အလွန်အကျွံမှီဝဲမိရင် ကိုယ်ဝန်ပျက်ကျနိုင်ချေရှိပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်စဉ်မှာ တစ်နေ့ကို ကော်ဖီတစ်ခွက် (ကဖင်းဓာတ် 200 mg) သာ သောက်သုံးသင့်ပါတယ်။



ငါးအစိမ်း၊ မကျက်တကျက် အသားငါး

        မချက်မပြုတ်ဘဲ စားရတဲ့အသားတွေနဲ့ မကျက်တကျက်ချက်ထားတဲ့ အသား၊ ပင်လယ်စာ စတာတွေဟာ ကိုယ်ဝန်ဆောင်စဉ်မှာ လုံးဝရှောင်ရှားသင့်တဲ့ အစားအစာတွေပါ။ အဲဒီအစားအစာတွေမှာ Toxoplasma နဲ့အခြားသော ဘက်တီးရီးယားပိုးတွေရှိနေနိုင်တာကြောင့် အစာအဆိပ်သင့်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်စဉ် ကာလတလျှောက်လုံး ငါးနဲ့ပင်လယ်စာတွေကို ကျက်အောင်သေချာစွာ ချက်ပြုတ်ပြီးမှ စားရမယ်လို့ FDA က အကြံပြုထားပါတယ်။



အကင်များနှင့် ကျပ်တိုက်ထားသောအသားများ

        အကင်များ၊ ကျပ်တိုက်ထားသောအသားများ၊ ရေခဲသေတ္တာထဲမှာ အကြာကြီးသိမ်းဆည်းထားတဲ့ ပင်လယ်စာများမှာ အစာအဆိပ်သင့်တာကို ဖြစ်စေတဲ့ Listeria ပိုးမွှားများပေါက်ဖွားနေနိုင်ပါတယ်။ ဒါကြောင့် လတ်ဆတ်ပြီး သေသေချာချာချက်ပြုတ်ထားသော အသားငါးတွေကိုသာ စားသင့်ပါတယ်။



အရက်

        ကိုယ်ဝန်ဆောင်ချိန်မှာ အရက်သောက်တာကြောင့် သန္ဓေသားပေါ်မှာ ပြင်းထန်ဆိုးရွားတဲ့ ထိခိုက်မှုများ ရှိလာပါတယ်။ အရက်အလွန်အကျွံသောက်တာကို မဆိုထားနှင့်၊ နည်းနည်းလောက်သောက်တာနဲ့တင် သန္ဓေသားအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။



အေးခဲထားသော အသားစဉ်းကောများ

        ရေခဲသေတ္တာထဲမှာ အကြာကြီးသိမ်းထားတဲ့ အသားစဉ်းကောများဟာ ပုပ်သိုးလွယ်ပြီး Listeria ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားနိုင်ခြင်းကြောင့် သန္ဓေသားအတွက် အန္တရာယ်ရှိပါတယ်။



မာကျူရီဓာတ်ပါသောငါးများ

          မာကျူရီဓာတ်ဟာ သန္ဓေသားရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် Omega 3 ပါဝင်ပြီး မာကျူရီဓာတ်နည်းပါးသော ဆာဒင်းငါးနဲ့ တူနာငါးများကိုသာ ရွေးချယ်စားသုံးပါ။



အသင့်စားသုံးနိုင်သော ဒိန်ခဲအပျော့

        ဒိန်ခဲအမာတွေကို သေချာကျက်အောင် ကျိုထားတဲ့နွားနို့နဲ့ပြုလုပ်လေ့ရှိပေမယ့် ဒိန်ခဲအပျော့ကိုတော့ နွားနို့အစိမ်းနဲ့သာပြုလုပ်ထားပါတယ်။ ဒါကြောင့် Ecoli နဲ့ အခြားပိုးမွှားများရှိနေနိုင်ပြီး အစာအဆိပ်သင့်ရုံသာမက ကိုယ်ဝန်ပျက်ကျတဲ့အထိ ဖြစ်နိုင်တာကြောင့် သတိပြုစားသုံးသင့်ပါတယ်။

 စားကြွင်းစားကျန်များ

        စားသောက်ဆိုင်မှာ စားလို့ကျန်တဲ့အစားအစာများကို အိမ်သို့ပြန်သယ်မလာပါနဲ့။ ကားရဲ့ အပူချိန်ကြောင့် ထုတ်ပိုးထားသောအစားအစာများမှာ ဘက်တီးရီးယား ပိုးမွှားများပေါက်ဖွားနှုန်းကို အားပေးပါတယ်။



ကွတ်ကီးမုန့်ပြုလုပ်ရန်အတွက် ပြင်ဆင်ထားသော ဂျုံကြမ်း

        ဒါကတော့ ကွတ်တီးလုပ်ရတာကို ဝါသနာပါတဲ့ ကိုယ်ဝန်ဆောင်မိခင်များ အထူးသတိပြု သင့်တဲ့အချက်ပါ။ ကွတ်ကီးပြုလုပ်နေရင်းနဲ့ ပြင်ဆင်ထားတဲ့ဂျုံကြမ်းကို ပါးစပ်ထဲထည့်မိလေ့ရှိပါတယ်။ အဲဒီဂျုံကြမ်းမှာ ကြက်ဥစိမ်းပါတာကြောင့် ဘက်တီးရီးယားပိုးမွှားများလည်း ပါဝင်နေပါတယ်။ ဒါကြောင့် ကွတ်ကီးပြုလုပ်နေစဉ်မှာ ဂျုံမှုန့်ကို မမြည်းမိအောင် ဂရုစိုက်ပါ။



အိမ်တွင်ပြုလုပ်သောဆော့စ်များ

        ကြက်ဥစိမ်းများပါဝင်တဲ့ အိမ်လုပ်ဆော့စ်များအစား ပိုးသတ်ထားသော ကြက်ဥဖြင့်ပြုလုပ်ထားသော ကျန်းမာရေးနှင့်ညီညွတ်သည့် ဆော့စ်များကိုသာရွေးချယ်ပေးပါ။



ကြက်ကောင်လုံးအစာသွပ်

        အစာသွပ်ထားတဲ့ ကြက်သား သို့မဟုတ် ကြက်ဆင်သားဟာ အရသာရှိလှသော်လည်း သေချာ ချက်ပြုတ်ပြီးမှ စားသင့်ပါတယ်။ အသားမှထွက်လာသောအရည်နှင့် သွပ်ထားသောအစာများကြောင့် ဘက်တီးရီးယား ပိုးမွှားများ ပေါက်ဖွားနိုင်ပါတယ်။ ဒါ့ကြောင့် အပူချိန် 180 ဒီဂရီမှာထားပြီး ချက်ပြုတ်ထားတဲ့ ကြက်ကောင်လုံး အစာသွပ်ကိုသာ ရွေးချယ်စားသုံးပါ။



ဟင်းသီးဟင်းရွက်အစိမ်းများ

        ပဲပင်ပေါက်၊ မုန်လာဥစတာတွေကို အစိမ်းမစားပါနဲ့။ ၎င်းတို့မှာရှိတဲ့ ဘက်တီးရီးယား ပိုးမွှားတွေက ရေဖြင့်ဆေးကြောရုံနဲ့ မဖယ်ရှားနိုင်ပါဘူး။ ဒါကြောင့် သေချာကြော်လှော် ချက်ပြုတ်ပြီးမှသာ စားသုံးသင့်ပါတယ်။



ကြက်ဥစိမ်းဖြင့် ပြုလုပ်ထားသော သားရေစာများ

        ပူတင်းစတဲ့ သရေစာများလုပ်တဲ့အခါ ကြက်ဥ၊ ဘဲဥအစိမ်းများကိုသာ သုံးလေ့ရှိတာကြောင့် Salmonella ပိုးတွေပါ သွားတတ်ပါတယ်။ ဒါကြောင့် ပူတင်းလုပ်တဲ့အခါမှာ သေချာ ပိုးသတ်ထားတဲ့ နွားနို့နဲ့ကြက်ဥတို့ကိုသုံးပြီး အပူချိန် 160 ဒီဂရီထိ ပေါင်းသင့်ပါတယ်။



သေသေချာချာ မကျိုထားသောနွားနို့

        သေချာမကျိုထားသောနွားနို့များတွင် Listeria နဲ့ Ecoli တို့ ပါဝင်တာကြောင့် အစာအဆိပ်သင့်တာအပြင် ကိုယ်ဝန်ပျက်ကျသည်အထိ ပြင်းထန်နိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:drmyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top