Property Expo
×

အကယ္၍ သင္ဟာ သင့္ရဲ႕ ေရခ်ိဳးခန္းထဲမွာပါ ေတာက္ပ မႈေတြနဲ႔ အလွဆင္ခ်င္တယ္ဆိုရင္ေတာ့ သင့္အတြက္ သင့္ေတာ္မယ့္ အိမ္သာ တစ္လံုး ထြက္ေပၚလာပါၿပီ။

ဒီ အိမ္သာကို ေတာ့ အိမ္သာ အားလံုးနဲ႔ ကြဲျပားျခားနားတဲ့ ကမာၻ႔ေစ်းအႀကီးဆံုး အိမ္သာ အျဖစ္သတ္မွတ္ရမွာ ျဖစ္ပါတယ္။ ဒီအိမ္သာကို အပြင့္ေရ ၇၂၀၀၀ ရွိတဲ့ Swarovski စိန္ေတြနဲ႔ အလွဆင္ထားၿပီး တန္ဖိုးအားျဖင့္ စတာလင္ေပါင္ ၈၄၀၀၀ တန္ဖိုးရွိတယ္လို႔ သိရပါတယ္။

ထို အိမ္သာကို တည္ေဆာက္ခဲ့တဲ့ ပုဂၢိဳလ္ကေတာ့ ဂ်ပန္ ဒီဇိုင္နာ Ginza Tanaka ဆိူသူ ျဖစ္ၿပီး ထို အိမ္သာကို တည္ေဆာက္ၿပီးစီးဖို႔ ၁ လ ခန္႔ အခ်ိန္ယူတည္ေဆာက္ခဲ့တယ္လို႔ သိရပါတယ္။

ထို အိမ္သာကိုေတာ့ တရုတ္ျပည္သူ႔သမၼတ ႏိုင္ငံ ၊ ရွန္ဟိုင္းၿမိဳ႕မွာ က်င္းပခဲ့တဲ့ ၂၀၁၅ခုႏွစ္ တရုတ္ အျပည္ျပည္ဆိုင္ရာ မီးဖိုေခ်ာင္နဲ႔ ေရခ်ိဳးခန္းသံုး ပစၥည္း ကုန္စည္ျပပြဲမွာ ျပသခဲ့တာျဖစ္ၿပီး ပြဲကို တက္ေရာက္လာတဲ့ လူေတြ အားလံုးကလည္း ထို ေတာက္ပေနတဲ့ အိမ္သာကို ေတြ႕ၿပီး သေဘာက်ခဲ့ၾက ပါတယ္။

ဒီအိမ္သာကိုေတာ့ ထိုပြဲေတာ္မွာ ၀ယ္ယူသြားသူ ရွိမရွိ အတိအက် မသိခဲ့ရပါဘူး။

မႏွစ္ကေတာ့ ကယ္လိုရီေပါင္း ၉ သန္းတိတိ အသံုးျပဳၿပီး ေခ်ာ့ကလက္ေရခ်ိဳးခန္းတစ္ခုတည္ေဆာက္ျပခဲ့ဖူးၿပီး ထို ေခ်ာ့ကလက္ ေရခ်ိဳးခန္းကေတာ့ လက္ေတြ႕မွာ အသံုးခ်လို႔ မရႏိုင္ခဲ့ပါဘူး။ အိမ္သာ ၊ ေဘစင္ နဲ႔ ေရခ်ိဳးကန္ အားလံုးကို စားလို႔ရတဲ့ ေခ်ာ့ကလက္ေတြနဲ႔ သာဖန္တီးထားတဲ့ ထို ေရခ်ိဳးခန္းကိုလည္း စတာလင္ေပါင္ ၈၀၀၀၀ နဲ႔ မႏွစ္က ေရာင္းခ်ခဲ့ဖူးပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thithtoolwin

Unicode Version

အကယ်၍ သင်ဟာ သင့်ရဲ့ ရေချိုးခန်းထဲမှာပါ တောက်ပ မှုတွေနဲ့ အလှဆင်ချင်တယ်ဆိုရင်တော့ သင့်အတွက် သင့်တော်မယ့် အိမ်သာ တစ်လုံး ထွက်ပေါ်လာပါပြီ။

ဒီ အိမ်သာကို တော့ အိမ်သာ အားလုံးနဲ့ ကွဲပြားခြားနားတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး အိမ်သာ အဖြစ်သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒီအိမ်သာကို အပွင့်ရေ ၇၂၀၀၀ ရှိတဲ့ Swarovski စိန်တွေနဲ့ အလှဆင်ထားပြီး တန်ဖိုးအားဖြင့် စတာလင်ပေါင် ၈၄၀၀၀ တန်ဖိုးရှိတယ်လို့ သိရပါတယ်။

ထို အိမ်သာကို တည်ဆောက်ခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ ဂျပန် ဒီဇိုင်နာ Ginza Tanaka ဆိူသူ ဖြစ်ပြီး ထို အိမ်သာကို တည်ဆောက်ပြီးစီးဖို့ ၁ လ ခန့် အချိန်ယူတည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။

ထို အိမ်သာကိုတော့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ၊ ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၅ခုနှစ် တရုတ် အပြည်ပြည်ဆိုင်ရာ မီးဖိုချောင်နဲ့ ရေချိုးခန်းသုံး ပစ္စည်း ကုန်စည်ပြပွဲမှာ ပြသခဲ့တာဖြစ်ပြီး ပွဲကို တက်ရောက်လာတဲ့ လူတွေ အားလုံးကလည်း ထို တောက်ပနေတဲ့ အိမ်သာကို တွေ့ပြီး သဘောကျခဲ့ကြ ပါတယ်။

ဒီအိမ်သာကိုတော့ ထိုပွဲတော်မှာ ဝယ်ယူသွားသူ ရှိမရှိ အတိအကျ မသိခဲ့ရပါဘူး။

မနှစ်ကတော့ ကယ်လိုရီပေါင်း ၉ သန်းတိတိ အသုံးပြုပြီး ချော့ကလက်ရေချိုးခန်းတစ်ခုတည်ဆောက်ပြခဲ့ဖူးပြီး ထို ချော့ကလက် ရေချိုးခန်းကတော့ လက်တွေ့မှာ အသုံးချလို့ မရနိုင်ခဲ့ပါဘူး။ အိမ်သာ ၊ ဘေစင် နဲ့ ရေချိုးကန် အားလုံးကို စားလို့ရတဲ့ ချော့ကလက်တွေနဲ့ သာဖန်တီးထားတဲ့ ထို ရေချိုးခန်းကိုလည်း စတာလင်ပေါင် ၈၀၀၀၀ နဲ့ မနှစ်က ရောင်းချခဲ့ဖူးပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thithtoolwin


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top