Kantharyar Centre
×







Credit:Duwun

#Unicode Version
သင်စားမယ့် ကြက်ဥတွေဟာ သင့်အတွက် အာဟာရဖြစ်မဖြစ်ကို စစ်ဆေးဖို့အတွက် လွယ်ကူတဲ့ နည်းလမ်းတစ်ခုပါ။
အဲဒါကတော့ ကြက်ဥအနှစ်ရဲ့အရောင်ကို ကြည့်ရမှာပါ။

ယေဘုယျအားဖြင်တော့ ကြက်ဥအနှစ်ရဲ့အရောင် ရင့်ခြင်းက ကြက်ဥကို ဥတဲ့ ကြက်မရဲ့ ပျော်ရွှင်မှုနဲ့ သူစားတဲ့ အစားအစာ ကောင်းမွန်မှုတို့ကို ပြတယ်လို့ဆိုပါတယ်။

ကြက်မက ပိုပျော်လေ၊ သူစားတဲ့ အစားအစာကောင်းမွန်လေ သူ ဥလိုက်တဲ့ ကြက်ဥက ပိုမိုကောင်းမွန်ပြီး ကြက်ဥအနှစ်ရဲ့အရောင်ကလည်း ပိုရင့်လေဆိုတဲ့အဓိပ္ပာယ်ပါ။

ဒါပေမဲ့ ကြက်ဥက အရောင်ဖျော့တဲ့အတွက် မကောင်းဘူး၊ လိုအပ်တဲ့ အာဟာရတွေ မပါဘူးလို့တော့ မဟုတ်ပါဘူး။

“ပုံမှန်အရတော့ ကြက်ဥအနှစ်ရဲ့အရောင် ဖျော့တာဟာ ကြက်မက မကျန်းမာတဲ့ ဒါမှမဟုတ် အာဟာရမပြည့်တဲ့ လက္ခဏာပါ။ ဒါပေမဲ့ အမြဲတမ်းတော့ အဲဒီလို မဟုတ်ပါဘူး။ အာဖရိကန်နိုင်ငံတွေမှာ ပြောင်းဖူးအဖြူကို ကျွေးတဲ့အတွက် ကြက်မက ကျန်းမာပေမဲ့ ကြက်ဥအနှစ်ရဲ့အရောင်က ဖြူဖျော့နေတတ်ပါတယ်” လို့ လယ်သမားတစ်ဦးက ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top