Property Expo
×
Unicode Version
အစားအသောက်တွေ၊ အသီးအနှံတွေကို ပုတ်သိုးခြင်း၊ ညိုးနွမ်းခြင်း တွေကနေ ကင်းဝေးအောင်လို့ အအေးခန်းရေခဲသေတ္တာတွေမှာ သိမ်းဆည်းခြင်းကို အိမ်သားတော်တော်များများ ပြုလုပ်တတ်ကြပါ တယ်။ ဒီလို အအေးခန်းထဲထည့်လိုက်မယ်ဆိုရင် ပုတ်သိုးခြင်း၊ ဆွေးမြေ့ခြင်းတွေကင်းဝေးပြီး လက်လက်ဆက်ဆက် စားသုံးရလိမ့် မယ်လို့ ထင်ကြပါတယ်။ ဒါက လုံးဝရာခိုင်နှုန်း အပြည့်မမှန် ကန် ပါဘူး။ တချို့အရာတွေက အအေးခန်းရေခဲသေတ္တာတွေထဲထည့် သိုလှောင်လိုက်မိလို့ မိမိအတွက် ဆိုးရွားတဲ့ ကျန်းမာရေး ထိခိုက် မှုတွေဖြစ်ပေါ်လာနိုင်တာကို တွေ့ရပါတယ်။လေ့လာကြည့်ရ အောင်….
အာလူးတွေကို ရေခဲသေတတ္တာထဲမှာ ထည့်သိမ်း မထားသင့်ပါဘူး။
အစားအသောက်စံနှုန်းစစ်ဆေးတဲ့ အေဂျင်စီရဲ့ထုတ်ပြန်ချက်အရ ဆိုရင် ကျန်းမာရေးအတွက် ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တဲ့အ ထိဖြစ်စေနိုင်တယ်လို့ သိရပါတယ်။
ရေခဲသေတ္တာထဲကို ထည့်သိမ်းလိုက်တဲ့ အာလူးသီးတွေက သကြား  ဓာတ်အဖြစ်ပြောင်းလဲသွားပြီးအခါ ကြော်တဲ့အခါဖြစ်ဖြစ်၊ ချက်တဲ့အ ခါဖြစ်ဖြစ် အဲ့ဒီသကြားဓာတ်က အမိုင်နိုအက်စစ်နဲ့ ပေါင်းပြီးတော့ ဓာတု အက်ကရီလမိတ်ဓာတ်တွေ အဖြစ်ပြောင်းလဲကာ ထိခိုက်စေ နိုင်တာဖြစ်ပါတယ်။
အဲ့ဒီ အက်ကရီလမိတ်ဓာတ်တွေက ကျန်းမာရေးအတွက် ဆိုးရွားတဲ့ ထိခိုက်မှုက ကင်ဆာကို ဖြစ်ပေါ်စေတာပါပဲ။ အက်ကရိလမိတ်ဓာတ် တွေက အာလူးတွေမှာ ပင်မတည်ရှိနေတာမျိုးမဟုတ်ပဲ ဓာတ်ပေါင်း စုပြီးမှသာ ဖြစ်ပေါ်လာတဲ့ ဓာတ်တွေဖြစ်ပါတယ်။ ယင်းဓာတ်တွေကို အခြားမြင်တွေ့ရမယ့်နေရာတွေက စက်ရုပ်အလုပ်ရုံတွေမှာ၊ စက္ကူ ထုတ်လုပ်ရေး၊ အစားအသောက်ထုတ်ပိုးစက်ရုံ၊ ပလက်စတစ်၊ ဆိုးဆေး အစရှစက်ရုံတွေမှာ ဒီဓာတ်သတ္တုတွေကို မြင်တွေ့ရတာ ဖြစ်ပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top