Property Expo
×

လသားအ႐ြယ္ကေလးငယ္တစ္ဦးကို ေန႔ကေလးထိန္း အမ်ိဳးသမီးတစ္ဦးက ျပင္းျပင္းထန္ထန္ ႐ိုက္ႏွက္ခဲ့တဲ့ ျဖစ္ရပ္ေၾကာင့္ ကေလးငယ္ဟာ ဦးေခါင္းခြံအေနာက္ဘက္ ဒဏ္ရာရရွသြားခဲ့ေၾကာင္း သိသိရပါတယ္။

အိႏၵိယႏိုင္ငံအေနာက္ဘက္ေဒသ ခါဂ်ာဆိုတဲ့အရပ္က ေန႔ကေလးထိန္း မူႀကိဳတစ္ခုမွာ ဒီျဖစ္ရပ္ျဖစ္ပြားခဲ့တာပါ။ မိဘႏွစ္ဦးဟာ သူတို႔ရဲ႕ ကိုးလအ႐ြယ္ကေလးငယ္ကို ေန႔ကေလးထိန္းေက်ာင္း ပထမဆံုးပို႔ခဲ့တဲ့ ရက္မွာပဲ ဒီလိုထိတ္လန္႔စရာ ျဖစ္ရပ္ ႀကံဳခဲ့ၾကရတာျဖစ္ပါတယ္။ ေန႔ကေလးထိန္းေက်ာင္းက ကေလးငယ္ေတြကို ေစာင့္ေရွာက္ေပးသူ အမ်ိဳးသမီးဟာ ကိုးလအ႐ြယ္ ကေလးငယ္ေလးကို ျပင္းျပင္းထန္ထန္ ႐ိုက္ႏွက္ေနခဲ့တာ စီစီတီဗီကတဆင့္ ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။



ရစ္သီရွားလို႔ အမည္ရတဲ့ အဆိုပါကေလးငယ္ဟာ ပထမဆံုးေန႔ကေလးထိန္းေက်ာင္းသြားၿပီး မိဘေတြကလာေခၚတဲ့အခ်ိန္မွာ မ်က္လံုးေအာက္ဒဏ္ရာ ရေနခဲ့တာေတြ႔ရပါတယ္။ အဲဒီေနာက္ အိမ္ျပန္ေရာက္တဲ့အခါလည္း ဘာမွမစားေတာ့ပဲ ၿငိမ္ေနခဲ့တာကို ဖခင္ျဖစ္သူက သတိျပဳမိခဲ့တာပါ။ ဒါတင္မကပဲ ကေလးငယ္ရဲ႕အေနာက္ဘက္မွာလည္း ဒဏ္ရာအခ်ိဳ႕ ေတြ႔ခဲ့ရပါေသးတယ္။

ေနာက္တစ္ေန႔ေဆးခန္းသြားျပတဲ့အခါ ကေလးငယ္ဟာ ဦးေခါင္းခြံအေနာက္ဘက္ အတြင္းမွာက်ိဳးပဲ့တဲ့ ဒဏ္ရာရရွိေနတယ္ဆိုတာ မိဘႏွစ္ပါးသိလိုက္ရပါတယ္။ ဒါ့အျပင္ ဦးေခါင္းအတြင္ ေသြးယိုစိမ့္မႈကိုလည္းခံစားေနခဲ့ရတာပါ။

အခုေတာ့ ေန႔ကေလးထိန္းေက်ာင္းပိုင္ရွင္နဲ႔ ေစာင့္ေရွာက္ေပးသူ ႏွစ္ဦးကို ရဲတပ္ဖြဲ႔က ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

လသားအရွယ်ကလေးငယ်တစ်ဦးကို နေ့ကလေးထိန်း အမျိုးသမီးတစ်ဦးက ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့တဲ့ ဖြစ်ရပ်ကြောင့် ကလေးငယ်ဟာ ဦးခေါင်းခွံအနောက်ဘက် ဒဏ်ရာရရှသွားခဲ့ကြောင်း သိသိရပါတယ်။

အိန္ဒိယနိုင်ငံအနောက်ဘက်ဒေသ ခါဂျာဆိုတဲ့အရပ်က နေ့ကလေးထိန်း မူကြိုတစ်ခုမှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ မိဘနှစ်ဦးဟာ သူတို့ရဲ့ ကိုးလအရွယ်ကလေးငယ်ကို နေ့ကလေးထိန်းကျောင်း ပထမဆုံးပို့ခဲ့တဲ့ ရက်မှာပဲ ဒီလိုထိတ်လန့်စရာ ဖြစ်ရပ် ကြုံခဲ့ကြရတာဖြစ်ပါတယ်။ နေ့ကလေးထိန်းကျောင်းက ကလေးငယ်တွေကို စောင့်ရှောက်ပေးသူ အမျိုးသမီးဟာ ကိုးလအရွယ် ကလေးငယ်လေးကို ပြင်းပြင်းထန်ထန် ရိုက်နှက်နေခဲ့တာ စီစီတီဗီကတဆင့် တွေ့ရှိခဲ့တာဖြစ်ပါတယ်။


ရစ်သီရှားလို့ အမည်ရတဲ့ အဆိုပါကလေးငယ်ဟာ ပထမဆုံးနေ့ကလေးထိန်းကျောင်းသွားပြီး မိဘတွေကလာခေါ်တဲ့အချိန်မှာ မျက်လုံးအောက်ဒဏ်ရာ ရနေခဲ့တာတွေ့ရပါတယ်။ အဲဒီနောက် အိမ်ပြန်ရောက်တဲ့အခါလည်း ဘာမှမစားတော့ပဲ ငြိမ်နေခဲ့တာကို ဖခင်ဖြစ်သူက သတိပြုမိခဲ့တာပါ။ ဒါတင်မကပဲ ကလေးငယ်ရဲ့အနောက်ဘက်မှာလည်း ဒဏ်ရာအချို့ တွေ့ခဲ့ရပါသေးတယ်။

နောက်တစ်နေ့ဆေးခန်းသွားပြတဲ့အခါ ကလေးငယ်ဟာ ဦးခေါင်းခွံအနောက်ဘက် အတွင်းမှာကျိုးပဲ့တဲ့ ဒဏ်ရာရရှိနေတယ်ဆိုတာ မိဘနှစ်ပါးသိလိုက်ရပါတယ်။ ဒါ့အပြင် ဦးခေါင်းအတွင် သွေးယိုစိမ့်မှုကိုလည်းခံစားနေခဲ့ရတာပါ။

အခုတော့ နေ့ကလေးထိန်းကျောင်းပိုင်ရှင်နဲ့ စောင့်ရှောက်ပေးသူ နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top