Property Expo
×

အုန္းႏို႔ကို ဟင္းလ်ာေတြခ်က္ျပဳတ္တဲ့ ေနရာမွာ အသံုးျပဳတာမ်ားၾကပါတယ္။ အုန္းဆီကိုေတာ့ ဆံပင္မွာ လိမ္းေလ့ရွိၾကေပမယ့္ အုန္းႏိုု႔ကိုေတာ့ အသံုးျပဳတာ သိပ္မေတြ႕ရပါတယ္။ အုန္းႏို႔က အထူးသျဖင့္ ေျခာက္ေသြ႔တဲ့ ဆံသားေတြ၊ အဖ်ားႏွစ္ခြ ဒါမွမဟုတ္ ပ်က္စီးေနတဲ့ ဆံသားေတြအတြက္ ေကာင္းမြန္သင့္ေတာ္ပါတယ္။

အုန္းႏို႔ဆံပင္ေပါင္းေဆး ျပဳလုပ္ဖို႔က အလြယ္ဆံုးသဘာ၀ ေပါင္းတင္ေဆးပဲျဖစ္ပါတယ္။ အုန္႔ႏိုု႔ ခြက္တစ္၀က္ပဲ လိုအပ္တာေၾကာင့္ပါပဲ။

အုန္းႏို္႔ကို ေစ်းကြက္ထဲမွွာလည္း လြယ္လြယ္ကူကူ ၀ယ္ယူရရွိႏိုုင္တာေပမယ့္ အုန္းႏို႔စစ္စစ္ရဖို႔ကိုေတာ့ ဂရုစိုက္၀ယ္ယူသင့္ပါတယ္။ အုန္းႏို႔ကို ေရခဲေသတၱာထဲမွာ ထားမယ္ဆိုရင္ေတာ့ ခဲသြားမွာျဖစ္ၿပီး အျပင္မွာပဲ အခန္းတြင္းအပူခ်ိန္နဲ႔ ထားမယ္ဆိုရင္ေတာ့ အုန္းႏို႔အရည္ပံုစံနဲ႕ပဲ ရွိေနမွာျဖစ္ပါတယ္။

ဆံပင္အတြက္ ေပါင္းေဆးအျဖစ္ အသံုးျပဳမယ္ဆိုရင္ေတာ့ အခန္းတြင္းအပူခ်ိန္မွာပဲ ထားရွိသင့္ပါတယ္။

ခြက္ထဲမွာ အုန္းႏို႔ကိုထည္႔ ၿပီးရင္ေတာ့ ဘီးတစ္ေခ်ာင္းကို အုန္းႏိုု႔ခြက္ထဲမွာႏွစ္ၿပီး ေခါင္းဖီးခ်ႏိုင္ပါတယ္။ ဒီနည္းကေတာ့ အုန္းႏို႔ရည္ေတြ ကိုယ္ေပၚကို စီးက်လာေစႏိုင္တာမို႔  ေရျမဳပ္ ဒါမွမဟုတ္ ဂြမ္းစေလးကို အုန္းႏို႔ထဲႏွစ္ၿပီး ဆံပင္မွာ သုတ္လိမ္းႏိုင္ပါတယ္။ ဆံပင္အရင္းေတြနားကို ေရွာင္ၿပီး သုတ္လိမ္းေပးပါ။

ၿပီးရင္ေတာ့ တံဘက္နဲ႔ဆံပင္ကို ထုတ္သိမ္းေပါင္းထားၿပီး မိနစ္၃၀ ေလာက္ထားၿပီး ေပါင္းတင္ထားႏိုင္ပါတယ္။ ၿပီးရင္ ပံုမွန္အတိုင္းပဲ ေခါင္းေလွ်ာ္ခ်လိုက္ရင္ေတာ့ နဂိုဆံပင္သားထက္ ပိုမိုေပ်ာ့ေျပာင္းၿပီး ေခါင္းဖီးရ လြယ္ကူသြားတာကို ခံစားသိရွိႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thithtoolwin

Unicode Version

အုန်းနို့ကို ဟင်းလျာတွေချက်ပြုတ်တဲ့ နေရာမှာ အသုံးပြုတာများကြပါတယ်။ အုန်းဆီကိုတော့ ဆံပင်မှာ လိမ်းလေ့ရှိကြပေမယ့် အုန်းနိုု့ကိုတော့ အသုံးပြုတာ သိပ်မတွေ့ရပါတယ်။ အုန်းနို့က အထူးသဖြင့် ခြောက်သွေ့တဲ့ ဆံသားတွေ၊ အဖျားနှစ်ခွ ဒါမှမဟုတ် ပျက်စီးနေတဲ့ ဆံသားတွေအတွက် ကောင်းမွန်သင့်တော်ပါတယ်။

အုန်းနို့ဆံပင်ပေါင်းဆေး ပြုလုပ်ဖို့က အလွယ်ဆုံးသဘာ၀ ပေါင်းတင်ဆေးပဲဖြစ်ပါတယ်။ အုန့်နိုု့ ခွက်တစ်ဝက်ပဲ လိုအပ်တာကြောင့်ပါပဲ။

အုန်းနို့်ကို ဈေးကွက်ထဲမှှာလည်း လွယ်လွယ်ကူကူ ဝယ်ယူရရှိနိုုင်တာပေမယ့် အုန်းနို့စစ်စစ်ရဖို့ကိုတော့ ဂရုစိုက်ဝယ်ယူသင့်ပါတယ်။ အုန်းနို့ကို ရေခဲသေတ္တာထဲမှာ ထားမယ်ဆိုရင်တော့ ခဲသွားမှာဖြစ်ပြီး အပြင်မှာပဲ အခန်းတွင်းအပူချိန်နဲ့ ထားမယ်ဆိုရင်တော့ အုန်းနို့အရည်ပုံစံနဲ့ပဲ ရှိနေမှာဖြစ်ပါတယ်။

ဆံပင်အတွက် ပေါင်းဆေးအဖြစ် အသုံးပြုမယ်ဆိုရင်တော့ အခန်းတွင်းအပူချိန်မှာပဲ ထားရှိသင့်ပါတယ်။

ခွက်ထဲမှာ အုန်းနို့ကိုထည့် ပြီးရင်တော့ ဘီးတစ်ချောင်းကို အုန်းနိုု့ခွက်ထဲမှာနှစ်ပြီး ခေါင်းဖီးချနိုင်ပါတယ်။ ဒီနည်းကတော့ အုန်းနို့ရည်တွေ ကိုယ်ပေါ်ကို စီးကျလာစေနိုင်တာမို့  ရေမြုပ် ဒါမှမဟုတ် ဂွမ်းစလေးကို အုန်းနို့ထဲနှစ်ပြီး ဆံပင်မှာ သုတ်လိမ်းနိုင်ပါတယ်။ ဆံပင်အရင်းတွေနားကို ရှောင်ပြီး သုတ်လိမ်းပေးပါ။

ပြီးရင်တော့ တံဘက်နဲ့ဆံပင်ကို ထုတ်သိမ်းပေါင်းထားပြီး မိနစ်၃၀ လောက်ထားပြီး ပေါင်းတင်ထားနိုင်ပါတယ်။ ပြီးရင် ပုံမှန်အတိုင်းပဲ ခေါင်းလျှော်ချလိုက်ရင်တော့ နဂိုဆံပင်သားထက် ပိုမိုပျော့ပြောင်းပြီး ခေါင်းဖီးရ လွယ်ကူသွားတာကို ခံစားသိရှိနိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top