Property Expo
×

၁ - ပင္လယ္

ပင္လယ္ကမ္းေျခကို ခရီးထြက္တဲ့အခါ သူငယ္ခ်င္းေတြနဲ႔ သြားေလ့ရွိပါတယ္။ အသက္ ၂၀ ေက်ာ္မွာ တစ္ခါေလာက္ တစ္ေယာက္တည္း ေအးေအးေဆးေဆး သြားေနၾကည့္သင့္ပါတယ္။ သဘာဝနဲ႔ သင္နဲ႔ နီးကပ္မႈကို ခံစားရလာပါတယ္။

၂ - တစ္ကိုယ္တည္းေနျခင္း

တစ္ကိုယ္တည္းေနျခင္းကလည္း တစ္ေယာက္တည္းခရီးသြားတာလို အသက္ ၂၀ ေက်ာ္အရြယ္မွာ လုပ္ၾကည့္သင့္တဲ့အရာပါ။ မိသားစုနဲ႔ တစ္သက္လံုးေနခဲ့ရာကေန တစ္ကိုယ္တည္းေနလိုက္ျခင္းဟာ သင့္ကိုယ္သင္ အမွန္တိုင္းျမင္လာမွာပါ။ ေရွ႕ေလွ်ာက္ရမယ့္ဘဝခရီးမွာ အမ်ားၾကီး အေထာက္အကူျဖစ္ပါလိမ့္မယ္။

၃ - တစ္ေယာက္တည္းစား

အျပင္ဆုိင္ေကာင္းေကာင္းမွာ သြားစားရင္ တစ္ေယာက္ေယာက္ကို ေခၚသြားတတ္ပါတယ္။ အသက္ ၂၀ ေက်ာ္မွာ တစ္ေယာက္တည္း စားၾကည့္သင့္ပါတယ္။ တစ္ေယာက္တည္းျဖစ္တာေၾကာင့္ သက္ေသာင့္သက္သာ မရွိေပမဲ့ ပတ္ဝန္းက်င္ကို ကိုယ့္ဘက္က ပိုသတိထားမိလာတတ္ပါတယ္။ မိမိကိုယ္ကို ဗဟုိျပဳျခင္းထက္ ပတ္ဝန္းက်င္ကို အကဲခတ္တတ္လာပါတယ္။

၄- ခရီးထြက္ျခင္း

တစ္ေယာက္တည္းခရီးထြက္မယ္ဆို အသက္ ၂၀ ေက်ာ္ပိုင္းကာလေတြဟာ အေကာင္းဆံုးပါပဲ။ ရုပ္ပိုင္းဆုိင္ရာ အေကာင္းဆံုးအေျခအေနမွာရွိျပီး ရင့္က်က္မႈ၊ သင္ယူခ်င္မႈ၊ တက္ၾကြမႈ စတာေတြ ေပါင္းဆံုေနတဲ့ ကာလေတြပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

၁ - ပင်လယ်

ပင်လယ်ကမ်းခြေကို ခရီးထွက်တဲ့အခါ သူငယ်ချင်းတွေနဲ့ သွားလေ့ရှိပါတယ်။ အသက် ၂၀ ကျော်မှာ တစ်ခါလောက် တစ်ယောက်တည်း အေးအေးဆေးဆေး သွားနေကြည့်သင့်ပါတယ်။ သဘာဝနဲ့ သင်နဲ့ နီးကပ်မှုကို ခံစားရလာပါတယ်။

၂ - တစ်ကိုယ်တည်းနေခြင်း


တစ်ကိုယ်တည်းနေခြင်းကလည်း တစ်ယောက်တည်းခရီးသွားတာလို အသက် ၂၀ ကျော်အရွယ်မှာ လုပ်ကြည့်သင့်တဲ့အရာပါ။ မိသားစုနဲ့ တစ်သက်လုံးနေခဲ့ရာကနေ တစ်ကိုယ်တည်းနေလိုက်ခြင်းဟာ သင့်ကိုယ်သင် အမှန်တိုင်းမြင်လာမှာပါ။ ရှေ့လျှောက်ရမယ့်ဘဝခရီးမှာ အများကြီး အထောက်အကူဖြစ်ပါလိမ့်မယ်။

၃ - တစ်ယောက်တည်းစား



အပြင်ဆိုင်ကောင်းကောင်းမှာ သွားစားရင် တစ်ယောက်ယောက်ကို ခေါ်သွားတတ်ပါတယ်။ အသက် ၂၀ ကျော်မှာ တစ်ယောက်တည်း စားကြည့်သင့်ပါတယ်။ တစ်ယောက်တည်းဖြစ်တာကြောင့် သက်သောင့်သက်သာ မရှိပေမဲ့ ပတ်ဝန်းကျင်ကို ကိုယ့်ဘက်က ပိုသတိထားမိလာတတ်ပါတယ်။ မိမိကိုယ်ကို ဗဟိုပြုခြင်းထက် ပတ်ဝန်းကျင်ကို အကဲခတ်တတ်လာပါတယ်။

၄- ခရီးထွက်ခြင်း

တစ်ယောက်တည်းခရီးထွက်မယ်ဆို အသက် ၂၀ ကျော်ပိုင်းကာလတွေဟာ အကောင်းဆုံးပါပဲ။ ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံးအခြေအနေမှာရှိပြီး ရင့်ကျက်မှု၊ သင်ယူချင်မှု၊ တက်ကြွမှု စတာတွေ ပေါင်းဆုံနေတဲ့ ကာလတွေပဲ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top