Property Expo
×

ဖန္စီျဖစ္သည့္ ေပါ့ပါး ေသာ ဇာတ္႐ုပ္မ်ားျဖင့္သာမ ဟုတ္ဘဲ ၾကမ္းတမ္းေသာ ဇာတ္ ႐ုပ္မ်ားကိုလည္း သ႐ုပ္ေဆာင္ႏိုင္ သည့္ သ႐ုပ္ေဆာင္တစ္ဦးအျဖစ္ ပရိသတ္မ်ားအား ျမင္ေစလိုသည္ဟု သ႐ုပ္ေဆာင္ ေကာင္း ျပည့္က ေျပာသည္။

‘‘ကြၽန္ေတာ္ဇာတ္႐ုပ္ကို တစ္သမတ္တည္းမ႐ိုက္ကူးသြား ခ်င္ဘူး။ ၾကမ္းၾကမ္းတမ္းတမ္း လည္း ကြၽန္ေတာ္လုပ္ႏိုင္တယ္။ ေပတိေပစုတ္လည္း လုပ္ႏိုင္တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ခ်င္ တယ္။ ကြၽန္ေတာ္ဖန္စီလို ေပါ့ေပါ့ပါးပါးေလးေတြပဲ သ႐ုပ္ေဆာင္ၿပီး ဒါေလးနဲ႔ပဲ ၿပီးဆံုးသြားတာလည္း မျဖစ္ခ်င္ဘူး။ ဒါေလးပဲ လုပ္ႏိုင္ တယ္ဆိုတဲ့ အႏုပညာရွင္တစ္ ေယာက္မျဖစ္ခ်င္ဘူး’’ဟု ေကာင္း ျပည့္က ေျပာသည္။

ေကာင္းျပည့္သည္ မၾကာမီ ႐ုံတင္ေတာ့မည့္ ‘ႏွစ္ေယာက္တစ္ ဘ၀’႐ုပ္ရွင္တြင္ သူေဌးသားဇာတ္ ႐ုပ္ျဖင့္ ေတာရြာ၌ ေတာင္ယာအ လုပ္ႏွင့္ ေမြးျမဴေရးလုပ္ငန္းတို႔ကို ၾကမ္းၾကမ္းတမ္းတမ္းလုပ္ေဆာင္ ရာ၌ ႏြားေခ်းအစစ္ျဖင့္ ႐ိုက္ကူးခဲ့ရသည့္ဇာတ္၀င္ခန္းလည္း ပါ၀င္ခဲ့သည္။

‘‘ႏြားေခ်းဆိုတာ ကြၽန္ေတာ္ တို႔စားေသာက္ေနတဲ့ သစ္သီး၀လံ ေတြမွာ ေျမၾသဇာအျဖစ္ သံုးလို႔ရ တယ္ဆိုေပမယ့္ တကယ္တမ္း အဲဒီေနရာေရာက္ေတာ့လည္း မခံ ႏိုင္ဘူး။ ဒါေပမဲ့ ဒီကားမွာတကယ့္ အစစ္နဲ႔ ႐ိုက္ဖူးခဲ့တဲ့အတြက္ပိုၿပီး ပီျပင္သြားခဲ့တယ္။ ဦးခင္လိႈင္ဆို လည္း တကယ့္ႏြားေခ်းအစစ္ထဲ က်သြားၿပီး ကြၽန္ေတာ့္ပါးကို သုတ္ သြားတာ။ အဲဒီအတြက္ ကြၽန္ေတာ္တို႔ ဇာတ္႐ုပ္ကို ပိုၿပီးပီျပင္ေစ တယ္။ ဒီလိုမ်ဳိး အစစ္ေတြနဲ႔ ႐ိုက္ တာလည္း ပိုသေဘာက်တယ္’’ဟု ေကာင္းျပည့္က ေျပာသည္။

အဆိုပါဇာတ္လမ္းကဲ့သို႔ပင္ ‘ပ်ံက်ကူလီ’ဇာတ္ကားတြင္လည္း တစ္ကားလံုးကူလီအထမ္းသမား အျဖစ္    ၾကမ္းၾကမ္းတမ္းတမ္း ပါ၀င္သ႐ုပ္ေဆာင္ထားသည္ဟု ၎က ဆက္လက္ေျပာသည္။

လက္ရွိတြင္ သ႐ုပ္ေဆာင္ စိုးျပည့္သဇင္ႏွင့္အတူ ဒါ႐ိုက္တာ မီးပြား႐ိုက္ကူးမည့္ ဒရာမာဇာတ္ ကား၌ မင္းသားတစ္ဦးအေနျဖင့္ ပါ၀င္သ႐ုပ္ေဆာင္ရန္ရွိၿပီး ၎ပါ၀င္႐ုိက္ကူးထားသည့္ ႐ုပ္ရွင္ကားမ်ားအေနျဖင့္     ႐ုံတင္ရန္ ငါးကားခန္႔ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ဖန်စီဖြစ်သည့် ပေါ့ပါး သော ဇာတ်ရုပ်များဖြင့်သာမ ဟုတ်ဘဲ ကြမ်းတမ်းသော ဇာတ် ရုပ်များကိုလည်း သရုပ်ဆောင်နိုင် သည့် သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်များအား မြင်စေလိုသည်ဟု သရုပ်ဆောင် ကောင်း ပြည့်က ပြောသည်။

‘‘ကျွန်တော်ဇာတ်ရုပ်ကို တစ်သမတ်တည်းမရိုက်ကူးသွား ချင်ဘူး။ ကြမ်းကြမ်းတမ်းတမ်း လည်း ကျွန်တော်လုပ်နိုင်တယ်။ ပေတိပေစုတ်လည်း လုပ်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ချင် တယ်။ ကျွန်တော်ဖန်စီလို ပေါ့ပေါ့ပါးပါးလေးတွေပဲ သရုပ်ဆောင်ပြီး ဒါလေးနဲ့ပဲ ပြီးဆုံးသွားတာလည်း မဖြစ်ချင်ဘူး။ ဒါလေးပဲ လုပ်နိုင် တယ်ဆိုတဲ့ အနုပညာရှင်တစ် ယောက်မဖြစ်ချင်ဘူး’’ဟု ကောင်း ပြည့်က ပြောသည်။

ကောင်းပြည့်သည် မကြာမီ ရုံတင်တော့မည့် ‘နှစ်ယောက်တစ် ဘဝ’ရုပ်ရှင်တွင် သူဌေးသားဇာတ် ရုပ်ဖြင့် တောရွာ၌ တောင်ယာအ လုပ်နှင့် မွေးမြူရေးလုပ်ငန်းတို့ကို ကြမ်းကြမ်းတမ်းတမ်းလုပ်ဆောင် ရာ၌ နွားချေးအစစ်ဖြင့် ရိုက်ကူးခဲ့ရသည့်ဇာတ်ဝင်ခန်းလည်း ပါဝင်ခဲ့သည်။

‘‘နွားချေးဆိုတာ ကျွန်တော် တို့စားသောက်နေတဲ့ သစ်သီးဝလံ တွေမှာ မြေသြဇာအဖြစ် သုံးလို့ရ တယ်ဆိုပေမယ့် တကယ်တမ်း အဲဒီနေရာရောက်တော့လည်း မခံ နိုင်ဘူး။ ဒါပေမဲ့ ဒီကားမှာတကယ့် အစစ်နဲ့ ရိုက်ဖူးခဲ့တဲ့အတွက်ပိုပြီး ပီပြင်သွားခဲ့တယ်။ ဦးခင်လှိုင်ဆို လည်း တကယ့်နွားချေးအစစ်ထဲ ကျသွားပြီး ကျွန်တော့်ပါးကို သုတ် သွားတာ။ အဲဒီအတွက် ကျွန်တော်တို့ ဇာတ်ရုပ်ကို ပိုပြီးပီပြင်စေ တယ်။ ဒီလိုမျိုး အစစ်တွေနဲ့ ရိုက် တာလည်း ပိုသဘောကျတယ်’’ဟု ကောင်းပြည့်က ပြောသည်။

အဆိုပါဇာတ်လမ်းကဲ့သို့ပင် ‘ပျံကျကူလီ’ဇာတ်ကားတွင်လည်း တစ်ကားလုံးကူလီအထမ်းသမား အဖြစ်    ကြမ်းကြမ်းတမ်းတမ်း ပါဝင်သရုပ်ဆောင်ထားသည်ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် သရုပ်ဆောင် စိုးပြည့်သဇင်နှင့်အတူ ဒါရိုက်တာ မီးပွားရိုက်ကူးမည့် ဒရာမာဇာတ် ကား၌ မင်းသားတစ်ဦးအနေဖြင့် ပါဝင်သရုပ်ဆောင်ရန်ရှိပြီး ၎င်းပါဝင်ရိုက်ကူးထားသည့် ရုပ်ရှင်ကားများအနေဖြင့်     ရုံတင်ရန် ငါးကားခန့်ရှိကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily





 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top