Property Expo
×

ေဆာင္းဦးရာသီနဲ႔ ေဆာင္းရာသီဟာ ႏွာေခါင္းက်ိန္းစပ္မႈ သုိ႔မဟုတ္ ႏွာပိတ္တဲ့ေ၀ဒနာကို အခံစားၾကရဆံုးကာလ ျဖစ္ပါတယ္။ ႏွာေခါင္းပိတ္တာေတြ သုိ႔မဟုတ္ ႏွာေစးတာေတြ ေသခ်ာမကုသဘူးဆိုရင္ ပိုလို႕ေတာင္ ဆုိးရြားသြားႏုိင္ပါတယ္။ တကယ္ေတာ့ အျမန္သက္သာေစဖုိ႔အတြက္ ေဆးဝါးေတြေသာက္မယ့္အစား ေသခ်ာကုသမႈ အျမဲျပဳလုပ္တာ ပိုေကာင္းပါတယ္။ ဒီလိုဆိုရင္ စိုးရိမ္ရတဲ့ ႏွာပိတ္ေဝဒနာနဲ႔ တျခားျပသနာေတြ မျဖစ္ဘူးေပါ့။

ႏွာေခါင္းပိတ္၊ ႏွာမြန္းတာက အသက္ရွဴလမ္းေၾကာင္း ကူးစက္ေရာဂါ၊ ႏွာေခါင္းအလႊာျပန္႔ကားတာေၾကာင့္ ျဖစ္ႏုိင္ျပီး က်ိန္းစပ္တာက်ေတာ့ ညစ္ညမ္းေစတဲ့ပစၥည္းေတြ ေၾကာင့္ ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ ေဆးဝါးနဲ႔မကုသမီ ႏွာေခါင္းက်ိန္းစပ္မႈေဝဒနာ သက္သာေစမယ့္ သဘာဝပစၥည္းေတြ စမ္းလုပ္ၾကည့္တာ ပိုေကာင္းပါတယ္။ စားသုံးႏုိင္တဲ့ အစားအေသာက္/ အာဟာရေတြကေတာ့

ေရေႏြး

ပူေႏြးတဲ့ အရည္ေတြက ႏွာေခါင္းပိတ္ဆုိ႔မႈ ေလွ်ာ့နည္းေစရာမွာ အေထာက္အကူ ျဖစ္ေစတယ္၊ ေရဓာတ္ခန္းေျခာက္မႈမွ ကာကြယ္ေပးျပီး ႏွာေခါင္းနဲ႔ လည္ေခ်ာင္းက အလႊာေတြက်ိန္းစပ္မႈေဝဒနာ သက္သာေစပါတယ္။

စြပ္ျပဳတ္ပူပူေလး

ႏွာေခါင္းပိတ္ဆုိ႔မႈ ရွင္းလင္းဖုိ႔အတြက္ ၾကက္သားစြပ္ျပဳတ္နဲ႔ ဟင္းသီးဟင္းရြက္စြပ္ျပဳတ္ပူပူေလးေတြ သုံးေဆာင္ေပးပါ။

ဂ်င္း

ေလာေလာလတ္လတ္ျခစ္ထားတဲ့ ဂ်င္း လက္ဖက္ရည္ဇြန္း (၁) ဇြန္းကို ေရးေႏြးခြက္ထဲ ေပါင္းထည့္ျပီး ေသာက္ပါ။ ဒါမွမဟုတ္ ဂ်င္း၊ သံပုယုိသီး၊ ပ်ားရည္နဲ႔ လုပ္ထားတဲ့ တီးကိုလည္း ေသာက္ႏုိင္ပါတယ္။ ဒါက ႏွာေခါင္းကို ေသခ်ာေပါက္ ရွင္းလင္းေစပါလိမ့္မယ္။

ပန္းသီးရွာလကာရည္

သူက ႏွာရည္ေတြေလွ်ာ့နည္းေစျပီး ႏွာပိတ္ျခင္းကင္းေစကာ ႏွာေခါင္းပြင့္ေစပါတယ္။ ဘာအနံ႔အရသာမွ မရိွဘဲ ေသာက္ပါ။

ငရုတ္ေကာင္း

ဒါက ႏွာေခါင္းမြန္းက်ပ္၊ ႏွာပိတ္မႈ ကုသဖုိ႔ လြယ္ကူအသုံးတည့္တဲ့ နည္းလမ္းတစ္ခု ျဖစ္ပါတယ္။ ငရုတ္ေကာင္းမႈန္႔ကို ပ်ားရည္ဆတူေရာျပီး ေရေႏြးခြက္ထဲ ထည့္ပါ။ ႏွာပိတ္မႈအေျခအေန ျပန္ေကာင္းေစဖုိ႔  ေသာက္ေပးရပါမယ္။ 

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

ဆောင်းဦးရာသီနဲ့ ဆောင်းရာသီဟာ နှာခေါင်းကျိန်းစပ်မှု သို့မဟုတ် နှာပိတ်တဲ့ဝေဒနာကို အခံစားကြရဆုံးကာလ ဖြစ်ပါတယ်။ နှာခေါင်းပိတ်တာတွေ သို့မဟုတ် နှာစေးတာတွေ သေချာမကုသဘူးဆိုရင် ပိုလို့တောင် ဆိုးရွားသွားနိုင်ပါတယ်။ တကယ်တော့ အမြန်သက်သာစေဖို့အတွက် ဆေးဝါးတွေသောက်မယ့်အစား သေချာကုသမှု အမြဲပြုလုပ်တာ ပိုကောင်းပါတယ်။ ဒီလိုဆိုရင် စိုးရိမ်ရတဲ့ နှာပိတ်ဝေဒနာနဲ့ တခြားပြသနာတွေ မဖြစ်ဘူးပေါ့။

နှာခေါင်းပိတ်၊ နှာမွန်းတာက အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါ၊ နှာခေါင်းအလွှာပြန့်ကားတာကြောင့် ဖြစ်နိုင်ပြီး ကျိန်းစပ်တာကျတော့ ညစ်ညမ်းစေတဲ့ပစ္စည်းတွေ ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆေးဝါးနဲ့မကုသမီ နှာခေါင်းကျိန်းစပ်မှုဝေဒနာ သက်သာစေမယ့် သဘာဝပစ္စည်းတွေ စမ်းလုပ်ကြည့်တာ ပိုကောင်းပါတယ်။ စားသုံးနိုင်တဲ့ အစားအသောက်/ အာဟာရတွေကတော့

ရေနွေး

ပူနွေးတဲ့ အရည်တွေက နှာခေါင်းပိတ်ဆို့မှု လျှော့နည်းစေရာမှာ အထောက်အကူ ဖြစ်စေတယ်၊ ရေဓာတ်ခန်းခြောက်မှုမှ ကာကွယ်ပေးပြီး နှာခေါင်းနဲ့ လည်ချောင်းက အလွှာတွေကျိန်းစပ်မှုဝေဒနာ သက်သာစေပါတယ်။

စွပ်ပြုတ်ပူပူလေး

နှာခေါင်းပိတ်ဆို့မှု ရှင်းလင်းဖို့အတွက် ကြက်သားစွပ်ပြုတ်နဲ့ ဟင်းသီးဟင်းရွက်စွပ်ပြုတ်ပူပူလေးတွေ သုံးဆောင်ပေးပါ။

ဂျင်း

လောလောလတ်လတ်ခြစ်ထားတဲ့ ဂျင်း လက်ဖက်ရည်ဇွန်း (၁) ဇွန်းကို ရေးနွေးခွက်ထဲ ပေါင်းထည့်ပြီး သောက်ပါ။ ဒါမှမဟုတ် ဂျင်း၊ သံပုယိုသီး၊ ပျားရည်နဲ့ လုပ်ထားတဲ့ တီးကိုလည်း သောက်နိုင်ပါတယ်။ ဒါက နှာခေါင်းကို သေချာပေါက် ရှင်းလင်းစေပါလိမ့်မယ်။

ပန်းသီးရှာလကာရည်

သူက နှာရည်တွေလျှော့နည်းစေပြီး နှာပိတ်ခြင်းကင်းစေကာ နှာခေါင်းပွင့်စေပါတယ်။ ဘာအနံ့အရသာမှ မရှိဘဲ သောက်ပါ။

ငရုတ်ကောင်း

ဒါက နှာခေါင်းမွန်းကျပ်၊ နှာပိတ်မှု ကုသဖို့ လွယ်ကူအသုံးတည့်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ငရုတ်ကောင်းမှုန့်ကို ပျားရည်ဆတူရောပြီး ရေနွေးခွက်ထဲ ထည့်ပါ။ နှာပိတ်မှုအခြေအနေ ပြန်ကောင်းစေဖို့  သောက်ပေးရပါမယ်။ 

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top