Property Expo
×

 မုိးစပါးအသစ္ေပၚခ်ိန္ တြင္ ေစ်းႏႈန္းက်ဆင္းမႈမ်ားေလ်ာ့ နည္းေစရန္ အစုိးရကအေျခခံေစ်း ႏႈန္းျဖင့္ စပါး၀ယ္ယူရန္စီစဥ္ေန ေၾကာင္း ျမန္မာႏုိင္ငံဆန္စပါးအ သင္းခ်ဳပ္ဒုတိယဥကၠ႒ေဒါက္တာ စုိးထြန္းကေျပာသည္။

ေတာင္သူလယ္သမားအ က်ဳိးစီးပြားကာကြယ္ေရးႏွင့္ ျမႇင့္ တင္ေရးဥပေဒအရဖြဲ႕စည္းထား ေသာ ေကာ္မတီမ်ားမွ စီးပြားေရး ႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ ႀကီးဌာနႏွင့္ သက္ဆုိင္ရာျပည္ နယ္၊ တုိင္းေဒသႀကီးအစုိးရတုိ႔ ပူး ေပါင္း၍ စပါး၀ယ္ယူေပးေရးစီစဥ္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရွိရသည္။

ဖြဲ႕စည္းထားေသာ ေကာ္မ တီ၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္း ၀ယ္ေရး၀န္ႀကီးဌာနႏွင့္သက္ဆုိင္ ရာတုိင္းေဒသႀကီးႏွင့္ ျပည္နယ္အ စုိးရတုိ႔ ပူးေပါင္း၍ စပါး၀ယ္ယူ ရန္စီစဥ္ေဆာင္ရြက္မည္ဟု သိရသည္။ ‘‘ေတာင္သူေတြဆီက ေစ်း သတ္မွတ္ၿပီး စီးပြားကူးသန္း၀န္ ႀကီးဌာနက ၀ယ္ေပးဖုိ႔စဥ္းစားေန တာပါ’’ဟု ေဒါက္တာစုိးထြန္းက ေျပာသည္။ စီးပြားေရးႏွင့္ ကူးသန္း ေရာင္း၀ယ္ေရးျပည္ေထာင္စု၀န္ ႀကီးႏွင့္ ျမန္မာႏုိင္ငံဆန္စပါးအ သင္းခ်ဳပ္တုိ႔က ေအာက္တုိဘာ ၂၉ရက္တြင္ ရန္ကုန္စီးပြားကူး သန္း၀န္ႀကီး႐ုံး၌ ေတြ႕ဆုံေဆြးေႏြး ၿပီးေနာက္ အေျခခံေစ်းႏႈန္းသတ္ မွတ္၀ယ္ယူေရး ေဆာင္ရြက္ရန္စီစဥ္ခဲ့ျခင္းဟုသိရသည္။

အဆုိပါေတြ႕ဆုံပြဲတြင္ ဆန္ စပါးေစ်းကြက္အေျခအေန၊ ျပည္ ပတင္ပုိ႔မႈႏွင့္ စပါးေစ်းႏႈန္းက် ဆင္းမႈ ကိစၥတုိ႔ကို ေဆြးေႏြးခဲ့ ေၾကာင္း၊ ထုိ႔အျပင္ စပါးေပၚခ်ိန္ တြင္ ေစ်းႏႈန္းမ်ားစြာက်ဆင္းမႈမရွိ ရန္ ႀကိဳတင္နည္းလမ္းမ်ားရွာခဲ့ေၾကာင္း ျမန္မာႏုိင္ငံဆန္စပါး အသင္းခ်ဳပ္အေထြေထြအတြင္း ေရးမွဴး ဦးရဲမင္းေအာင္က ေျပာ သည္။

       အေျခခံေစ်းႏႈန္းျဖင့္ အစုိးရက ၀ယ္ယူရန္ စီစဥ္ရျခင္းသည္ ေတာင္သူလယ္သမားအက်ဳိးစီး ပြားကာကြယ္ေရးႏွင့္ျမႇင့္တင္ေရး ဥပေဒ၏ ေဖာ္ျပခ်က္ကို အေကာင္အထည္ေဖာ္ျခင္းျဖစ္သည္။ယခင္အစုိးရလက္ထက္ ၂၀၁၃ ေအာက္တုိဘာတြင္ ျပ႒ာန္းခဲ့သည့္ အဆုိပါဥပေဒတြင္ ေတာင္သူလယ္သမားအခြင့္အေရးကာကြယ္ႏုိင္ရန္ႏွင့္အက်ဳိးစီးပြားျမႇင့္တင္ႏုိင္ရန္အလို႔ငွာလယ္ယာထုတ္ကုန္မ်ားကုိ ၀ယ္ယူရန္ လိုအပ္လွ်င္ လယ္ယာထုတ္ကုန္စီမံခန္႔ခြဲေရးအဖြဲ႕က တင္ဒါစနစ္ အပါအ၀င္ အျခားသင့္ေလ်ာ္ေသာ နည္းလမ္းမ်ားျဖင့္ ၀ယ္ယူေရးကို စီစဥ္ေဆာင္ရြက္ရမည္ဟု ေဖာ္ျပထားသည္။

လယ္ယာထုတ္ကုန္မ်ားကို ၀ယ္ယူရာတြင္ လုိအပ္ေသာရန္ပုံ ေငြကိုျပည္ေထာင္စုဘ႑ာေငြမွ က်ခံသုံးစြဲႏုိင္ေရးအတြက္ ျပည္ ေထာင္စုအစုိးရအဖြဲ႕သုိ႔ တင္ျပခြင့္ ျပဳခ်က္ရယူရမည္။ ေကာက္ပဲသီး ႏွံအမ်ဳိးအစားႏွင့္ ၀ယ္ယူူမည့္အ စီအစဥ္ကုိလည္း ျပည္ေထာင္စု အစုိးရသုိ႔တင္ျပရမည္ဟု ေဖာ္ျပ ထားသည္။

လက္ရွိျပည္တြင္းေစ်းကြက္ တြင္ စပါးေစ်းသည္တင္းတစ္ရာ လွ်င္ က်ပ္ သုံးသိန္းခြဲခန္႔ရွိေနၿပီး ယခင္ႏွစ္ မုိးစပါးေပၚခ်ိန္ႏွင့္ ႏႈိင္း ယွဥ္ပါက ၃၀ ရာခုိင္ႏႈန္းခန္႔ေစ်း က်ဆင္းခဲ့သည္။ စပါးေစ်းႏႈန္းက် ဆင္းရျခင္းသည္ တ႐ုတ္ႏုိင္ငံကဆန္အ၀ယ္ေလ်ာ့နည္းျခင္းေၾကာင့္ျဖစ္ၿပီး ယခင္ဘ႑ာႏွစ္ မုိးစပါးေပၚခ်ိန္က တင္းတစ္ရာလွ်င္ က်ပ္ ငါးသိန္းခန္႔ရွိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 မိုးစပါးအသစ်ပေါ်ချိန် တွင် ဈေးနှုန်းကျဆင်းမှုများလျော့ နည်းစေရန် အစိုးရကအခြေခံဈေး နှုန်းဖြင့် စပါးဝယ်ယူရန်စီစဉ်နေ ကြောင်း မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်ဒုတိယဥက္ကဋ္ဌဒေါက်တာ စိုးထွန်းကပြောသည်။

တောင်သူလယ်သမားအ ကျိုးစီးပွားကာကွယ်ရေးနှင့် မြှင့် တင်ရေးဥပဒေအရဖွဲ့စည်းထား သော ကော်မတီများမှ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနနှင့် သက်ဆိုင်ရာပြည် နယ်၊ တိုင်းဒေသကြီးအစိုးရတို့ ပူး ပေါင်း၍ စပါးဝယ်ယူပေးရေးစီစဉ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

ဖွဲ့စည်းထားသော ကော်မ တီ၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနနှင့်သက်ဆိုင် ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အ စိုးရတို့ ပူးပေါင်း၍ စပါးဝယ်ယူ ရန်စီစဉ်ဆောင်ရွက်မည်ဟု သိရသည်။ ‘‘တောင်သူတွေဆီက ဈေး သတ်မှတ်ပြီး စီးပွားကူးသန်းဝန် ကြီးဌာနက ဝယ်ပေးဖို့စဉ်းစားနေ တာပါ’’ဟု ဒေါက်တာစိုးထွန်းက ပြောသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးပြည်ထောင်စုဝန် ကြီးနှင့် မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်တို့က အောက်တိုဘာ ၂၉ရက်တွင် ရန်ကုန်စီးပွားကူး သန်းဝန်ကြီးရုံး၌ တွေ့ဆုံဆွေးနွေး ပြီးနောက် အခြေခံဈေးနှုန်းသတ် မှတ်ဝယ်ယူရေး ဆောင်ရွက်ရန်စီစဉ်ခဲ့ခြင်းဟုသိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဆန် စပါးဈေးကွက်အခြေအနေ၊ ပြည် ပတင်ပို့မှုနှင့် စပါးဈေးနှုန်းကျ ဆင်းမှု ကိစ္စတို့ကို ဆွေးနွေးခဲ့ ကြောင်း၊ ထို့အပြင် စပါးပေါ်ချိန် တွင် ဈေးနှုန်းများစွာကျဆင်းမှုမရှိ ရန် ကြိုတင်နည်းလမ်းများရှာခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အထွေထွေအတွင်း ရေးမှူး ဦးရဲမင်းအောင်က ပြော သည်။

       အခြေခံဈေးနှုန်းဖြင့် အစိုးရက ဝယ်ယူရန် စီစဉ်ရခြင်းသည် တောင်သူလယ်သမားအကျိုးစီး ပွားကာကွယ်ရေးနှင့်မြှင့်တင်ရေး ဥပဒေ၏ ဖော်ပြချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။ယခင်အစိုးရလက်ထက် ၂၀၁၃ အောက်တိုဘာတွင် ပြဋ္ဌာန်းခဲ့သည့် အဆိုပါဥပဒေတွင် တောင်သူလယ်သမားအခွင့်အရေးကာကွယ်နိုင်ရန်နှင့်အကျိုးစီးပွားမြှင့်တင်နိုင်ရန်အလို့ငှာလယ်ယာထုတ်ကုန်များကို ဝယ်ယူရန် လိုအပ်လျှင် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့က တင်ဒါစနစ် အပါအဝင် အခြားသင့်လျော်သော နည်းလမ်းများဖြင့် ဝယ်ယူရေးကို စီစဉ်ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။

လယ်ယာထုတ်ကုန်များကို ဝယ်ယူရာတွင် လိုအပ်သောရန်ပုံ ငွေကိုပြည်ထောင်စုဘဏ္ဍာငွေမှ ကျခံသုံးစွဲနိုင်ရေးအတွက် ပြည် ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခွင့် ပြုချက်ရယူရမည်။ ကောက်ပဲသီး နှံအမျိုးအစားနှင့် ဝယ်ယူူမည့်အ စီအစဉ်ကိုလည်း ပြည်ထောင်စု အစိုးရသို့တင်ပြရမည်ဟု ဖော်ပြ ထားသည်။

လက်ရှိပြည်တွင်းဈေးကွက် တွင် စပါးဈေးသည်တင်းတစ်ရာ လျှင် ကျပ် သုံးသိန်းခွဲခန့်ရှိနေပြီး ယခင်နှစ် မိုးစပါးပေါ်ချိန်နှင့် နှိုင်း ယှဉ်ပါက ၃၀ ရာခိုင်နှုန်းခန့်ဈေး ကျဆင်းခဲ့သည်။ စပါးဈေးနှုန်းကျ ဆင်းရခြင်းသည် တရုတ်နိုင်ငံကဆန်အဝယ်လျော့နည်းခြင်းကြောင့်ဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် မိုးစပါးပေါ်ချိန်က တင်းတစ်ရာလျှင် ကျပ် ငါးသိန်းခန့်ရှိခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top