Kantharyar Centre
×
Kantharyar Centre
Unicode Version
Besto အိမ်ခြံမြေအရောင်းပြခန်းအသစ် ဖွင့်လှစ်ခြင်း အခမ်းအနားတစ်ရပ်ကို နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီတွင် Besto Co., Ltd. ၏ ရုံးခန်းနေရာဖြစ်သော အမှတ်၄၈/၅၀၊ ခိုင်ရွှေဝါလမ်း၊ ကမာရွတ်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ဒါရိုက်တာဦးဇော်မြင့်ဦးမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး
Besto အိမ်ခြံမြေအရောင်းပြခန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် နှင့်ပတ်သက်၍ အောက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့သည်။
Kantharyar Centre
ရန်ကုန်မြို့ဧ။် အိမ် ခြံ မြေ အခန်း ကဏ္ဍ မှာ အစိတ်အပိုင်း တစ်ခုအနေနဲ့ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြီးဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်။ Developer တချို့နဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဆောက်လုပ်ပြီးသား တိုက်ခန်း၊ကွန်ဒိုတွေကို Installment နဲ့ ရောင်းချပေးနိုင်ဖို့ အကျိုးဆောင်ပေးတဲ့ ဝန်ဆောင်မှုပါ။ Installment နဲ့ ရောင်းပေးတာမို့လို့ လာဝယ်တဲ့သူတွေဘက်ကလည်း ငွေတစ်ခါတည်း ပေးချေစရာမလိုတဲ့အတွက် ဝန်ထုပ်ဝန်ပိုး အများကြီး လျော့သွားစေပါတယ်။
ဆက်လက်ပြီး ဦးဇော်မြင့်ဦး၏ လက်ရှိအိမ်ခြံမြေနဲ့ ပတ်သတ်တဲ့ အမြင်ကို မေးမြန်းကြည့်ရာ "အိမ်ခြံမြေ လောကမှာ အဓိက ကတော့တိုင်းပြည်အေးချမ်းဖို့လည်း လိုပါတယ်။ တစ်နည်းပြောရရင် နိုင်ငံရေး တည်ငြိမ်ဖို့လိုပါတယ်။ တိုင်းပြည်မငြိမ်သက်တဲ့အတွက် အိမ်ခြံမြေတွေကလည်း ထင်သလောက် အရောင်းမသွက်ဘူးဖြစ်နေတယ်။ တိုင်းပြည်အေးချမ်းမှ စီးပွားရေး လုပ်ငန်းအသီးသီးဟာ အဆင်ပြေမှာပါ။ နောက်ပြီး ဘဏ်တွေကလည်း ပြည်သူတွေကို အိမ်ခြံမြေတွေ ဝယ်ယူနိုင်ဖို့ ချေးငွေစီစဉ်ပေးဖို့ လိုပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက်လည်း အရင်းအနှီးထုတ်ပေးမဲ့ အစီအစဉ်တွေ အကောင်အထည်ဖော်ဖြစ်မယ်ဆိုရင်တော့ ကျွန်တော်တို့လို အိမ်ခြံမြေ လုပ်ငန်းလုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေ အောင်မြင်ဖို့အများကြီးရှိပါတယ်။" ဟု ပြောကြားသွားပါသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top