Property Expo
×
Credit:Thit Htoo Lwin
#Unicode Version
သြဂုတ်လအတွင်းကပဲ မင်းသမီး Bella Thorne ဟာ သူမရဲ့ ပရိသတ်တွေကို “သူမဟာ bisexual (လိင်နှစ်မျိုးနှစ်သက်သူ) ဖြစ်တယ်လို့ အတိအလင်းကြေညာခဲ့ပြီးတဲ့နောက်မှာတော့ Maxim အင်တာဗျူးမှာလည်း သူမရဲ့ လိင်အကြောင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောကြားသွားခဲ့ပါတယ်။
သူမအခုလို တွစ်တာစာမျက်နှာမှာ လိင်နှစ်မျိုးနှစ်သက်တယ်ဆိုတာကို ပြောကြားခဲ့မှုနဲ့ ပတ်သက်ပြီး Bella Thorne က “ကျွန်မက ဒါကိုတောင် သိပ်မစဉ်းစားမိတော့ပါဘူး။ တွစ်တာမှာ ဖန်တစ်ယောက်က မေးတယ်။ ဒီလိုပြောလိုက်တာက ပွင့်လင်းရာမကျလွန်းဘူးလားလို့ပေါ့။ ကျွန်မကတော့ Yeah လို့ပဲ ပြန်ဖြေလိုက်တယ်” လို့ Bella Thorne က အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
သူမအခုလို ပြောကြားလိုက်တာဟာ သရုပ်ဆောင်ပိုင်းရပ်တည်မှုမှာ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်လိုက်ရတယ်လို့လည်း ဝန်ခံလိုက်ပါတယ်။ “ကျွန်မအလုပ်အတွက်တော့ အရမ်းကိုအခက်အခဲတွေတွေ့စေခဲ့တယ်။ ကျွန်မကို အရေးမပါတဲ့ မကောင်းကြောင်းတွေ လောက်ပဲ ပြောတတ်တဲ့ လူတွေနဲ့ တွေ့ခဲ့ပြီးပါပြီ။ ဒီလို လာပြောတတ်တဲ့သူတွေကလည်း ပရိသတ်တောင် မဟုတ်ပါဘူး။ ဒီလောကထဲကလူတွေပါပဲ” လို့ Bella Thorne က ဖြေကြားခဲ့ပါတယ်။
အဲ့နောက်မှာတော့ သူမမှာ celebrity တွေထဲက ကြိတ် crush နေရတဲ့သူနှစ်ယောက်ရှိတယ်လို့လည်း ဖြေကြားခဲ့ပါတယ်။ “ကျွန်မကတော့ Demi Lovato ကို ချစ်တယ်။ crush နေတာ ကြာပြီပေ့ါ။ သူမက အရမ်းကို ဆွဲဆောင်မှုရှိပြီး လှပလွန်းတယ်။ မိုင်လီဆိုင်းရပ်စ်လေးကိုလည်း crush ပါတယ်။ ဒါပေမယ့်လည်း Demi က ပိုဟော့တယ်။ မီးလိုမျိုးပေါ့”လို့ ဖြေကြားခဲ့တာပါ။
Bella+Demi? ဘာတွေဆက်ဖြစ်နိုင်လဲ ???
ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top