Property Expo
×

ဟိုးနွစ္ေပါင္းမ်ားစြာကတည္းက အေယာင္က်ဖုိ႕နဲ႔ အကိုက္အခဲ ေလွ်ာ့နည္းသက္သာဖုိ႔အတြက္ salicylic acid ကို လူေတြ အသုံးျပဳခဲ့ၾကပါတယ္။ ဒါဟာ ႏွလုံးေရာဂါနဲ႔ ေသြးခဲမႈေတြကိုလည္း ထိေရာက္စြာ ကာကြယ္ေပးႏုိင္ပါတယ္။Salicylic acid ဆုိတာ တကယ္ေတာ့ aspirin မွာ အဓိက ပါဝင္ပစၥည္းျဖစ္ပါတယ္။ ဒါေၾကာင့္ aspirin ကို ကုိယ္နဲ႔မကြာ အျမဲေဆာင္ထားဖုိ႔ အၾကံျပဳထားတာပါ။

ဒီေဆးဝါးမွာ မိမိမသိဖူး၊ မၾကားဖူးေသးတဲ့ အျခားအံ့မခန္းဖြယ္ အသုံးျပဳနည္းမႈေတြ ရိွပါတယ္။

၁။ အသားအေရ ႏုပ်ဳိေစ

Aspirin မွာပါတဲ့ salicylic acid က အသားအေရကို မယုံႏုိင္စရာေကာင္းေလာက္ေအာင္ ၾကည္လင္ေတာက္ေျပာင္ေစႏုိင္ပါတယ္။ အေရျပားဆဲလ္ေသေတြနဲ႔ အဆီပိုေတြ ရွင္းထုတ္ေပးႏုိင္တာေၾကာင့္ နီျမန္းျခင္း၊ ေဖာေယာင္မႈနဲ႔ ဝက္ျခံေတြ ေလွ်ာ့က်ေစပါလိမ့္မယ္။ Aspirin (၅) လုံး ၾကိတ္ေျချပီး ပ်ားရည္ လက္ဖက္ရည္ဇြန္း (၁) ဇြန္းနဲ႔ ေရခြက္ ၄ပုံ ၁ပုံနဲ႔ ေရာစပ္ေပးရမွာပါ။ ဇြန္းနဲ႔ေသခ်ာေရာေမႊျပီး မ်က္ႏွာအသားအေရ လိမ္းေပးပါ။ ၁၀ မိနစ္ထားျပီး မ်က္ႏွာကုိ ေရေႏြးနဲ႔ သစ္ေပးပါ။

၂။ ပန္းေတြ ပိုမိုၾကာရွည္ခံေစ

လတ္လတ္ဆတ္ဆတ္ခူးထားတဲ့ ပန္းေတြ ခဏခ်င္း ႏြမ္းေျခာက္တတ္ပါတယ္။ ဒါေပမယ့္ ပန္းအုိးေရထဲ aspirin အမႈန္႔ေလးထည့္ေပးတာက ပန္းေတြကို ပိုမိုၾကာရွည္ခံေစပါလိမ့္မယ္။

၃။ အဝတ္အစား အစြန္းအထင္းေတြ ဖယ္ရွားေပး

ဒါက ရုိးစင္းေပမယ့္ အလြန္ထိေရာက္တဲ့ နည္းတစ္ခုပါပဲ။ လုပ္ရတာလည္း အင္မတန္ရုိးစင္းလြယ္ကူပါတယ္။ Aspirin ႏွစ္လုံးခန္႔ ၾကိတ္ေျချပီး အဲဒီအမႈန္႔ကို တစ္ဝက္ေလာက္ရိွတဲ့ ခြက္တစ္ဝက္ခန္႔ရိွ ေရေႏြးေႏြးေလးထဲ ေရာထည့္ပါ။ အဝတ္အစားရဲ႕ စြန္းထင္းတဲ့ေနရာကို ၂-၃ နာရီၾကာ စိမ္ေပးရပါမယ္။

၄။ အသားမာေတြ ကုသေပးႏုိင္

ေျခေထာက္ေပၚက အသားမာေတြေပ်ာက္ေအာင္ aspirin နဲ႔ ကုသႏုိင္ပါတယ္။ Aspirin ၅ လုံး အမႈန္႔ၾကိတ္၊ ေရ လက္ဖက္ေရဇြန္း တစ္ဝက္နဲ႔ သံပုယိုရည္ ေပါင္းထည့္ရမွာပါ။ ေသခ်ာေရာစပ္ျပီး အသားမာေပၚ လိမ္းေပးပါ။ ျပီးေတာ့ ေျခေထာက္ကို ပုဝါေႏြးေႏြးေလးနဲ႔ စည္းထားျပီး အေပၚကေန ပလတ္စတစ္နဲ႔ အုပ္ေပးပါ။ ၁၀ မိနစ္ခန္႔ ထားျပီးေနာက္ ျပန္ျဖည္ရပါမယ္။ ရလဒ္ေတြက အံ့ၾသဘနန္းျဖစ္ေစပါလိမ့္မယ္။

၅။ အဆိပ္ဆူးသင့္၊ ပ်ားတုပ္ျခင္းနဲ႔ အင္းဆက္အေကာင္ ကုိက္ရာေတြ လိမ္းေပးႏုိင္

အင္းဆက္ပိုးကုိက္ရာ သုိ႔မဟုတ္ ပ်ားတုပ္ဒဏ္ရာေတြေပၚ aspirin ပြတ္လိမ္းေပးတာက ေယာင္ရမ္းနာက်င္မႈနဲ႔ ယားယံမႈ သက္သာေစႏုိင္ပါတယ္။ ဒါေပမယ့္ ပ်ားတုပ္ allergic ျဖစ္တတ္ပါက ေဆးကုသမႈခ်က္ခ်င္းခံယူသင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:drmyanmar

Unicode Version

ဟိုးနှစ်ပေါင်းများစွာကတည်းက အယောင်ကျဖို့နဲ့ အကိုက်အခဲ လျှော့နည်းသက်သာဖို့အတွက် salicylic acid ကို လူတွေ အသုံးပြုခဲ့ကြပါတယ်။ ဒါဟာ နှလုံးရောဂါနဲ့ သွေးခဲမှုတွေကိုလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။Salicylic acid ဆိုတာ တကယ်တော့ aspirin မှာ အဓိက ပါဝင်ပစ္စည်းဖြစ်ပါတယ်။ ဒါကြောင့် aspirin ကို ကိုယ်နဲ့မကွာ အမြဲဆောင်ထားဖို့ အကြံပြုထားတာပါ။

ဒီဆေးဝါးမှာ မိမိမသိဖူး၊ မကြားဖူးသေးတဲ့ အခြားအံ့မခန်းဖွယ် အသုံးပြုနည်းမှုတွေ ရှိပါတယ်။

၁။ အသားအရေ နုပျိုစေ

Aspirin မှာပါတဲ့ salicylic acid က အသားအရေကို မယုံနိုင်စရာကောင်းလောက်အောင် ကြည်လင်တောက်ပြောင်စေနိုင်ပါတယ်။ အရေပြားဆဲလ်သေတွေနဲ့ အဆီပိုတွေ ရှင်းထုတ်ပေးနိုင်တာကြောင့် နီမြန်းခြင်း၊ ဖောယောင်မှုနဲ့ ဝက်ခြံတွေ လျှော့ကျစေပါလိမ့်မယ်။ Aspirin (၅) လုံး ကြိတ်ခြေပြီး ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းနဲ့ ရေခွက် ၄ပုံ ၁ပုံနဲ့ ရောစပ်ပေးရမှာပါ။ ဇွန်းနဲ့သေချာရောမွှေပြီး မျက်နှာအသားအရေ လိမ်းပေးပါ။ ၁၀ မိနစ်ထားပြီး မျက်နှာကို ရေနွေးနဲ့ သစ်ပေးပါ။

၂။ ပန်းတွေ ပိုမိုကြာရှည်ခံစေ

လတ်လတ်ဆတ်ဆတ်ခူးထားတဲ့ ပန်းတွေ ခဏချင်း နွမ်းခြောက်တတ်ပါတယ်။ ဒါပေမယ့် ပန်းအိုးရေထဲ aspirin အမှုန့်လေးထည့်ပေးတာက ပန်းတွေကို ပိုမိုကြာရှည်ခံစေပါလိမ့်မယ်။

၃။ အဝတ်အစား အစွန်းအထင်းတွေ ဖယ်ရှားပေး

ဒါက ရိုးစင်းပေမယ့် အလွန်ထိရောက်တဲ့ နည်းတစ်ခုပါပဲ။ လုပ်ရတာလည်း အင်မတန်ရိုးစင်းလွယ်ကူပါတယ်။ Aspirin နှစ်လုံးခန့် ကြိတ်ခြေပြီး အဲဒီအမှုန့်ကို တစ်ဝက်လောက်ရှိတဲ့ ခွက်တစ်ဝက်ခန့်ရှိ ရေနွေးနွေးလေးထဲ ရောထည့်ပါ။ အဝတ်အစားရဲ့ စွန်းထင်းတဲ့နေရာကို ၂-၃ နာရီကြာ စိမ်ပေးရပါမယ်။

၄။ အသားမာတွေ ကုသပေးနိုင်

ခြေထောက်ပေါ်က အသားမာတွေပျောက်အောင် aspirin နဲ့ ကုသနိုင်ပါတယ်။ Aspirin ၅ လုံး အမှုန့်ကြိတ်၊ ရေ လက်ဖက်ရေဇွန်း တစ်ဝက်နဲ့ သံပုယိုရည် ပေါင်းထည့်ရမှာပါ။ သေချာရောစပ်ပြီး အသားမာပေါ် လိမ်းပေးပါ။ ပြီးတော့ ခြေထောက်ကို ပုဝါနွေးနွေးလေးနဲ့ စည်းထားပြီး အပေါ်ကနေ ပလတ်စတစ်နဲ့ အုပ်ပေးပါ။ ၁၀ မိနစ်ခန့် ထားပြီးနောက် ပြန်ဖြည်ရပါမယ်။ ရလဒ်တွေက အံ့သြဘနန်းဖြစ်စေပါလိမ့်မယ်။

၅။ အဆိပ်ဆူးသင့်၊ ပျားတုပ်ခြင်းနဲ့ အင်းဆက်အကောင် ကိုက်ရာတွေ လိမ်းပေးနိုင်

အင်းဆက်ပိုးကိုက်ရာ သို့မဟုတ် ပျားတုပ်ဒဏ်ရာတွေပေါ် aspirin ပွတ်လိမ်းပေးတာက ယောင်ရမ်းနာကျင်မှုနဲ့ ယားယံမှု သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် ပျားတုပ် allergic ဖြစ်တတ်ပါက ဆေးကုသမှုချက်ချင်းခံယူသင့်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:drmyanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top