Property Expo
×

Apple မွ သူ႔ရဲ႕ iOS 9 feature သစ္ေတြ မိတ္ဆက္ျပသတုန္းက တခ်ဳိ႕အခ်က္အလက္ေတြကို ထိန္ခ်န္ထားခဲ့ပါတယ္။ ဒါ အခ်ိန္ ကန္႔သတ္ခ်က္ေတြေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။ အခု iOS 9 တကယ္ထြက္ရိွလာေတာ့ ယင္း ေဆာ့ဖ္ဝဲလ္မွာ ရရိွႏုိင္သမွ်ကို ကြ်ႏု္ပ္တုိ႔ သိခ်င္ၾကပါတယ္။ ဘက္ထရီဘယ္ေလာက္ၾကာၾကာပုိခံသလဲ၊ caller ID နဲ႔ ပတ္သက္တဲ့အရာေတြ စသျဖင့္ေပါ့။ အရင္ဆုံး iOS 9 ကုိ ေဒါင္းလုဒ္ဆြဲရတာ တန္ေအာင္ အသစ္ ထပ္တုိးထားတာေလးေတြကို အရင္စစ္ေဆးၾကည့္ပါ။

အကၡရာ အေသးနဲ႔ ကီးဘုတ္ (Lowercase keyboard)

အခုေတာ့ ကီးဘုတ္ကို အေပၚနဲ႔ေအာက္ၾကား ေရွ႕တုိးေနာက္ဆုတ္ သုံးႏုိင္ပါျပီ။ စာလုံးေတြ အျမဲ မွားႏွိပ္တတ္သူေတြအတြက္ ဝမ္းသာစရာပါပဲ။

Settings မွာ Search ပါဝင္လာျခင္း (Search in Settings)

သြားခ်င္တဲ့ setting ဆီ တန္းေရာက္ခ်င္သလား။ settings app ကို ဖြင့္ျပီး စာလုံးတစ္ခုခု ရုိက္ထည့္ႏုိင္ပါတယ္။

Proactive Search

ဘယ္ဘက္သုိ႔ ဆြဲပြတ္ပါ။ proactive search အသစ္ရလာပါလိမ့္မယ္။ သုိ႔ေသာ္ ပုံမွန္ search bar ေခၚဖုိ႔ ေအာက္ကိုလည္း ဆြဲခ်ႏုိင္ပါေသးတယ္။ ဒီ proactive search က မိမိၾကဳိက္ႏွစ္သက္ရာ contact နဲ႔ app မ်ားထြက္လာေစမယ့္ feature သစ္တစ္ခုပါ။ သင့္ iPhone ကို အသုံးျပဳရ ပုိမိုသြက္လက္လြယ္ကူေစဖုိ႔ ျဖစ္ပါတယ္။

Note မ်ားကို folder ျပန္ခဲြႏုိင္ျခင္း (Folders in Notes)

Notes ထဲရိွ ေနာက္ဆုံး feature ေတြထဲက တစ္ခုမွာ မတူတဲ့ note မ်ား အမ်ဳိးအစားမ်ား folder ျပန္ခြဲႏုိင္ပါတယ္။

Message မွာ contact photos ထည့္သြင္းျခင္း (Contact photos in Messages)

အရင္က iPhone 6 Plus မွာ သာ ရႏုိင္ပါတယ္။ ေနာက္ပုိင္း ယင္း contact photo bubble ေလးေတြ iPhone အားလုံးမွာ ရရိွႏုိင္မွာျဖစ္ျပီး SMS ေပးပို႔ျခင္း ပုိမုိလြယ္ကူေစပါလိမ့္မယ္။

Font အသစ္ (New font)

Helvetica Neue font ကို မသုံးေတာ့ဘူးဆုိတဲ့ သေဘာတူညီခ်က္ မလုပ္ခဲ့ေပမယ့္ ခလုတ္ေတြအားလုံး San Francisco font သစ္ကို အသုံးျပဳထားပါတယ္။

အရင္စက္ေဟာင္းမ်ားနဲ႔လည္း အသုံးျပဳႏုိင္ျခင္း (Compatibility with older devices)

အရင္စက္ေဟာင္းမ်ားနဲ႔ပဲ ေက်နပ္တင္းတိမ္ေနတဲ့ Apple ထုတ္ကုန္ အသုံးျပဳသူ ဘယ္သူမဆုိ ဖုန္း ေလးလံေႏွးေကြးသြားမွာ သုိ႔မဟုတ္ ဗားရွင္းသစ္ upgrade မျဖစ္မေန လုပ္ေနရမွာ စိုးရိမ္စရာမရိွဘဲ iOS 9 ကို ေဒါင္းလုဒ္ဆြဲႏုိင္မွာျဖစ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
Apple မှ သူ့ရဲ့ iOS 9 feature သစ်တွေ မိတ်ဆက်ပြသတုန်းက တချို့အချက်အလက်တွေကို ထိန်ချန်ထားခဲ့ပါတယ်။ ဒါ အချိန် ကန့်သတ်ချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခု iOS 9 တကယ်ထွက်ရှိလာတော့ ယင်း ဆော့ဖ်ဝဲလ်မှာ ရရှိနိုင်သမျှကို ကျွနု်ပ်တို့ သိချင်ကြပါတယ်။ ဘက်ထရီဘယ်လောက်ကြာကြာပိုခံသလဲ၊ caller ID နဲ့ ပတ်သက်တဲ့အရာတွေ စသဖြင့်ပေါ့။ အရင်ဆုံး iOS 9 ကို ဒေါင်းလုဒ်ဆွဲရတာ တန်အောင် အသစ် ထပ်တိုးထားတာလေးတွေကို အရင်စစ်ဆေးကြည့်ပါ။

အက္ခရာ အသေးနဲ့ ကီးဘုတ် (Lowercase keyboard)

အခုတော့ ကီးဘုတ်ကို အပေါ်နဲ့အောက်ကြား ရှေ့တိုးနောက်ဆုတ် သုံးနိုင်ပါပြီ။ စာလုံးတွေ အမြဲ မှားနှိပ်တတ်သူတွေအတွက် ဝမ်းသာစရာပါပဲ။

Settings မှာ Search ပါဝင်လာခြင်း (Search in Settings)

သွားချင်တဲ့ setting ဆီ တန်းရောက်ချင်သလား။ settings app ကို ဖွင့်ပြီး စာလုံးတစ်ခုခု ရိုက်ထည့်နိုင်ပါတယ်။

Proactive Search

ဘယ်ဘက်သို့ ဆွဲပွတ်ပါ။ proactive search အသစ်ရလာပါလိမ့်မယ်။ သို့သော် ပုံမှန် search bar ခေါ်ဖို့ အောက်ကိုလည်း ဆွဲချနိုင်ပါသေးတယ်။ ဒီ proactive search က မိမိကြိုက်နှစ်သက်ရာ contact နဲ့ app များထွက်လာစေမယ့် feature သစ်တစ်ခုပါ။ သင့် iPhone ကို အသုံးပြုရ ပိုမိုသွက်လက်လွယ်ကူစေဖို့ ဖြစ်ပါတယ်။

Note များကို folder ပြန်ခွဲနိုင်ခြင်း (Folders in Notes)

Notes ထဲရှိ နောက်ဆုံး feature တွေထဲက တစ်ခုမှာ မတူတဲ့ note များ အမျိုးအစားများ folder ပြန်ခွဲနိုင်ပါတယ်။

Message မှာ contact photos ထည့်သွင်းခြင်း (Contact photos in Messages)

အရင်က iPhone 6 Plus မှာ သာ ရနိုင်ပါတယ်။ နောက်ပိုင်း ယင်း contact photo bubble လေးတွေ iPhone အားလုံးမှာ ရရှိနိုင်မှာဖြစ်ပြီး SMS ပေးပို့ခြင်း ပိုမိုလွယ်ကူစေပါလိမ့်မယ်။

Font အသစ် (New font)

Helvetica Neue font ကို မသုံးတော့ဘူးဆိုတဲ့ သဘောတူညီချက် မလုပ်ခဲ့ပေမယ့် ခလုတ်တွေအားလုံး San Francisco font သစ်ကို အသုံးပြုထားပါတယ်။

အရင်စက်ဟောင်းများနဲ့လည်း အသုံးပြုနိုင်ခြင်း (Compatibility with older devices)

အရင်စက်ဟောင်းများနဲ့ပဲ ကျေနပ်တင်းတိမ်နေတဲ့ Apple ထုတ်ကုန် အသုံးပြုသူ ဘယ်သူမဆို ဖုန်း လေးလံနှေးကွေးသွားမှာ သို့မဟုတ် ဗားရှင်းသစ် upgrade မဖြစ်မနေ လုပ်နေရမှာ စိုးရိမ်စရာမရှိဘဲ iOS 9 ကို ဒေါင်းလုဒ်ဆွဲနိုင်မှာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top