Kantharyar Centre
×

Apple က မ်က္မွန္ထုတ္လုပ္ေရးအတြက္ လုိအပ္တဲ့ ကုန္ပစၥည္းေထာက္ပံ့ေပးႏုိင္မယ့္ လုပ္ငန္းေတြနဲ႕ ေဆြးေႏြးခ့ဲေၾကာင္း Bloomberg က ဆုိပါတယ္။

Apple ကုမၸဏီက နည္းပညာျမင့္ ဒစ္ဂ်စ္တယ္မ်က္မွန္မ်ား ထုတ္လုပ္သြားရန္ စဥ္းစားေနေၾကာင္း Bloomberg သတင္းက ေဖာ္ျပပါတယ္။ နည္းပညာျမင့္ဒစ္ဂ်စ္တယ္အသုံးအေဆာင္ ေစ်းကြက္ကုိခ်ဲ႕ထြင္မႈအျဖစ္ Apple Watch ထုတ္လုပ္ၿပီးေနာက္ Apple မ်က္မွန္ကုိလည္း ထုတ္လုပ္သြားရန္ စဥ္းစားေနတာ ျဖစ္ပါတယ္။


Apple က အဆုိပါ မ်က္မွန္ထုတ္လုပ္ေရးအတြက္ လုိအပ္တဲ့ ကုန္ပစၥည္းေထာက္ပံ့ေပးႏုိင္မယ့္ လုပ္ငန္းေတြနဲ႕ ေဆြးေႏြးခ့ဲေၾကာင္း Bloomberg က ဆုိပါတယ္။ Bloomberg မွာ ေဖာ္ျပမႈအရ Apple က နည္းပညာျမင့္မ်က္မွန္ စမ္းသပ္ထုတ္လုပ္ရန္အတြက္ လုိအပ္တဲ့ ပစၥည္ပမာဏအနည္းငယ္ကုိ မွာယူခဲ့ေၾကာင္း သိရပါတယ္။


Apple ကေတာ့ Bloomberg မွာ ေဖာ္ျပတဲ့သတင္းကုိ မွတ္ခ်က္ေပးရန္ ျငင္းဆန္ခဲ့တယ္လုိ႕ ဆုိပါတယ္။ Apple ဟာ နည္းပညာကုမၸဏီမ်ားအနက္ မ်က္မွန္ထုတ္လုပ္ရန္ ေနာက္ဆုံး စီစဥ္လာတဲ့ ကုမၸဏီလည္း ျဖစ္လာပါတယ္။ ယခင္က Alphabet က Google Glass နည္းပညာျမင့္ မ်က္မွန္ကုိထုတ္လုပ္ခဲ့ၿပီး ေနာက္ပုိင္းမွာ ထုတ္လုပ္မႈရပ္ဆုိင္းခဲ့ပါတယ္။

Google Glass နဲ႕ ပတ္သက္တဲ့ ဆုိ႐ွယ္မီဒီယာအေကာင့္ကုိလည္း ယခုႏွစ္ အေစာပုိင္းမွာ Alphabet က ဖ်က္သိမ္းခဲ့ပါတယ္။ Googel Glassကုိ၂၀၁၂ခုႏွစ္စတင္မိတ္ဆက္ခဲ့စဥ္က ေရပန္းစားခဲ့ေပမဲ့ ေနာက္ပုိင္းမွာ ဗီဒီယုိခုိး႐ုိက္ျခင္းကဲ့သုိ႕ ကုိယ္ေရးကိုယ္တာ လုံၿခဳံမႈထိခိုက္ႏုိင္တဲ့ ေဝဖန္မႈေတြ ထြက္ေပၚခဲ့ပါတယ္။ အြန္လုိင္းသုံးသူေတြၾကား ေရပန္းစားေနတဲ့ Snapchat App ကလည္း ဗီဒီယုိ႐ုိက္ကူးႏုိင္တဲ့ မ်က္မွန္ကုိ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း စတင္မိတ္ဆက္ခဲ့ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lwin Pyin

#Unicode Version
Apple က မျက်မှန်ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ကုန်ပစ္စည်းထောက်ပံ့ပေးနိုင်မယ့် လုပ်ငန်းတွေနဲ့ ဆွေးနွေးခဲ့ကြောင်း Bloomberg က ဆိုပါတယ်။

Apple ကုမ္ပဏီက နည်းပညာမြင့် ဒစ်ဂျစ်တယ်မျက်မှန်များ ထုတ်လုပ်သွားရန် စဉ်းစားနေကြောင်း Bloomberg သတင်းက ဖော်ပြပါတယ်။ နည်းပညာမြင့်ဒစ်ဂျစ်တယ်အသုံးအဆောင် ဈေးကွက်ကိုချဲ့ထွင်မှုအဖြစ် Apple Watch ထုတ်လုပ်ပြီးနောက် Apple မျက်မှန်ကိုလည်း ထုတ်လုပ်သွားရန် စဉ်းစားနေတာ ဖြစ်ပါတယ်။


Apple က အဆိုပါ မျက်မှန်ထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ ကုန်ပစ္စည်းထောက်ပံ့ပေးနိုင်မယ့် လုပ်ငန်းတွေနဲ့ ဆွေးနွေးခဲ့ကြောင်း Bloomberg က ဆိုပါတယ်။ Bloomberg မှာ ဖော်ပြမှုအရ Apple က နည်းပညာမြင့်မျက်မှန် စမ်းသပ်ထုတ်လုပ်ရန်အတွက် လိုအပ်တဲ့ ပစ္စည်ပမာဏအနည်းငယ်ကို မှာယူခဲ့ကြောင်း သိရပါတယ်။


Apple ကတော့ Bloomberg မှာ ဖော်ပြတဲ့သတင်းကို မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ Apple ဟာ နည်းပညာကုမ္ပဏီများအနက် မျက်မှန်ထုတ်လုပ်ရန် နောက်ဆုံး စီစဉ်လာတဲ့ ကုမ္ပဏီလည်း ဖြစ်လာပါတယ်။ ယခင်က Alphabet က Google Glass နည်းပညာမြင့် မျက်မှန်ကိုထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ပါတယ်။

Google Glass နဲ့ ပတ်သက်တဲ့ ဆိုရှယ်မီဒီယာအကောင့်ကိုလည်း ယခုနှစ် အစောပိုင်းမှာ Alphabet က ဖျက်သိမ်းခဲ့ပါတယ်။ Googel Glass ကို ၂၀၁၂ ခုနှစ် စတင်မိတ်ဆက်ခဲ့စဉ်က ရေပန်းစားခဲ့ပေမဲ့ နောက်ပိုင်းမှာ ဗီဒီယိုခိုးရိုက်ခြင်းကဲ့သို့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုထိခိုက်နိုင်တဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ အွန်လိုင်းသုံးသူတွေကြား ရေပန်းစားနေတဲ့ Snapchat App ကလည်း ဗီဒီယိုရိုက်ကူးနိုင်တဲ့ မျက်မှန်ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စတင်မိတ်ဆက်ခဲ့ကြောင်း သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Lwin Pyin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top